ပရလောကမှ ဂီတာလေးရဲ့ ပိုင်ရှင် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ပရလောကမှ ဂီတာလေးရဲ့ ပိုင်ရှင်

Share This
စာမပေါ်သူများအတွက် ဦးစားပေး ရေးသားလိုက်သော 
         ပရလောကမှ ဂီတာလေးရဲ့ ပိုင်ရှင် 
              (ပရလောက ဖြစ်ရပ်ဆန်းများ)
စာရေးသူ- ထီးကလေး။
(ရင်နှင့် ရင်း၍ ရေးသည်။)




တစ်နေ့သ၌ ကျွန်ုပ်၏နေအိမ်သို့ မဆုံတာကြာပြီဖြစ်သည့် အိမ်နီချင်း သူငယ်ချင်းတစ်ဦး စိုက်မြိုက်စွာ ရောက်လာခဲ့ချေသည်။ သူ၏လက်ထဲတွင် ဂီတာအဟောင်းတစ်လုံးအား ဆွဲကိုင်လျက် ကျွန်ုပ်ရှိရာ ထိုင်ခုံနံဘေးသို့ ဝင်ရောက် ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်သည်။
     ဘာဖြစ်လာတာတုန်း
    မင်းကို ဂီတာ လာရောင်းတာ ငါလဲ အလုပ်မအားတာနဲ့ မင်းဆီတောင် မလာဖြစ်တာ ကြာနေပြီ ဒီနေ့ အလုပ်အားတာနဲ့ မင်းဆီကို အလည်လာရင်း ဒီဂီတာပါ ရောင်းမလို့
    ငါ့ကို ရောင်းမလို့ ဟုတ်လား ဟာကွာ ငါမှ ဂီတာ မတီတတ်တာ မဝယ်ပါဘူး ပေါက်ပေါက်ရှာရှာ တစ်ခြားမှာ သွားရောင်းချည်
      ဝယ်ထားလိုက်ပါကွာ မင်းမှ မဝယ်ရင် ဘယ်သူ့မှ ဝယ်မှာ မဟုတ်ဘူးကွ ငါလဲ ဝယ်စရာရှိလို့ ပိုက်ဆံ နည်းနည်းလိုနေတာနဲ့ မရှိ ရှိတာလိုက်ရောင်းနေတာ ပြီးတော့ မင်းဂီတာ မတီးတတ်ဘူးဆိုတာလည်း ဂီတာမရှိလို့ မတီးတတ်တာ မင်းမှာသာ ရှိမယ်ဆိုရင် တီးတတ်သွားမှာပေါ့ ဝယ်ထားလိုက်ပါကွာ
      ဝယ်တာတော့ ဟုတ်ပါပြီ ဘယ်လောက်လဲ မင်းဟာက အဟောင်းကြီးနော်
       အေးပါကွ ခုနှစ်ထောင်ပဲပေး
      ဘာ ခုနှစ်ထောင် သွားသွား တစ်ခြားမှာ သွားရောင်းလိုက်တော့
       ဘာဖြစ်လို့လဲ ဈေးနည်းသွားလို့လား
       အေးလေ တစ်သောင်းခွဲလောက်ဆို မဆိုးဘူး ဟာကွာ လာနောက်မနေနဲ့ မဝယ်နိုင်ဘူး ဟေ့ယောင် ဈေးကြီးတယ် အသစ်သွားဝယ်ရင်တောင် တစ်သောင်းလောက်နဲ့ ရတယ်။ လေးထောင်ရရင်တော့ ယူထားလိုက်မယ် ငါလည်း တီးတတ်တာမဟုတ်ဘူး မင်းပြောသလို ဂီတာ မရှိလို့မတီးတတ် မတတ်လို့မရှိ ဖြစ်နေမှာဆိုးလို့ ပိုက်ဆံမရှိတဲ့ ကြားထဲကနေ ဝယ်ရမှာ
        ဟာကွာ လေးထောင်တော့ မလုပ်ပါနဲ့ကွာ ငါးထောင်တော့ပေး ပြီးရင် ငါ့အသိတစ်ယောက်နဲ့ မိတ်ဆတ်ပေးပြီး မင်းကို ဂီတာတီးပါ သင်ပေးမယ် ဘယ်လိုလဲ
       ဒါတော့ နည်းနည်းစိတ်ဝင်စားတယ် မင်းက တစ်ခါမှ အိမ်မှာရှိတဲ့ ကောင်မဟုတ်ဘူး ငါက ဂီတာတီ ဘယ်မှာ သွားသင်ရမတုန်း…
        စိတ်ချပါကွ ညကျရင် လမ်းထိပ် အုတ်ခုံကို လာခဲ့ အဲ့မှာ ငါ့ဘော်ဒါရှိတယ် မင်းကို သူသင်ပေးလိမ့်မယ် ဖြစ်မလား…
       နည်းနည်းပါးပါး တီးတတ် ခေါက်တတ်ယုံလောက်လေး တတ်ရင်ပဲ တော်ပါပြီကွာ…ငါးထောင်တော့ ပေးလိုက်မယ် ဒါပေမယ့် မင်းပြောသလို ဂီတာတီးတော့ သင်ပေးရမှာနော်
       စိတ်ချ စိတ်ချ
သို့နှင့် ထိုဂီတာအဟောင်းလေးအား ကျွန်ုပ်ဝယ်ထားလိုက်ချေသည်။ သူငယ်ချင်း ပြောသလို ညရောက်တော့ လမ်းထိပ်အုတ်ခုံလေးမှာ သူ့အသိတစ်ယောက်က ကျွုန်ပ်ကို ဂီတာသင်ပေးခဲ့သည်။ ထိုအချိန်က စပြီး ကျွန်ုပ်ဂီတာတီး စတင်တတ်မြောက်စေခဲ့ပြီ။ ဂီတာအကြောင်းတော့ နားမလည်ခဲ့ အသံကြောင်နေသည့် ထိုဂီတာအစုတ်လေးကိုသာ ညစဉ်တိုင်း စိတ်ထဲရှိသမျှ သံစဉ်များ ညည်းထွားလျက် လက်မှ စီးချက်မညီသည့် သံစဉ်များ တီးနေခဲ့သည်မှာ တစ်လကျော်မျှ ရှိချေခဲ့ပြီ။ တစ်နေ့ ကျွုန်ပ်၏ ဦးလေးတော်စပ်သူ အမေ့ အစ်ကိုကြီး အိမ်သို့ အလည်ရောက်လာလျက် ကျွုန်ုပ်ဂီတာလေးအား မြင်သည့်အခါ
    ငါ့တူကြီး မင်းဂီတာက စုတ်နေပြီ အသစ်ဝယ်ပြီး သေချာသင်လိုက်ပါလား
     မသင်ချင်ပါဘူး ဦးလေးရာ ကျွန်တော်က အပျင်းအပြေလေး တီးတာ
     ဒါတော့ ဒါပေါ့ကွ လူငယ်ဆိုတော့ နည်းနည်းပါးပါး တီးတတ်ခေါက်တတ်ထားတော့ ကောင်းတာပေါ့ မင်းလိုချင်တယ်ဆိုရင်တော့ ငါ့ဂီတာ တစ်လုံးတွေ့ထားတယ် ယူလာခဲ့မယ်
      အလကားရမယ်ဆိုရင်တော့ စိတ်ဝင်စားတယ် ဦးလေး ပေးမလို့လား…
      နေဦးကွ ငါမေးကြည့်လိုက်ဦးမယ် ဘယ်သူမှ မတီးဘူးဆိုရင်တော့ မင်းအတွက် ယူလာခဲ့မယ်
       ဘယ်တော့ယူလာမှာလဲ အခု ဦးလေးအိမ်ကို လိုက်ယူရမှာလား
      ဟာ မဟုတ်သေးဘူး မနက်ဖြန်ကျမှ ယူလာမယ် အခု ငါ့အိမ်မှာလည်း မရှိသေးဘူး အစတည်းက မင်းဝါသနာပါမှန်း သိရင် တောင်းထားတော့ ကြာပေါ့ မနက်ဖြန်မှ တောင်းပေးမယ် ရှိတောင် ရှိသေးရဲ့လား မသိဘူး
 ပြောပြောဆိုဆိုဖြင့် ဦးလေး တစ်ယောက် ကျွုန်ုပ်အား နှစ်သိမ့်သွားလေသလား မနက်ဖြန်ပေးမည်ဟု ဆိုကာ ကျွုန်ုပ်အား နှုတ်ဆတ်ထွက်ခွာသွားချေသည်။ နောက်တစ်နေ့ နေ့လည်ခင်းအချိန်၌ ဂီတာအဖြူလေး တစ်လုံးအား ဆွဲကိုင်လျက် ဦးလေး အိမ်သို့ ပြန်လည်ရောက်လာခဲ့သည်။ ကျွုန်ုပ်အား လက်ဆောင်ပေးသည်ဟု ဆိုလျက် အသစ်ဆက်ဆက် ထိုဂီတာလေးအား ပေးခဲ့သည်။ ဂီတာလေးမှာ ပန်းကနုတ်အမျိုးမျိုးဖြင့် အလှဆင်ထားလျက် အလွန်ပင် နှစ်သတ်ဖွယ်ကောင်းလှသည်။ အကောင်းဆုံးဟု ကျွုန်ပ်ထင်ထားခဲ့သော ငါးထောင်ဖြင့် ဝယ်ထားခဲ့သည့် ဂီတာလေးနှင့်တော့ တစ်ခြားစီပင်။ သံစဉ်ထွက်ပေါ်လာသည့် အသံမှအစ ကျွုန်ပ်သည်ပင်လျှင် ဂီတာတီ ပို၍ ကျွမ်းကျင်စွာ တတ်မြောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ အလွန်ပင် လက်ဆောင်အဖြစ် ပေးခဲ့သော ဦးလေးအား ကျေးဇူးတင်၍ မဆုံးနိုင်ပေ။
မတတ်တစ်ခေါက် လက်ကွက်ကလေးများဖြင့် ညအချိန် အိမ်ရှေ့ တန်းယားလေးတွင် သီချင်းဆို ဂီတာတီးပြုလုပ်လျက် တီးပြီးသည့်အခါတွင်လည်း အလွန်ပင်ကြိုက်နှစ်သတ်သောကြောင့် နမ်းရှိုက်မိလေသည်။ ဂီတာကို နမ်းလိုက်သည်နှင့် ခံစားလိုက်ရသည့် အနံသတ်ကား ညှီဆို့ဆို့ အနံ ။ သုတ်ထားသည့် ဆေးအနံမဟုတ်ချေ။ ကျွူန်ပ်အိပ်ယာ ခေါင်းရင်းတိုင်တွင် ထိုဂီတာလေးအား သေသပ်စွာ ထားပြီး အိပ်ချေခဲ့သည်။ ခြင်ထောင်ကြိုးဖြင့် ထိစပ်ခြင်းမရှိ ထိမိခိုက်မိခြင်းမရှိဘဲ တစ်စုံတစ်ယောက် ပုတ်ခတ်လိုက်သကဲ့သို့ ဂီတာမှာ အသံကျယ်လောင်စွာ ထွက်ပေါ်လာချေခဲ့သည်။ အိပ်နေသည့် မိသားစုနိုးသွားမည် ဆိုးသဖြင့် မျက်နှာအား ရှုံ့မဲ့လျက် အသံငြိမ်သွားစေရန် ကမန်းကတန်း လှမ်းကိုင်လိုက်တော့သည်။ ထိုနောက် စိတ်ချစွာ အိပ်မည်အလုပ် ခေါင်းအုံးပေါ် ခေါင်းချလိုက်စဉ်မှာပဲ ဂီတာအသံဟာ ပြန်လည် ထွက်ပေါ်လာချေခဲ့သည်။ အိပ်နေသည့် အဖေလန့်နိုးသွားလျက် ကျွုန်ုပ်အား ဆူပူမှု့များဖြင့် အိမ်ရှေ့အိပ်ထဲမှ စတင် ညည်းထွားချေတော့သည်။
       သား မင်းကလဲကွာ ဘယ်အချိန်ရှိနေပြီတုန်း မအိပ်သေးဘူးလား သူများတွေ အိပ်ကုန်ပြီလေ မင်းဂီတာသံက အကျယ်ကြီးပဲ ခြံထဲမှာ သွားတီးပါလား
       ဗျာ…ဟုတ် သားအိပ်ပြီ အဖေ ဂီတာကို ထိမိသွားလို့ အသံထွက်သွားတာ သားအိပ်ပြီ
ပြောပြောဆိုဆိုဖြင့် ဖွင့်ထားသည့် မီးချောင်းအား ကျွန်ုပ်ပိတ်လိုက်သည်။အိပ်ယာအပေါ် ကျောဆန့်လျက် အသက်အား ခပ်ပြင်းပြင်း ရှု့ရှိုက်လိုက်ပြီးနောက် ကျွုန်ုပ်အနားတွင် တစ်စုံတစ်ယောက် လာရောက် ထိုင်နေလေသလား တစ်စုံတစ်ယောက်၏ အနံ့သတ်များက ကျွုန်ပ်၏ အသက်ရှုလမ်းချောင်း နာခေါင်းအဝတွင်သာ လူတစ်ဦးတစ်ယောက် ကျွုန်ပ်နှင့် အတူရှိနေသည်ဟု စိတ်ထဲ၌ ထင်ထင်ရှားရှားခံစားမိချေသည်။သို့နှင့် လဲနေရာမှ ဆက်ခနဲ ထထိုင်မိလိုက်သည်။ ခေါင်းရင်းတိုင်တွင် ချိတ်ထားသော ဂီတာလေးအား မော့ကြည့်မိလိုက်ရာ မှောင်နေသည့် အချိန်တွင် အဖြူရောင် ဂီတာလေးက ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။စိတ်ထဲမွန်းကျပ်လာသည်ကြောင့် နောက်ဖေး အိမ်သာသို့သွားလျက် အပေါ့ပါးသွားပြီးနောက် အိပ်ခန်းထဲသို့ ပြန်လည် ဝင်လာခဲ့ရာ ဂီတာလေးအား ကြည့်မိလိုက်သည်နှင့် ထိုဂီတာလေးဘေးတွင် လူတစ်ဦးတစ်ယောက် မတ်တပ်ရပ်နေသည့် ဟန်အမူယာအား တွေ့လိုက်ရသည်။ ဦးခေါင်းမှ အစ ခြေဖျားအထိ မွှေးညင်းများ ထသွားကာ တစ်ဖျမ်းဖျမ်းဖြစ်လာခဲ့သည်။ ကြောင်တောင်တောင် ရပ်ကြည့်နေရာမှ သေချာစွာ ပြန်လည်ကြည့်လိုက်သည်နှင့် ဂီတာဘေးတွင် မည်သူမှ ရှိမနေ အခန်းဝအလင်းရောင်နှင့် ကျွုန်ပ်အခန်းအတွင်းသို့ အဝင်တွင် အရိပ်ပြန်လည် ထင်ဟပ်ခြင်းပင်လျင် ဖြစ်ချေမည်ဟု စိတ်ဖြေထားခဲ့သည်။ခြောက်ခြားသည့် စိတ်က လူကိုပင်ပန်းစေလေသလား အိပ်ယာပေါ် ကျွုန်ပ် ဘေးတစ်စောင်း မောဟိုက်လျက် လဲနေလိုက်တယ်။ ထိုအခါမှာလည်း ထိခိုက်မိခြင်းမရှိသည့် ဂီတာလေးဟာ တစ်စုံတစ်ယောက် ပြင်းထန်စွာ ပုတ်ခတ်လိုက်သည့် အသံများဖြင့် ညနက်နက်အချိန်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာချေသည်။ ထိုအသံအား ဒုတိယအကြိမ်ကြားလိုက်ရသည့် ကျွုန်ပ်၏ ဖခင်ဖြစ်သူမှာတော့ ကျွုန်ပ်အား ဆူပူပြန်ပါတော့တယ်။ မည်သည့်စကားမှ ပြန်မပြောတော့ပဲ အိပ်ယာလေးထဲမှာသာ ငြိမ်သတ်စွာ တစ်ယောက်တည်း နားနှင့် ကြမ်းပြင် ကပ်လျက် အခန်းအတွင်း တစ်စုံတစ်ယောက် လမ်းလျောက်နေသည့် အသံမျိုးအား ထပ်မံကြားနေရပြန်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများထလျက် ကြောက်စိတ်ဝင်လာလေသလား ကြောက်ကန်ကန်လျက် ကျွန်ုပ်၏နှုတ်မှ တောက်ခေါက်သံအား ပြင်းထန်စွာ ခေါက်မိလိုက်တော့သည်။
          သား မင်းဘာဖြစ်နေတာတုန်း
အဖေ မေးနေသည့် စကားတို့ကို ကျွုန်ပ်ပြန်မဖြေနိုင် သရဲခြောက်လေသလားဟူ၍ စိတ်ထဲ၌ အတွေးများဝင်လာလေသည်။ ကျွုန်ုပ်နှုတ်မှ တောက်ခေါက်လိုက်သည့် အချိန်မှစပြီး မည်သည့်အသံများမှ မကြားရတော့ချေ။ သို့နှင့် စိတ်ချစွာ တည်ငြိမ်သော စိတ်အား မွေးလျက် နောက်ကျောမလုံစွာဖြင့် ကျွုန်ပ်အိပ်မောကျရန် စတင်လာခဲ့ချိန်တွင် ကျွုန်ပ်၏ နားအတွင်း၌ အဆိုတော် ဇော်ဝင်ထွဋ်၏ သီချင်းသံ သဲ့သဲ့လေးများ ကြားနေခဲ့ရသည်။အချိန်ကား မနက်၃ နာရီကျော်နေခဲ့ပြီ။၁၁ နာရီ ခွဲကျော်ကတည်းမှ ကျွုန်ပ်အိပ်မည် ပြုလုပ်နေသော်လည်း ယခုအချိန်ထိ ကောင်းစွာ အိပ်မပျော်နိုင် တစ်မျိုးမဟုတ် တစ်မျိုးဖြင့် ခြောက်ခြားမှု့များ ဖြစ်ပေါ်နေခဲ့သည်။ သို့နှင့် ကျွုန်ပ်အိပ်ခန်းအတွင်းမှ စောင်နှင့် ခေါင်းအုံးအား ဆွဲလျက် ညီဖြစ်သူ အိပ်ခန်းအတွင်းသို့ ဝင်ရောက်အိပ်ခဲ့ရလေသည်။ မနက်လင်းသည်နှင့် ထိုဂီတာလေးအား ဆွဲကိုင်လျက် ဦးလေး နေအိမ်သို့ ကျွုန်ုပ်ဦးတည်လျက် ထိုဂီတာလေး အကြောင်းအား မေးမြန်းရန် ဦးလေးနေအိမ်သို့ ကျွုနိပ်ရောက်ခဲ့ချေသည်။ ကျွုန်ုပ်အား မြင်သည်နှင့် ဦးလေးက ခုံတွင် ထိုင်ခိုင်းစေပြီး
          ဘယ်ကလှည့်လာတာတုန်း ဂီတာကြီး တစ်ကိုင်ကိုင်နဲ့
        ဘယ်ကမှ လှည့်လာတာမဟုတ်ဘူး ဦးလေးရေ ဦးလေးဆီပဲလာတာ ဒီဂီတာ ဦးလေး ဘယ်က ရတာလဲ ကျွန်တော်ညက သရဲခြောက်ခံရလို့
         ဘယ်လို ဟားဟား သရဲခြောက်ခံရလို့ ဟုတ်လား သရဲခြောက်ခံရတာနဲ့ ဒီဂီတာနဲ့ ဘယ်လို ပတ်သတ်နေလို့လဲ
        ဒါတော့ မသိဘူး ဦးလေး ဒါကို ဘယ်က ယူလာတာလဲဆိုတာ သိချင်လို့လာမေးတာ
        အော် ဘုန်းကြီးကျောင်းက ကပ္ပိယဆီက တောင်းလာတာလေ ချောင်ထဲထိုးတာတွေ့လို့ မင်းအတွက်တောင်းပေးတာ
      ဟင် ဘုန်းကြီးကျောင်းက ဟုတ်လား
     အေးလေ ဘာဖြစ်လို့တုန်း
        ဒါဆို ဒီဂီတာမှာ အကြောင်းတစ်ခုခုတော့ စွဲကပ်နေတာ သေချာပြီ ကျွန်တော်တို့ အဲ့ဘုန်းကြီးကျောင်းကို သွားမယ် ဦးလေး လိုက်ပို့ပေး      

သို့နှင့် ကျွုန်ပ်အား ဦးလေးမှ ထိုဘုန်းကြီးကျောင်းတည်ရှိရာ ရွှေပေါက်ကံမြို့သစ်သို့ လိုက်ပို့ပေးခဲ့ချေသည်။ ကျောင်းထိုင် ဘုန်းကြီးအား ထိုဂီတာလေးနှင့် ပတ်သတ်သမျှ အကြောင်းအားလုံးအား လျောက်တင်လိုက်သည်နှင့်
          ဒီဂီတာက ဒကာမကြီးနဲ့ ဒကာကြီးတစ်ယောက် ဘုန်းကြီးကျောင်းမှာ လာထားသွားတာပဲ သရဲခြောက်တယ်ဆိုပြီး ဘုန်းကြီးကို လာလှူသွားတာ စတိုခန်းထဲထည့်ထားတာ ကြာပြီ ဘယ်လိုလုပ် ဒကာလေးဆီရောက်နေရတာတုန်း
        ဒီလိုပါ အရှင်ဘုရား တပည့်တော် တူလေးက ဂီတာတီးဝါသနာပါလို့ ဒီဂီတာလေး ချောင်ထိုးထားတာ တွေ့တာနဲ့ ကပ္ပိယကြီးဆီကနေ တောင်းပေးလိုက်တာပါ
         အာ ကိုယ်ကျိုးတွေတော့ နည်းကုန်တော့မှာပဲ ပြန်ထားခဲ့ချည် ဒီဂီတာမှာ အစွဲတွေရှိနေတယ် အရင်ဂီတာပိုင်ရှင်က သူ့ဂီတာကို သူများတွေ ကိုင်တာမကြိုက်ဘူး အချိန်ပြည့် ဂီတာကို အလှဆင်နေတာတဲ့ နောက်ဂီတာချိတ်ထားတဲ့ တိုင်မှာ ဓာတ်ကြိုးပျက်ပြီး ညှိနေတာကို မသိပဲ သွားကိုင်မိရင်း ဓာတ်လိုက်သေဆုံးခဲ့ရတာလို့ ဒီဂီတာ လာလှူသွားတဲ့ သူတွေဆီက ဦးဇင်းသိထားရတယ် ဒါကြောင့် စတိုခန်းထဲမှာ သိမ်းထားပေးခဲ့တာ တော်သေးတာပေါ့ ဒကာလေး ဘာမှ မဖြစ်ဘူးမဟုတ်လား
        တပည့်တော် ထင်တော့ ထင်ပါတယ် ဘုရား ပိုသေချာအောင် ဦးလေးကို ခေါ်ပြီး ဘုန်းဘုန်းဆီ လာမေးတာ
           အေးအေး ဒါဆို ပြန်ထားခဲ့ချည် အစွဲ အစွဲ ပရလောကသားတွေက သူတို့ နောက်ဆုံး မြင်ခဲ့တွေ့ခဲ့ နှစ်သတ်ခဲ့တာတွေကို စိတ်စွဲလေ့ရှိတယ် တော်ရုံတန်ရုံ ချွတ်ဖို့ မလွယ်လှဘူးပေါ့လေ
           သာဓု သာဓု သာဓု
      သတ္တဝါတွေ ကျန်းမာ ချမ်းသာပါစေ။

စာရေးသူ- ထီးကလေး
     ငယ်သူငယ်ချင်း တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်မှန်အား စာစီချယ်သ လိုက်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages