သိုက်ကြိုးဖြတ်ခြင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here
စာမပေါ်သူများအတွက် ဦးစားပေးရေးသားလိုက်သော
   သိုက်ကြိုးဖြတ်ခြင်း
ဇာတ်လမ်း အတို
(ဖြစ်ရပ်မှန်အား အခြေခံသည်)


ကျွန်တော် အိမ်ပေါ်ကိုပြေးတတ်လာခဲ့တယ်။ အဖေက ကျွန်တော့ကို နှုတ်ခမ်းနဲ့ လက်ညိုး ကပ်ပြီး
ရှုး…တိုးတိုး…
လို့ပြောလိုက်တယ်။သေချာပီ ဒါဆို အိမ်မှာ ပယောဂါလာကုသူ ရောက်နေပြီဆိုတာကိုပေါ့။ ကျွန်တော် ဘုရားခန်းကို လှမ်းကြည့်လိုက်တယ်။ ထမီအပွင့်လေးနဲ့အပေါ်ယဉ်ဖုံး အကျီ င်္လေးကို ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက်နှင့် အတူ အသက် ၅၀ အရွယ် ဦးလေးတစ်ယောက်နဲ့ သူမိန်းမလို့ ထင်ရတဲ့ အဒေါ်ကြီးတစ်ယောက်က ဖေဖေနဲ့အတူ ဘုရားခန်းထဲမှာ ရှိနေတော့သည်။ ဖြေးဖြေးလေး ကျွန်တော် လျောက်သွားလိုက်တယ်။ အဖေနဲ့အတူ အဖေ့ တပည့်နှစ်ယောက်လဲ ဘုရားခန်းထဲမှာ ရှိနေတယ်။ ညင်ညင်သာသာလေးပဲ သူတို့အနီးမှာ ကျွန်တော် ထိုင်လိုက်တယ်။
ကဲ…ပြောပါဦး …ဘာဖြစ်ကြတာလဲ
အဖေက ခေါင်းရင်းမှ မိန့်မိန့်ကြီးထိုင်ပြီး ထိုသူ ၃ယောက်ကို မေးလိုက်တော့
သမီးလေးပါ…ဆရာ…
ဟုတ်ပါတယ် …ဆရာ…သမီးလေးက ညနေဆောင်းပြီးဆိုတာနဲ့ လွမ်းသလိုလို ဆွေးသလိုလိုဖြစ်ပြီး ငိုငိုနေတယ်ဆရာ…
အင်း…ချစ်သူ…ရည်စားတွေနဲ့များ…
ဟုတ်ကဲ့ဆရာ ကျမတို့လဲ ရည်းစားနဲ့ပျက်တယ်ထင်လို့ မေးခဲ့ပါသေးတယ် …သမီးလေးက အိမ်ထဲက အိမ်ပြင်လဲ မထွက်တတ်ပါဘူး စုံးစမ်းကြည့်တော့လဲ ချစ်သူမရှိပါဘူး…
အင်း…
အဖေက မိန်းကလေးကို ကြည့်လိုက်ပြီး ညင်းထွားလိုက်တယ်။ ပြီးတော့ ခပ်ပြုံးပြုံး သမီး…ဆရာ့ကို ကြည့်ပါဦး…
မိန်းကလေးကို အဖေက ပြောလိုက်တယ် ဒါပေမယ့် မိန်းကလေးဟာ ညိုမှိုင်းနေတဲ့ မျက်နှာ နဲ့ခေါင်းကိုသာ ငုံထားတော့သည်။
သမီး…ဆရာ့ကို ကြည့်ပါဦး…သမီး ဘဟ်သူ့ကို သတိရနေတာလဲ…
သမီး …ဆရာမေးတာ …ဖြေလိုက်ဦးလေ…
သူ့မိခင် အန်တီကြီး ပြောမှ မိန်းကလေးဟာ
သ…သမီး…မ…မသိဘူး…ဆရာ …စိတ်ထဲမှာ…တစ်ယောက်ယောက်ကို လွမ်းနေသလိုကြီး…
ဟုတ်ပြီ…နောက်တော့ရော ဘယ်လို ဖြစ်သေးလဲ…
နောက်ပြီး …သမီး…သမီး…ငိုချင်လာတယ်…
…သမီးလေးကို ကုပေးပါဆရာရယ်…ကျမတို့အတွက် ချစ်စရာဆိုလို့ ဒီသမီးလေးတစ်ယောက်တည်း ရှိတာ သမီးလေးက အခုလိုဖြစ်နေတော့ ကျမတို့ လင်မယား နှစ်ယောက်လုံး ဝမ်းနည်းနေရပါတယ်…
အဖေ ခေါင်းလေး တစ်ငြိမ့်ငြိမ့်လုပ်နေလျက်
ခင်ဗျား…သမီးက …သိုက်စွဲရှိနေတယ်…
ရှင်…ဟုတ်…ဟုတ်မယ်…ဆရာ…
သမီးလေးကို …ကိုယ်ဝန်ရှိတုန်းကဆို ကျမ ညတိုင်းလိုလို အိပ်မက်မက်တယ် …နန်းတော်ကြီးလိုမျိုး အဆောင်ယောင်တွေနဲ့ နေရာကို ခဏခဏရောက်တယ်လို့မက်တယ်ဆရာ…အဲ့က ဘုရင်လိုလို လူကြီးတစ်ယောက်က ကလေးလေးတစ်ယောက် ကျမဗိုက်ထဲကို ထည့်ပေးတယ်လို့ မက်လို့ ဗေဒင်သွားမေးခဲ့သေးတယ်…ဗေဒင်ဆရာက သမီးလေးကို သိုက်ကလာမှာလို့ ပြောတယ်…
ဟုတ်ပါပြီ…ကျွန်တော် ဒီရောဂါ ပျောက်အောင် ကုသပေးမယ်…ဆို ခင်ဗျားတို့ လင်မယားနှစ်ယောက် ကျေနပ်မလား…
ဟာ…ဆရာရယ် …ဆရာ့သတင်းကို ကြားလို့ ဆရာ့ဆီ အားကိုပြီး ရောက်လာတာပါ သမီးလေးသာ နေပြန်ကောင်းလာမယ်ဆိုရင် ကျမတို့ ဘာပဲလုပ်ပေးရ လုပ်ပေးရပါ…
ကဲ…မောင်ထူး…ဘုရားမီးတွေ ထွန်းကွာ…မြင့်ထွန်း မင်းကတော့ အမွှေးတိုင်တွေ ထွန်းလိုက်…
ဟုတ်ကဲ့…ဆရာ…
အဖေက သူ့တပည့်နှစ်ယောက်ကို လိုရာစေခိုင်းလိုက်တော့သည်။
ကဲ…သမီးက အရှေ့နည်းနည်းတိုးတိုး…
ဘာနေ့သမီးလဲ…
စနေ သမီးပါဆရာ…
ဟုတ်ပြီ…စနေ့သမီးရဲ့ အသတ်နဲ့ ခန္ဓာကိုယ် ဆရာ့ကို အပ်နော်…
ဟုတ်…အပ်ပါတယ်…
အဖေ ဘုရားကန်တော့လိုက်တယ်…။ မိန်းကလေးကို အရှေ့တိုးခိုင်းလိုက်ပြီး
အပြင်ဘက်ကို ခြေနှစ်ဖတ် စင်းခိုင်းလိုက်လေတော့သည်။
ဘုရားငါးဆူနှင့် တကွ အဖဆရာကြီးများ၏ အမိန့်အာဏာကို နာခံစေရမည်…ဒီစနေ သမီးကို နှောက်ယှက်ပေးနေသော အပ ပယောဂါများ ရှိရင် ခြေထောက် လေးထားစမ်း…ကြွမရစေနဲ့…မ ကြည့် သမီး…
ဒီလိုပြောပြီး ခြေထောက် စင်းထားတဲ့ မိန်းကလေးကို ခြေတစ်ဖတ်ချင်း မ ကြည့်ခိုင်းလေတော့သည်။
သာသာယာယာပါပဲ မိန်းကလေး မ နိုင် ခဲ့တယ်။
ဒီ စနေ သမီးကို နှောက်ယှက်နေသော သူသည် ရှေးဘဝမှ တော်ဆက်ခဲ့သော ဆွေတော် ရှစ်သောင်း မျိုးတော်အပေါင်းတွေ အထဲကဆို လေးထားစမ်းကွာ လုံးဝ ကြွမရစေနဲ့…
မာန်ပါပါ လေသံဖြင့် အဖေက ကြမ်းပြင်ကို တစ်ချက် ရိုက်လိုက်ခါ နောက်တစ်ဖန် ခြေထောက်ကို ထပ် မ ခိုင်းပါတော့သည်။
ငါတို့ …နှောက်ယှက်နေတာ မဟုတ်ဘူး…
ထိုအချိန်မှာပဲ မိန်းကလေးဟာ လေသံမာမာ အသံဖြစ် ပြောလေတော့သည်။
ဘုရား…ဦးတိုက်စမ်း…ဟေ့…ငါဆရာပြောနေတယ်လေ …
အဖေက မိန်းကလေးကို အမိန့်ပေးသော လေသံဖြင့် ဘုရားကန်တော့ခိုင်းနေသည်ကို ပေကပ်ကပ်လုပ်နေပါတော့သည်။
ပြောနေတာ …မရဘူးလား…အာခံချင်တာလား…
မဟုတ်ပါဘူး…ငါတို့က နှောက်ယှက်နေတာ မဟုတ်ပါဘူး…ဒါ ငါတို့ ညီမလေး …ငါတို့ သူ့ကိုလာပြန်ခေါ်တာ…
အောင်မာ…မခန့်လေးစားနဲ့ မင်းကဘယ်သူလဲ…မင်းအရှေ့မှာ ရှိနေတာ ဆရာနော် …ကြည့်စမ်း မင်းတွေ့ဘူးတဲ့ ဆရာတွေနဲ့တူသလား…ငါ လို့မပြောနဲ့ မင်းက ယောကျားလား မိန်းမလား…
မိန်းမ…
ဒါဆို ကျမလို့ပြော…မင်းက နှောက်ယှက်နေတာလား…
မဟုတ်ဘူး…ဒါ ကျမတို့ညီမလေး သူ့ကိုလွမ်းလွန်းလို့ အစ်ကိုကြီးက လာပြန်ခေါ်တာ…
မင်းတို့ ခေါ်လို့ရမယ် ထင်လား…
ရတယ်…
ကောင်းပြီလေ…ဒါဆို မင်းတို့ငါ့ကို ကျော်နိုင်မှ ဒီမိန်းကလေးကို ခေါ်ပေါ့…
ရတယ်…
မိန်းကလေးက မျက်လုံး မဖွင့် အံကိုကြိတ်ခါ အဖေ့ကို ပြန်ပြောနေသည်က မာန်ပါပါ
အဖေ ထိုင်နေရာမှ ထ လိုက်ပြီး
ကဲ…ငါ့ကို ကျော်စမ်း…
မလုပ်ပါနဲ့…ဆရာရယ် …ဆရာကို ကျမ မကျော်နိုင်ပါဘူး…ဆရာ့ သံလျက် ပြန်ထားလိုက်ပါ…
ဘုရားစင်ပေါ်မှ အမွှေးတိုင်တုတ်လေးကို အဖေကိုင်ပြီး မိန်းကလေး နံဖူးကိုထောက်လိုက်တော့သည်။ အားလုံးနဲ့အတူ ကျွန်တော်တို့မြင်နေရသည်က အမွှေးတိုင် ထိုမိန်းကလေးက သံလျက်လို့ ပြောနေလျက်
မင်း မကျော်နိုင်ဘူးဆိုတော့ ငါ့ကို ကျော်နိုင်တဲ့သူ ရှိတယ်လို့ ဆိုလိုချင်တာလား…ပြောလေ…
မသိပါဘူး…
ဘာမသိတာလဲ…
ကျမတို့မှာ အစ်ကိုကြီးတစ်ယောက်ရှိပါသေးတယ်…ကျမက [    ]ရပ်ကွက်၊ [      ]မှာ နေခဲ့တာပါ ကျမ သေသွားတာ သိပ်မကြာသေးပါဘူး …အစ်ကိုကြီး ကိုယ်တိုင် လာခေါ်သွားခဲ့တာ…ဒါကြောင့် ညီမလေးကိုလဲ …အစ်ကိုကြီးပဲ လာခေါ်နိုင်မယ် ထင်ပါတယ် …
ဒါဆို…မင်းတို့အစ်ကိုကြီးဆိုတာကို ငါတွေ့ချင်တယ်…ရမလား…
ရပါတယ်…
ကောင်ပြီ…
မိန်းကလေး ခဏငြိမ်ကျသွားခဲ့တယ်။ ပြန်လှုပ်လာတဲ့အချိန်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့မိန်းကလေးဟာ ရှေးဆန်ဆန် ယောကျားကြီးတစ်ယောက်ရဲ့ပုံသဏ္ဍန်ဖြစ်သွားတော့သည်။
မင်းရောက်လာပြီလား…
ရောက်ပြီ…
မင်းလေသံ…သိပ်မကြိုက်ဘူး…
ရောက်လာပါပြီ…
မင်းက ဒီလိပ်ပြာရှင်ကို ပြန်ခေါ်မလို့လား…ခေါင်းမငြိမ့်နဲ့ပါးစပ်ကပြော…
ဟုတ်တယ်…
ငါ့ကိုကျော်နိုင်ရင်တော့ ပြန်ခေါ်သွား
ဆရာကို မကျော်နိုငိပါဘူး…ဒါပေမယ့် ညီမလေးကို ပြန်ခေါ်ချင်တယ်…
ဒါဆိုလဲ အစတည်းက ဘာလို့လွှတ်လိုက်သေးလဲ…ဒီဘဝမှာ သံယော်ဇဉ်တွေ ဖြစ်နေပြီ…မင်းတို့ပြန်ခေါ်ချင်တိုင်း ခေါ်ဖို့ မလွယ်ဘူးနော်…
ကျုပ်…မလွှတ်ချင်ပါဘူး…ညီမလေးက လူ့ပြည်ကို အလည်လာချင်တယ်ဆိုပြီး ငိုနေတာ ၄၅ ရက်တောင်ကြာတယ်…ညီမလေးငိုတော့ ကျုပ်တို့မောင်နှမတွေ စိတ်မချမ်း မသာဖြစ်လို့ လူ့ပြည်ကို ၁၉နှစ် တည်းနေဖို့ ခွင့်ပြုပေးခဲ့တာ…
ဒါဆိုအခု…ငါက မိန်းကလေးကို မင်းတို့နဲ့ပြန်မထည့်ဘူးဆိုရင်ရော
ခတ်ထန်မာကျောလှတဲ့ မျက်လုံများနဲ့ ယောကျာ်းအသွင်နဲ့ မိန်းကလေးဟာ ခါးမှာ အသင့်ပါလာတဲ့ ဓါးအရှည်ကို ဆွဲထုတ်သော ဟန်ဖြင့်လုပ်လေတော့သည်။
ဟေ့ကောင် …မင်း…ဓါးကို ပြန်သိမ်းလိုက်စမ်း…မင်းက ငါနဲ့ယဉ်ချင်လို့လား…မင်း ပြာဖြစ်သွားမယ်နော်…
မယဉ်နိုင်ပါဘူး …ဒါပေမယ့် ကျုပ်ကစိတ်ကြီးတယ်…
မင်း…စိတ်ကြီးတယ်ဆိုတာ ငါ့အတွက်တော့ မထူးဆန်းဘူး …ကဲ…မင်းဓါးပါလာတယ် မဟုတ်လား…မင်း ငါ့ကိုခုတ်လို့ ရမယ်ထင်ရင်…ခုတ်စမ်း……
မာန်ပါလှသော အာဏာစက်ဖြင့် အဖေကပြောလေတော့သည်။ ထိုအခါ ယောကျာ်းအသွင် ဖြစ်နေတဲ့မိန်းကလေးက မာန်ကိုလျော့ပြီး
ကျုပ်…ဆရာ့ကို မယဉ်ရဲပါဘူး…ကျုပ်ညီမလေးကို အရမ်းသတိရလွန်းလို့ ပြန်လာခေါ်တာပါ…ကျုပ်တို့လူဘဝတုန်းက မောင်နှမ ၃ယောက်ရှိတယ်…ကျုပ်ရယ်…ညီမလေး နှစ်ယောက်ရယ်ပါ…ကျုပ်ညီမလေးတွေကို ကျုပ် အရမ်းချစ်ပါတယ်…ကျုပ်ညီမလေးတွေ အရွယ်ရောက်လာတော့ ဘုရင်က တော်ကောက်မလို့ပြောတယ်…ဒါပေမယ့် ကျုပ် ညီမလေးတွေဟာ ကျုပ်မျက်စိအရှေ့မှာတော့ ကလေးတွေပဲရှိသေးတော့ ဘုရင့်ကို မပေးနိုင်သေးဘူး…ဒါကြောင့် ညီမလေးနှစ်ယောက်ကို တောထဲပြေးခိုင်းလိုက်တယ်။ ဘုရင်က ကျုပ်တို့ မောင်နှမ သုံးယောက်လုံးကို မြေလှန်ပြီး လိုက်ရှာတော့ ညီမလေးနှစ်ယောက်ကို အရှေ့ကပြေးခိုင်းလိုက်တယ်…ကံဆိုးလှတဲ့ ညီမလေးနှစ်ယောက်ဟာ…ပြေးလွှားရင်း ချောက်ထဲချသွားခဲ့တယ်…ကျုပ်လဲ…ချောက်ထဲ လိုက်ဆင်းပြီး သူတို့နဲ့အတူ ကိုယ့်ကိုကိုယ် သက်သေခဲ့ပါတယ်…ကျုပ်တို့ မသေခင် အချိနိပိုင်းလေးမှာ ရွှေတွေအပြည့်ရှိတဲ့ စဥ့်အိုးကြီး ၃လုံးကို တွေ့ခဲ့ရတယ်…ဒါနဲ့ကျုပ်တို့လဲ…နောင်ပွင့်လာမယ့် ဘုရားကို လှူမလို့ အခုထိစောင့်နေခဲ့တာပါ…အခု ကျုပ်တို့မောင်နှမနှစ်ယောက် ညီမလေးကို လွမ်းလွန်းလို့ လာပြန်ခေါ်တာ…´´
ထိုမိန်းကလေးက အဖေ့ကို ငိုပြီးပြောနေပုံက သနားစရာပါ။ အဖေကတော့ မျက်နှာထားကို တင်းမာထားလျက်
အော်…မင်းတို့ အကြောင်းကလဲ စိတ်မကောင်းစရာပါလား…
ဟုတ်ပါတယ် …ဆရာ…ပြန်ထည့်ပေးပါနော်…
ထိုအကြောင်းကို နားထောင်နေကြသည့် သူ့မိဘနှစ်ပါးအထဲမှ မိန်းကလေး ဖခင်ဖြစ်တဲ့ ဦးလေးကြီးဟာ…
ပြန်ထည့်ပေးလိုက်ပါ…
ရုတ်တရက် ပြောလိုက်တော့ အဖေက
တိတ်စမ်း…ဘာလို့ပြန်ထည့်ပေးရမှာလဲ…ငါ့အိမ်ခြံစည်းရိုး အတွင်းသို့ ငါ့ခွင့်ပြုချက်မရပဲ…မည်သူ တစ်ဦးတစ်ယောက်မှ ဝင်နိုင် ထွက်နိုင်ခြင်း မရှိစေရ…
မိန်းကလေး ဖခင်ပြောလိုက်သည့် စကားနှင့်ဆက်ခါ အဖေက အိမ်ဝိုင်းအတွင်းသို့ပါ စည်းချထားလိုက်တော့သည်။ မိန်းကလေး၏ ဖခင်အား တစ်ဦးတစ်ယောက်က ဝင်ပြောဆိုသွားဟန်ဖြစ်သောကြောင့်
အော်…ဒါနဲ့…အခု မင်းငါ့ဆီကို လာတာ ဘယ်သူတွေ ပါလာသေးလဲ…
ကျုပ်မြင်း ပါလာတယ်…ကျုပ်မြင်းကို ခြံထဲ မဝင်ခိုင်းလို့ ခြံအပြင်မှာပဲ ချည်ထားခဲ့တယ်…ဆရာ့ …ခြံရှေ့က အစောင့်တွေကို ပြောထားပါဦး…ကျုပ်မြင်းကို ရန်မရှာဖို့…
စိတ်ချ …အခု မင်းနဲ့အတူ ဒီမိန်းကလေးကိုတော့ ငါလုံးဝ လုံးဝ ပြန်မထည့်ပေးနိုင်ဘူး…
မ…မလုပ်ပါနဲ့…ဆရာရယ်…
ဟေ့…ငါ့အာဏာဆက်ကို မင်းကျော်နိုင်ပါ့မလား…
မကျော်နိုငိပါဘူး…
ဒါဆို မင်း ငါ့စကားကို နာခံရမယ်…
အဖေ့စကားကြောင့် ထိုမိန်းကလေးမှာ ရှိက်ကြီး တစ်ငင်ငင်ဖြင့် ငိုပါတော့သည်။
ဟေ့…ငိုမနေနဲ့…
အဖေ့ စကားကြောင့် မိန်းကလေးမှာ ဆက်မငိုတော့ပဲ ပါးပေါ်က မျက်ရည်များကို ဘယ် ညာ သုတ်လိုက်တော့သည်။
ဒီ မိနိးကလေးကို ငါတို့ နောင် နှစ်ပေါင်း ၄၀ အထိ သက်တမ်း တိုးတယ်…မင်းကျေနပ်လား…
အံကို ကြိတ်လိုက်သည်။ ခါးကို မတ်ပြီး ဒေါသဖြစ်သော ဟန်ဖြင့် ခေါင်းကို ငြိမ့်နေလျက်
မင်းကျေနပ်တယ်ပေါ့ …ခေါင်း မငြိမ့်နဲ့ပါးစပ်ကပြောစမ်း…
အားမတန်လို့…မာန်လျော့လိုက်တယ်…ကျေနပ်တယ်…
အောင်မာ…မင်းဒီလို လွယ်လွယ်ပြောလို့မရဘူး သစ္စာရေ သောက်ရမယ်…ဘုရားမှာ သစ္စာဆိုပြီး သစ္စာရေ သောက်ရမယ်…
အဖေ့စကားကြောင့် မိန်းကလေးဟာ ထပ်ငိုနေပါတော့သည်။
ဟေ့ယောင် ငိုမနေနဲ့ မင်း အခု ဘုရားမှာ သစ္စာဆိုပြီး သစ္စာရေကို သောက်ပြီးမှ မင်းကို ငါပြန်ခွင့်ပြုမယ်…
ဘုရားရည်ချမ်းခွက်ကို ယူခါ အထက်ဆရာကြီးများကို တိုင်တည်လိုက်ပြီး ကဲ…ရော့…ရေခွက်ကို ကိုင်ထား…ငါ့နောက်က လိုက်ဆို …လိမ်ရင် ညာရင် မင်း စင်္ကြာဝဏ္ဍာ တံတိုင်းအပြင်ဘက်သို့ ရောက်သွားစေရမယ်…
ဆရာ့ကို မလိမ်ရဲပါဘူး…
ကဲ…လိုက်ဆို…¥€®©+^[£]^_
အဖေ အရှေ့မှ တိုင်ပေးသွားသော သစ္စာစကားများကို လိုက်ဆိုလေတော့သည်။
ကဲ…ရော့ …သောက်…
ဒီလိုတော့ လွယ်လွယ်မသောက်နိုင်ဘူး…ကျုပ်နဲ့အတူ ဆရာလဲ သစ္စာရည်သောက်ရမယ်…အကယ်၍ဆရာလဲ ဒီပညာတွေအပေါ် သစ္စာဖောက်ခဲ့ရင် ကျုပ် ဆိုခဲ့တဲ့ သစ္စာတွေအတိုင်း ဖြစ်ရမယ်…
အဖေက
ငါ့ပညာတွေ အပေါ်ငါသစ္စာရှိတယ်…မင်းလဲ မင်း ဂတိအတိုငိးတည် ငါလဲ တည်တယ်…
မရဘူး…ကျုပ်နဲ့အတူ သစ္စာရှည် တစ်ဝက်သောက်ပြောမှ ရမယ်…
ရတယ်လေ…သောက်တာပေါ့…
အဖေကား သစ္စာရေ တစ်ဝက်သောက်လိုက်ခါ ကျန်တစ်ဝက်ကို မိန်းကလေးအား တိုက်လိုက်ပါတော့သည်။
ကျုပ်ကို ခွင့်ပြုဦး…
နေဦး…မင်း ဒီမိသားစုကို ထပ်ပြီး နောက်ယှက်ရင် မင်းဆိုထားတဲ့ သစ္စာကိုသိတယ်နော်…
သိပါတယ်…ကျုပ် ဂတိ ကျုပ်တည်ပါတယ်…ဆရာလဲ ဂတိတည်ပါ…
ဘုရားဦးသုံးကြိမ်တိုက်ခါ ထိုသူထွက်သွားပါတော့သည်။ မိန်းကလေးမှာ ဘာမှ မသိ ကြောင်တောင်တောင် ဖြစ်နေကာ ဟိုကြည့် ဒီကြည့် ဖြစ်လျက် အနီးရှိသူမ၏ မိဘနှစ်ပါးအား ရွှင်လန်းနေသော မျက်နှာထားဖြင့် ပြုံးပြလိုက်လေတော့သည်။
စာရေးသူ-ထီးကလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages