စာမပေါ်သူများအတွက် ဦးစားပေး ရေးသားလိုက်သော
ဘူတာရုံမှာကိုက်တဲ့ တစ္ဆေ
(ကိုယ်တွေ့ဖြစ်ရပ်မှန်)
စာရေးသူ- ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်။)
***
ကျွန်ပ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဖြေဆိုရမည့် ၂၀၁၀ ခုနှစ်ပင်ဖြစ်ချေသည်။ဆယ်တန်းဆိုတဲ့ ဘဝတစ်ဆစ်ချိုးကြီးကို ကျွန်တော် ဖြတ်ကျော်ချင်တယ်။ နေ့ရောညပါ ကျောင်းစာ ကျူရှင်စာတွေကိုမအိပ်မနေပဲ ကျက်မှတ်နေခဲ့တယ်။ ကျောင်းကပြန်လာပြီဆိုရင် နေ့လည် ၁၂ ခွဲကျော်နေပြီ။ ထမင်းစားသောက်ပြီး နေ့လည် ၁ နာရီ ၃၀ ဆိုတာနဲ့ ကျုရှင်ကို သွားရပြီ။ ကျုရှင်က သုံးချိန် ၁ နာရီခွဲကနေ ညနေ ၆နာရီအထိ အတန်းချိန်တတ်ရပါတယ်။
တစ်နေ့ တစ်နေ့ ကျောင်းနဲ့ ကျူရှင် စာကျက်ချိန်ဆိုတာ ညဘက်ပဲရှိတော့တယ်။ ညဘက်ကျတော့လဲ တစ်နေ့ကုန်ပင်ပန်းလာတော့ အိပ်ချင်တဲ့စိတ်တွေပဲ ဖြစ်ဖြစ်နေတယ်။ စာထဲမှာ စိတ်မရှိဘူး။ အဲ့ဒီတော့ တွေးမိလိုက်တယ်။အိပ်ချင်နေတာကိုမအိပ်ပဲ စာကျက်နေတော့လဲ ခေါင်းထဲကို စာတွေရောက်မှာ မဟုတ်ဘူး ။ ဒီတော့ ည ၉နာရီလောက် အိပ်လိုက်တယ် ။ မနက် ၃ နာရီဆို ထပြီး စာကျက်ဖြစ်တယ်။
အဲ့ဒီအချိန်ဆို ခေါင်းထဲမှာကြည်ပြီး တိတ်ဆိတ်နေတော့ စာကျက်လို့လဲ ပိုကောင်းတယ်။နေ့စဉ်နဲ့အမျှ စာကျက်ချိန်ကိုအခုလိုသတ်မှတ်ပြီး ကျက်လာခဲ့တာ စာမေးပွဲဖြေဖို့ရက်ပေါင်း ၉၀ သုံးလပဲလိုတော့တဲ့ ဒီဇင်ဘာလကိုရောက်လာခဲ့ပြီ။အကျင့်ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်နားလည်လာခဲ့တယ် ။ အဓိပ္ပာယ်က ဘာလဲ ။ အကျင့်ဆိုတဲ့ အဓိပ္ပာယ်က ထပ်ခါတစ်လဲလဲ ပြုလုပ်ခြင်းလို့ ကျွန်တော် မှတ်သားလာရတယ်။ ဟုတ်တယ်။ သုံးလလောက် ည၉နာရီ အိပ်လိုက်ပြီး။ မနက် ၃နာရီ စာထကျက်တဲ့ အကျင့်များလာတော့ ဘယ်သူမှ စာကျက်ဖို့ အိပ်ယာကနေ နှိုးနေစရာမလိုတော့ပဲ အဲ့ဒီအချိန်ဆို အမြဲနိုးနေခဲ့ပြီ။
စာမေးပွဲဖြေဖို့ကလဲ တော်တော်လေးနီးနေပြီဆိုတော့ အိပ်ချိန်လေးကိုနည်းနည်းလျော့လာတယ်။ ကျွန်တော် တရားကြီးဖြစ်အောင် လုပ်ချင်တယ်။ အဲ့ဒီတော့ ရှေ့နေဆိုတဲ့ ဥပဒေအမှတ်မိမှရမယ်။ ကျွန်တော်တို့ ၂၀၁၀တုန်းက ဥပဒေအမှတ်က ၃၀၀ ကျော်ဆိုရပြီ။ ဘာပဲဖြစ်ဖြစ်လေ အမှတ်များသွားတော့လဲ ကိုယ်လျောက်မယ့်လမ်းကို စိတ်ကြိုက်ရွေးလို့ရတာပေါ့ဆိုပြီး စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ အဲ့ဒီနေ့က အရမ်းအေးတယ်။ ဒီဇင်ဘာလကြီး ဘောပင်လေးကိုင်ဖို့တောင် လက်ကထုံနေတယ်။
စာကိုလဲ အော်မကျက်ချင်တာနဲ့ သိပ်နားမလည်သေးတဲ့ သင်္ချာတစ်ခန်းကိုပြန်ပြီး တွက်နေခဲ့တယ်။ တော်တော်ရှုတ်တဲ့အခန်းဖြစ်နေလို့သေချာကို လေ့လာရတယ်။ လူကြံရင် ဘာခံနိုင်မှာလဲ။စိတ်ဝင်တစား သေချာလေ့လာကြည့်လိုက်တော့ တစ်လနီးပါးလောက်ကျွန်တော်နားမလည်ခဲ့တဲ့ အခန်းကို တဖြည်းဖြည်းနဲ့ နားလည်လာရင်း ဒီနေ့မနက် လုံးဝ လုံးဝကို ပိုင်ပိုင်နိုင်နိုင်နားလည်သွားခဲ့ပြီ။အချိန်ကို ကြည့်လိုက်တော့ မနက်၎နာရီတောင် ထိုးတော့မယ်။ တစ်လလောက် နားမလည်တဲ့ အခန်းကို သေချာနားလည်သွားတော့ ကျွန်တော်စိတ်ထဲပေါ့သွားသလိုခံစားရတယ်။
ဒါနဲ့ အခန်းထဲကနေထွက်ပြီး အပေါ်ထပ် ဝရမ်တာကနေ လေအေးတွေကို တစ်ဝကြီး ရှု့ရှိုက်လိုက်တယ်။ဟူး … အေးလိုက်တာ စိတ်ထဲမှာ လန်းသွားတာပဲ ဟင် ဦးလှထွန်းလား မသိဘူးဘယ်လိုပြောရမလဲ ကျွန်တော်တစ်ယောက်တည်း တိုက်ခတ်နေတဲ့လေတွေကို ရှု့ရှိုက်ပြီး တစ်ယောက်တည်းစကားတွေ ပြောနေမိတယ်။ ကျွန်တော်တို့ အိမ်က ဒေါင့်ဆုံးကွက် ပြတင်းပေါက်ကနေ မျက်စောင်းထိုးဘက်ကို လှမ်းကြည့်လိုက်ရင် လမ်းကြားလေးတစ်ခုရှိတယ်။
အဲ့ဒီလမ်းကြားလေးကို ကြည့်မိလိုက်တော့ ကျွန်တော့တို့ အိမ်ရှေ့အိမ်ကနေပြောင်းသွားတဲ့ အဖေ့မိတ်ဆွေ ဦးလှထွန်းဆိုတဲ့ ဦးလေးကြီး လျောက်လာတာ တွေ့လိုက်တယ်။သူ့ကိုတွေ့လိုက်တော့ ပါးစပ်ကနေ သူ့နာမည်ကို တမ်းတမိလိုက်တယ်။ပိုသေချာအောင် ဝရမ်တာကနေ မီးချောင်းတစ်ချောင်းတည်း ထွန်းထားတဲ့ လမ်းကြားလေးကို ကျွန်တော်သေချာကြည့်လိုက်တယ်။
ဦးလှထွန်း ဦးတည်လာတာက ကျွန်တောတို့အိမ်ဆိုတာ ကျွန်တော်သိနေတယ်။ ဘာဖြစ်လို့ မနက်အစောကြီး ရောက်လာတာလဲဆိုတာတော့ မသိဘူး။ သူလျောက်လာတာကိုကျွန်တော်စိုက်ကြည့်နေရင်း အိမ်ရှေ့ကို သူရောက်လာတယ်။ မနက်အစောကြီး ဘာလာလုပ်တာလဲ မသိ ။ ပိတ်ထားတဲ့ ခြံတံခါး အိမ်ရှေ့ကနေ အပေါ်ထပ်ဝရမ်တာကို သူလှမ်းကြည့်လိုက်တော့ ကျွန်တော့ကို တွေ့သွားတာနဲ့ သူပြုံးပြတယ်။ အဲ့ဒါနဲ့ ခြံတံခါးဖွင့်ပေးမလို့ ကျွန်တော် အောက်ထပ်ကို အိပ်နေတဲ့ မိသားစုမနိုးရအောင် ဖြေးဖြေးလေးဆင်းသွားခဲ့တယ်။
ဦးလှထွနိး ဝင်လို့ရအောင် ခြံတံခါးဖွင့်ပြီး အိမ်ထဲကိုခေါ်မလို့ ခြံတံခါးဖွင့်လိုက်တော့ဟင် ဦးလှထွန်း ဘဟ်ပျောက်သွားတာလဲအခုန အိမ်ရှေ့ကနေ အပေါ်ထပ် ဝရန်တာက ကျွန်တော့ကို ပြုံးပြနှုတ်ဆတ်နေတာ ကိုယ်တိုင်မျက်စိနဲ့ တွေ့ခဲ့လို့ တံခါးလာဖွင့်ပေးတော့ မတွေ့တော့ဘူး။ ဦးလှထွန်းနောက်ပြီး ပုန်းနေတာလားဆိုတဲ့ စိတ်နဲ့ ခြံအပြင်ထွက်ပြီး ဘေး ဘယ် ညာ လိုက်ကြည့်မိတယ်။ ဒါပေမယ့် မတွေ့တော့ဘူး။ ကျွန်တော် အမြင်မှားခဲ့တာလား ။ မဟုတ်ပါဘူး။ လမ်းကြားကနေ အိမ်ကိုဦးတည်လာတာ သေချာတွေ့တယ်။ ဒါတင်မကသေးဘူး ။
ခြံဝကနေ ပြုံးပြလို့ လာလည်တာထင်ပြီး တံခါးသွားဖွင့်ပေးတော့ ဘယ်ရောက်သွားမှန်းမသိဘူး။ နာရီကိုကြည့်လိုက်တော့ ၅ နာရီတောင်ထိုးတော့မယ်။ အိမ်အပေါ်ထပ်ကို ပြန်တတ်လာခဲ့တယ်။ တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်ပြီး စဉ်းစားမရဘူး။ အမြင်မှားတာလား။တွေးမနေတော့ပါဘူး။ မနက်ဖြန်က စနေနေ့ဆိုတော့ ကျောင်းပိတ်တယ်။ကျူရှင်ကို ၉နာရီမှ သွားရမှာ။ ရတဲ့ အချိန်လေး နည်းနည်းလောက် အိပ်ဦးမယ်လို့ တွေးပြီး အခန်းထဲဝင် ပြန်အိပ်လိုက်တော့တယ်။
မနက် ၇ နာရီထိုးလောက်ရှိပြီ။ ကျွန်တော့အခန်းရှေ့ကနေ အဖေကသားရေ မင်းဦးလေး ဦးလှထွန်းတော့ ဆုံးသွားပြီတဲ့ကျွန်တော်ကို အိပ်ယာကနှိုးရင်းအဖေပြောလိုက်တဲ့စကားကို ဝိုးတဝါးလေးပဲ ကြားလိုက်လို့ သေချာအောင် အဖေ့ကို ပြန်မေးကြည့်လိုက်တယ်ဗျာအဖေ ဦးလှထွန်း ဆုံးသွားပြီ ဟုတ်လားအေး ဆုံးသွားရှာပြီ ဘယ်တတ်နိုင်ပါ့မလဲ သားရယ် သေခြင်းတရားဆိုတာ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီဆိုတာ သိပ်မှန်တာပဲအဖေ့က ကျွန်တော့ကို ဝမ်းနည်းတဲ့လေသံပျော့ပျော့လေးနဲ့ ဦးလှထွန်း ဆုံးသွားတဲ့ အကြောင်းပြောနေတယ်။
ဦးလှထွန်းဆိုတာအဖေနဲ့အရမ်းခင်တဲ့ ကျွန်တော်တို့အိမ်ရှေ့အိမ်က ဦးလေးတစ်ယောက်ပေါ့ စီးပွားရေး ကျလာတာနဲ့အိမ်ပိုင်လေးကို ငှားပြီး တစ်ခြားတစ်နေရာမှာ ဈေးပေါပေါနဲ့ အိမ်တစ်လုံး သွားငှားနေခဲ့တာတစ်ခါခါ အဖေ့ကိုသတိရလွန်းလို့ဆိုပြီး လာလာလည်တတ်တယ်အခုတော့ ဦးလှထွန်းတစ်ယောက် သူ့မိသားစုနဲ့ကျွန်တော့တို့မိသားစုတွေကို အပြီးအပိုင်ခွဲခွာသွားခဲ့ပြီတဲ့။ ဟုတ်ပါ့မလား။ ဦးလှထွန်း ဆုံးသွားတာ ဟုတ်ပါ့မလား။
မနက်က ကျွန်တော်တို့ခြံရှေ့ကို ရောက်လာပြီး ဝရမ်တာက ကျွန်တော့ကိုတောင် အောက်ကနေ သူပြုံးပြနေခဲ့သေးတယ်။ ပိုသေချာသွားအောင် ဦးလှထွန်း ဆုံးသွားတဲ့ အချိန်ကို ကျွန်ောတ် အဖေ့ကို မေးကြည့်လိုက်တယ်အဖေ ဦးလှထွန်း ဘယ်အချိန်က ဆုံးသွားတာလဲညကမှ အောင့်တယ် အောင့်တယ်ဆိုပြီး ၂နာရီလောက်ကမှ ဆေးရုံပို့မလို့လုပ်တုန်း ဆုံးသွားခဲ့တာပဲသားရေဗျာအဖေ့ရဲ့ အဖြေကိုကြားတော့ကျွန်တော် တော်တော်လေး အံ့သြသွားခဲ့တယ်။
မနက်က ကျွန်တော် ဝရမ်တာပေါ်ကနေ ဦလှထွန်းကို တွေ့လိုက်ရတာ မနက်၅နာရီတောင် ထိုးတော့မယ်။ ဆုံးသွားတာက ည ၂ လောက်ကဆိုတော့ ကျွန်တော့ကို ပြုံးပြခဲ့တာက ဦးလှထွန်းရဲ့ ဝိဥာဉ်ပဲလား။ အဲ့ဒီအကြောင်းကို ကျွန်တော် အိမ်ကိုတော့ ပြောမပြတော့ပါဘူးအိမ်က ကျွန်တော် ထူးဆန်းတာတစ်ခုပြောတိုင်းထီးလေးရယ် သား တရားသူကြီး မဖြစ်ချင်လဲနေပါတော်ကြာ စာတွေ အရမ်းကျက်လို့ ပလပ်ကျွတ်နေပါဦးမယ်ဒီလို နောက်တောက်တောက်အမြဲပြောတယ်။
ဒီမနက်ကြုံခဲ့တာပြန်ပြောလဲ ဒီအတိုင်းပဲ ပြောမယ်ဆိုတာ ကျွန်တော် ကြိုသိနှင့်ခဲ့ပြီ။အဖေကတော့ နာရေးအိမ်ကို ညနေတိုင်းသွားတယ် ။ ပြန်လာတိုင်းအဖေ့မျက်နှာမှာ သူ့သူငယ်ချင်းကို တမ်းတစိတ်တွေက အမြဲတွေ့ရတယ်။ဦးလှထွန်း ရက်မလည်ခင် ခုနစ်ရက်စလုံး ကျွန်တော် ဝရမ်တာကနေ အမြဲကြည့်ဖြစ်တယ် တွေ့ဦးမလားပေါ့ဒါပေမယ့် အရိပ်အယောင်တောင် မတွေ့ခဲ့ဘူး။မနက်ဖြန် ဦးလှထွန်း ရက်လည် ဆိုတော့ ကျွန်တော်တို့ နှစ်အိမ် တစ်အိမ်နေတဲ့ရပ်ဆွေ ရပ်မျိုးတွေ မသွားလို့မကောင်းတာနဲ့ တစ်မိသားစုလုံး သွားကြတယ်။
ကျွန်တော် ဆယ်တန်းကျောင်းသားဘဝမှာ ဆေးလိပ်ကလေး တမျှမျှလုပ်တတ်နေပြီ အိမ်ကသိမှာဆိုးလို့ ခိုးသောက်ရတဲ့အရသာက ဘယ်လိုပြောရမလဲ ကျွန်တော်လို ခိုးသောက်ခဲ့ဘူးတဲ့ ဘော်ဒါတွေ မပြောပြလဲ ခံစားတတ်ကြမယ်လို့ထင်တယ်။ည ၇နှာရီထိုးတော့ ကျွန်တော် ထမင်းစားလိုက်တယ် ။အချိန်တန်တော့ စိတ်ကထိန်းမရဘူး။ ထမင်းစားပြီး ဆေးလိပ်သောက်ချင်နေမိတယ်။ ဦးလှထွန်း ဇနီဒေါ်သီတာနဲ့သူ့သားသီဟစိုးကတော့ အားကိုမဲ့နေတဲ့မျက်နှာလေးများနှင့် ကျွန်တောတို့မိသားစုကို လိုလေသေးမရှိ ဧည့်ခံခဲ့ပါတယ်။
ကျွန်တော် ဆေးလိပ်အရမ်းသောက်ချင်တာကြောင့်
ဦးလှထွန်းတို့အိမ်ရှေ့ဆိုင်က ဆေးလိပ်တစ်ရာဖိုးဝယ်ပြီး ဘူတာရုံဘက်ကို လျောက်သွားခဲ့တယ်သူ့တို့ငှားနေတဲ့နေရာက ဈေးပေါပေါနေရာမို့ ဘူတာရုံနံဘေး မြောက်ဥက္ကလာဘူတာကျွန်တော် ဘူတာရုံထဲက အိမ်သာထဲ ဝင်ပြီး ဆေးလိပ်နှစ်လိပ်ကုန်မှ ပြန်မယ်ဆိုပြီ ရည်ရွယ်ချက်နဲ့ အသင့်ပါလာတဲ့ မီးခြစ်၊ အပျင်းပြေ ဖတ်ရအောင် ဆောင်လာတဲ့ အတန်းတင်စာမေးပွဲ အဖြေလွှာလေးနဲ့အတူ အိမ်သာထဲဝင်ခဲ့တယ်။
အထဲရောက်တော့ အိမ်သာအားလုံး လူပြည့်နေတယ်။ ကျွန်တော်ပိုသေချာအောင် တံခါးတွေ လျောက်ခေါက်ကြည့်တယ်အိမ်သာတစ်လုံးက ဟစိ ဖြစ်နေတာနဲ့ ကျွန်တော် လူမှု့ရေးအရ တံခါးကိုခေါက်လိုက်တယ်။ ကျွန်တော် လေးချက်လောက် ဆက်တိုက်ခေါက်လိုက်တော့ အထဲကလဲ ပြန်အချက်ပြတယ်ဒါနဲ့ကျွန်တော် အဲ့အနားမှာ ရပ်ပြီး သူထွက်လာအောင် စောင့်နေလိုက်တယ် ။ဟေ့ အပြင်က မိတ်ဆွေ ဆေးလိပ်သောက်နေတာလား ဆေးလိပ်အနံရလို့ဟုတ်ကဲ့ဗျကျွန်တော့ကို အတိုလေးရှိရင် ပေးပါဦး အနံရတော့ မနေနိုင်ဘူးသောက်ချင်တယ်အော် ဟုတ်ကဲ့ ရော့ အသစ်ယူပါ ကျွန်တော့မှာ ပါတယ်အိမ်သာထဲက အနံ့ဆိုးရလို့လားမသိဘူး။
နှာခေါင်းပိတ်ထားတဲ့ အသံမျိုးနဲ့ ကျွန်တော့ဆီက ဆေးလိပ်တိုတောင်းသောက်တယ်။ ဒါနဲ့ကျွန်တော် ဟ နေတဲ့တံခါးပေါက်ကနေ ဆေးလိပ်လေး ပေးလိုက်တယ် ။သူအထွက်ကို ကျွန်တော် စောင့်ရင်း ဆေးလိပ်တောင် ကုန်နေခဲ့ပြီ လက်ထဲမှာပါလာတဲ့စာကိုဖတ်နေရင်း သူထွက်လာမယ့်အထိဆက်စောင့်နေခဲ့တယ်ဟေ့ယောင် ဒီမှာ ဘာလာလုပ်နေတာလဲ မင်းထွက်သွားတာတွေ့လို့ငါလိုက်လာတာ ငါထင်တယ် မင်းဆေးလိပ်ခိုးသောက်မလို့ဒီကိုဦးတည်သွားတယ်ဆိုတာ ကြာလှချည်လား နာရီကိုလဲကြည့်ဦးသီဟစိုး ကျွန်တော့ကျောကိုပုတ်ပြီး စကားလာပြောတော့မှ ကျနော် အိပ်ယာက နိုးသလိုဖြစ်သွားတယ်။
ဟင်
ဘာဟင်လဲလာ ပြန်မယ်
ငါအိမ်သာတတ်မလို့စောင့်နေတာ
သူထွက် ထွက်
ကျွန်တော့်ကိုလာခေါ်တဲ့ သီဟကိုပြန်ပြောရင်း လက်ညိုးထိုးပြလိုက်တော့ ကျွန်တော့အသံတွေစွန့်အ သွားခဲ့တယ်။တံခါးကို သံကြိုးနဲ့ခတ်ထားတာ သံချေးတွေတောင် တတ်နေတာ တွေ့လိုက်ရတယ် ။ အခုန ဟစိ ဖြစ်နေတဲ့တံခါးပါ။
ဟေ့ယောင် ဘာတွေ ကြောင်တောင်တောင် လုပ်နေတာလဲ
ငါ ……ငါ……
နာရီကြည့်ဦး ၈နာရီခွဲတော့မယ် မင်းထွက်လာတာ တစ်နာရီခွဲလောက်တောင် ကြာနေလို့ငါလိုက်လာတာ ပြန်မယ်လာ
နေဦး ငါ ငါ မင်းကိုပြောပြမယ် ဒီလို
ကျွန်တော် အစအဆုံး သီဟကို ပြောပြလိုက်တယ်။သီဟက ရီတယ် ပြီးတော
့မင်းကလာနောက်နေတယ် ဒီတံခါးကိုကြည့်ပါဦး သံကြိုးခတ်ထားတာဘယ်တည်းကမှန်းတောင် မသိဘူး
ငါတကယ်ပြောနေတာ သီဟ အခုနတုန်းက ဆေးလိပ်တောင်းသောက်လို့ ဟစိဟစိဖြစ်နေတဲ့တံခါးအပေါက်တည်းကို ငါကိုယ်တိုင် ဆေးလိပ်တစ်လိပ်ထိုးပေးလိုက်တာ
ကဲ လာပါကွာ ငါ့သူငယ်ချင်းကတော့ ဦးနဲ့အန်တီပြောသလို စာတွေကျက်လို့ လွတ် ချင်နေပြီနဲ့တူတယ်
သီဟက ကျွန်တော်ပြောတာကို မယုံပဲ ကျွန်တော့ကိုတောင် အရူးစာရင်းသွင်းချင်သေးကျွန်တော် ဆေးလိပ်ပေးပြီး စာဖတ်မလို့လုပ်တဲ့အချိန်နဲ့သီဟ ခေါ်လိုက်တဲ့အချိန်နဲ့က သိပ်မကွာသလို ထင်ပေမယ့် နာရီပြန်ကြည့်လိုက်တော့ တစ်နာရီခွဲကျော်ကျော်တောင် ကြာနေခဲ့ပြီဘာဖြစ်တာလဲ ကျွန်တော် ဘာဖြစ်သွားတာလဲ ကြောင်တောင်တောင်နဲ့သီဟခေါ်ရာကို ပြန်ပါလာခဲ့တော့သည်။
တကယ်တော့ အဲ့ဒီဘူတာရုံ အိမ်သာ ၅လုံးမြှောက်မှာအကြွေးများလို့ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့သူတစ်ယောက်ရှိသည်လို့ ကျွန်တော် ဒုတိယနှစ်ကျောင်းသားဘဝမှာ သိခဲ့ရသည်။ဒီနေ့အထိ အဲ့ဒီအကြောင်းကို ကျွန်တော်အိမ်ကိုပြောပြရင် အိမ်က ကျွန်တော့ကို ပြုံးစိစိ အမူယာနဲ့ မယုံသလိုလုပ်ကြတယ်။
တကယ့်ကို ကြုံတွေ့ခဲ့ရတာပဲ။ ပြောမယုံ ကြုံဖူးမှသိ။ သူတို့ပြောသလို ကျွန်တော်အဲ့ဒီချိန်တုန်းက အိပ်ရေးပျက်တာများပြီး ကြောင်တောင်တောင် ဖြစ်သွားခဲ့တာမျာလား။ မဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။ ကျွန်တော့်လိုပဲဘူတာရုံက လူတစ်ချို့ ခဏခဏ အဲ့ဒီလိုပဲ အခြောက်ခံခဲ့ရတယ်။ တစ်ခြားတစ်နေရာကခရီးသည်တွေ အိမ်သာလူပြည့်နေလို့ အဲ့ဒီအိမ်သာကို တံခါးခေါက်မိရင်အထဲကလဲ တံခါးပြန်ခေါက်ပြီး လူရှိကြောင်း အချက်ပြန်ပြတယ်။
တကယ်တော့ အဲ့ဒီအိမ်သာကိုသံကြိုးနဲ့ခတ်ထားတာ နှစ်တော်တော်လေးကြာနေခဲ့ပါပြီ။ ။
***
စာရေးသူ- ထီးကလေး။
( ဖြစ်ရပ်မှန်အား)
Post Top Ad
Responsive Ads Here
ဘူတာရုံမှာ ကိုက်တဲ့တစ္ဆေ
Share This
Tags
# ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Share This
About Unknown
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment