တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
အလောင်း
အပိုင်း (၅)
စာရေးသူ-ထီးကလေး။🌂
`မင်းတို့ကို လိမ်လို့ ငါမှာဘာအကျိုးမှ မရှိဘူး…မယုံရင်လဲနေ ဒါပေမယ့် ခြံရှေ့မှာတော့ ရှုတ်ရှုတ်ရှက်ရှက်မလုပ်နဲ့လို့ ဦးလေးပြောပါရစေ…´
ထိုသို့ပြောကာ ဦးလေးကြီး ခြံအတွင်းသို့ ပြန်လည် ဝင်ရောက်သွားချေသည်။ ကျွန်ုပ်အား သူငယ်ချင်းဖြစ်သူများက ကြည့်လျက် ကျွန်ုပ်ပင်လျင် သူတို့အား စိတ်ကူးယဉ်လျက် ပြောနေသလားဟု ထင်မြင်ကြသည့် အကြည့်များနှင့် အကဲခတ်ကြည့်နေကြတော့သည်။ သူငယ်ချင်းများ၏ ထိုသို့ အကြည့်များကို ကျွန်ုပ်မခံစား နှုတ်မှ
`မဟုတ်သေးဘူး…မဖြစ်နိုင်ဘူး ငါ့ကို မောင်ကျော် သေသေချာချာ လိပ်စာပြောပြသွားတာ သူတို့ လိမ်ပြောနေတာပဲ ဖြစ်ရမယ်…´
ကျွန်ုပ်၏ ကြောင်တောင်တောင် ခေါင်းအားခါလျက် ပြောဆိုနေသည်ကို သူငယ်ချင်းဖြစ်သူများက ကြည့်လျက်
`ထီးလေး…ငါတို့ အိမ်လိပ်စာမှားနေတာများလား…´
`လုံးဝ မမှားနိုင်ဘူး မောင်ကျော်သာ ငါ့ကို လိမ်ပြောခဲ့မယ်ဆိုရင် ဒီB-12ဆိုတဲ့ အိမ်အမှတ်ရှိနေပါဦးမလား…´
`စဉ်းတော့စဉ်းစားစရာတွေဖြစ်ကုန်ပြီ…´
`အခုဘာဆက်လုပ်ကြမလဲ…´
`မတတ်နိုင်ဘူး ဒီအိမ်ကြီးကို ငါတို့ စောင့်ကြည့်ဖို့လိုတယ်…မောင်ကျော်ပြောသွားသလိုဆို ဒီအိမ်ကြီးမှာ သူ့မိန်းမနဲ့ သူ့သမီးလေးရှိတယ်…ပြီးတော့ ခွေးလေးတိုးပွားဆိုတာလဲ ရှိသေးတယ်…ဒီလူတွေ ငါတို့ကို လိမ်ပြောလိုက်တာ ငါသိနေတယ်…´
`ဒီလိုလုပ်ကွာ…ဒီည မောင်ကျော် မင်းဆီပြန်လာတယ်ဆိုရင် အခုအဖြစ်အပျက်တွေ သူ့ကို ပြောပြလိုက်ပေါ့…သူက ဒီအိမ်ကြီးမှာ အမြဲရှိနေတာဖြစ်မယ် ပြီးတော့ သူ့မိန်းမနဲ့တွေ့ဖို့ သူအကြံဥာဏ်ပေးလိမ့်မယ် သူပြောတဲ့ အတိုင်း ငါတို့လုပ်မှ အဆင်ပြေလိမ့်မယ်ထင်တယ် မဟုတ်ရင် ဘယ်လိုမှ ဖြူဖြူသျှင်းနဲ့ တွေ့ဖို့ မဖြစ်နိုင်တော့ဘူး…´
`ဟုတ်တယ် လမ်းကလေး ပြောတာမှန်တာ…မောင်ကျော် ဒီည မင်းဆီကိုပြန်လာမှ အခုငါတို့ကြုံရတဲ့ အကြောင်းတွေ အားလုံး ပြောပြလိုက်ကွာ ဘယ်လိုလဲ…´
`မတတ်နိုင်ဘူး မင်းတို့ ပြောတဲ့ အတိုင်းပဲ လုပ်ရတော့မှာပေါ့ ငါ့ခြံထဲတော့ သူဝင်လို့မရတော့ဘူး ခြံထဲကို ငါ့အဖေစည်းချထားတယ်…´
`ဟင်!…ဒါဆို ဘဟ်လိုလုပ်မတုန်း…´
`အရင် ငါ့အဖေ အိမ်ကို စည်းချရင် စည်းရိုးတိုင်မှာ အင်းပြားချိတ်ထားတာ အခု ဘဟ်မှာ ထားလဲဆိုတာ ငါမသိဘူး…မနေ့ညတည်းက သူချိတ်နေကြ စည်းရိုးတိုင်မှာ ငါလိုက်ကြည့်သေးတယ် ဒါပေမယ့်မတွေ့ဘူး…´
`တစ်ခုခုကြံပါဦးကွ…မဟုတ်ရင် မောင်ကျော် မင်းဆီမလာနိုင်တော့ရင် ငါတို့အတွက် လမ်းစပျက်ပြီ…´
`အေးပါကွ…တစ်ဖက်လှည့်နဲ့ ငါ့အဖေကို မေးကြည့်ပါဦးမယ်…မရရင်တော့ ငါတို့နည်း ငါတို့ဟန်နဲ့ပဲ ဒီမတရားမှု့ကြီးကို ရအောင်ဖော်မယ်…´
သဘောတူစွာ အာလုံးတိုင်ပင်လျက် ထိုအိမ်ကြီး၏ ပတ်ဝန်းကျင်မှ ထွက်လာခဲ့တော့သည်။ သူငယ်ချင်များအား ကျွန်ုပ်လွန်စွာ အားနာလျက် သူတို့၏ အယုံကြည်များ ကျွန်ုပ်အပေါ်တွင် ပျောက်ကွယ်သွားမှာ ဆိုးမိနေသည်။
ကြာပန်းများနှင့် ဝေဆာလျက်ရှိနေသော ကန်ဘောင်ကြီးတစ်ခုပေါ်၌ ဝိဥာဉ်မောင်ကျော် စိတ်ပျက်လျက် ဝမ်းနည်းကြီးစွာ ထိုင်နေခဲ့သည်။ သူရှာနေသော ဝိဥာဉ်ဦးလေးကြီးအား မည်သည့်နေရာမှ ရှာမရ စိတ်ပျက်စွာဖြင့်
`ဗျို့ဦးလေး…ကျုပ်ဆီပြန်လာပါဦးဗျာ…ကျုပ်သမီးလေးကို အရမ်းချီချင်တယ်…ကျုပ်ကိုအကူညီပေးပါဦး ကျုပ်ကို ပစ်မထားပါနဲ့ ကျုပ်ဆီပြန်လာပါဦး…´
ကန်ဘောင်ပေါ်၌ ပဲ့တင်ထပ်နေသော မောင်ကျော်၏ အသံအား မည်သူမှ မကြားနိုင်သော်လည်း မိန်းမကြီးတစ်ယောက်က ဝမ်းနည်းစွာ အော်ဟစ်နေသော ဝိဥာဉ်မောင်ကျော်၏ အသံကို ကြားလိုက်ရသလား မောင့်ကျော်အနားသို့ ရောက်ရှိလာပြီး
`ဟဲ့ကောင်လေး…နင်ဘာတွေ အော်နေတာလဲ ငါနင့်အသံကြားလို့ ထွက်လာခဲ့တာ ဘာဖြစ်နေတာလဲ ပြောစမ်း…´
`ဟင်!…အဒေါ်ကြီးက ကျုပ်အသံကိုကြားရတယ် ဟုတ်လား…ကျုပ်ကိုလဲ စကားတွေ လာပြောနေတယ် မဟုတ်မှလွဲရော အဒေါ်ကြီးလဲ ဝိဥာဉ်ပဲလား…´
`အေးလေ…ငါလဲ နင့်လိုဝိဥာဉ်ပဲ ပြောစမ်းပါဦး နင်ဘာဖြစ်နေတာလဲ…´
`ကျုပ်က မတရားသေခဲ့ရတာ…ကျုပ်မှာ သမီးလေးရှိတယ် အဲ့ဒီသမီးလေးမွေးလာတည်းက ကျုပ် ဝအောင်တစ်ခါမှ မချီလိုက်ရပဲ သေသွားခဲ့တာ အခု ကျုပ်သမီးလေးကို အရမ်းချီချင်လို့ ဝိဥာဉ်ဦးလေးတစ်ယောက်ကို လိုက်ရှာနေတာပဲ အခုထိ သူ့ကို ရှာမတွေ့ပါဘူး အဲ့ဒါကြောင့် စိတ်ညစ်လွန်းလို့ ကျုပ်အော်လိုက်တာ…´
`အေးဟ…ဝိဥာဉ်လောကဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ရှာဖို့က လွဟ်တာ မဟုတ်ဘူး…နင်ဆိုလိုချင်တဲ့ အဓိပ္ပာယ်က နင့်သမီးလေးကို ချီချင်လို့ပေါ့ ဟုတ်လား…´
`သိပ်ဟုတ်တာပေါ့ဗျာ…အဒေါ်ကြီး ခင်ဗျား ကူညီနိုင်ရင် ကူညီပါလား…လုပ်ပါဗျာ ခင်ဗျား ကူညီနိုင်ရင် ကူညီပေးပါ.…´
`ကဲလာ…´
ဝိဥာဉ်မောင်ကျော်၏ စကားအဆုံးတွင် သူ့အား ထိုအဒေါ်ကြီးမှ ပုခုံးပုတ်လျက် ခေါ်ဆောင်လိုက်သည်။ ထိုအဒေါ်ကြီး ခေါ်ဆောင်ရာအား မောင်ကျော်သတိထားကြည့်မိလိုက်သည်နှင့် သူနှင့် ထိုအဒေါ်ကြီး သစ်တစ်ပင်၏ ကိုင်းပေါ်သို့ ရောက်ရှိနေခဲ့တော့သည်။
`ဟင်…ဘယ်လိုဖြစ်လို့ သစ်ပင်ကိုင်းပေါ်ကို ရောက်လာရတာလဲ…အရင်ဆို ကျုပ်တစ်ခါမှ ဒီလိုအပေါ်မှာ ထိုင်ဖို့ မပြောနဲ့ သစ်ကိုင်းကိုတောင် လက်နဲ့ထိလို့မရဘူး…´
`နင်က ဝိဥာဉ်ဘဝမှာ သက်တမ်းတိုမယ့် ဝိဥာဉ်ဆိုတော့ ဝတ္ထုပစ္စည်းတွေကို ကိုင်တွယ်မရဘူးလေ…နင့်ရဲ့ မသိစိတ်ထဲမှာ ငါဟာ အရာဝတ္ထုတွေ ကိုင်လို့မရတဲ့ ဝိဥာဉ်လို့အတွေးရှိနေတာနဲ့ လုံးဝ ကိုင်လို့မရနိုင်တော့ဘူး အခု နင်အသိဝင်လာပြီ မကြာခင် နင်ဒီအပင်ပေါ်က ပြုတ်ကျတော့မယ်´
ထိုအဒေါ်ကြီး စကားအဆုံးမှာပဲ ထိုင်နေသည့် အပင်ကြီး၏ကိုင်းပေါ်မှ မောင်ကျော်ပြုတ်ကျသွားလေတော့သည်။
`အာ…အောင်မလေးဗျ…´
`ဟားဟား…ကောင်လေး နင်က သိပ်ခင်ဖို့ကောင်းတာပဲ…မနာကျင်ပေမယ့် နင်ရဲ့အသိမှာ နင်ကျင်တယ်ထင်သွားတယ် မဟုတ်လား…´
`ဟုတ်တယ်ဗျ…အပင်အမြင့်ပေါ်ကနေ ပြုတ်ကျသွားတာတောင် ကျုပ်မနာကျင်ပါလား ဘာဖြစ်လို့လဲ…´
`ငါဆိုလိုချင်တဲ့ အဓိပ္ပာယ်က နင်စိတ်လောပြီး အရာဝတ္ထုတွေကို ကိုင်နိုင်နေပြီ…ဒါပေမယ့် တစ်ခုရှိတယ် ငါဟာ ဝိဥာဉ်ပါလား ကိုင်လို့မရဘူးလေလို့ တွေးမိတာနဲ့ နင့်လက်ထဲမှာရှိနေတဲ့ အရာအားလုံးကို နင်လုံးဝကိုင်လို့ မရတော့ဘူး…ဒီတော့ ငါပြောတဲ့ အတွေးမျိုးနင်လုံးဝ မတွေးမိပါစေနဲ့…´
`အဒေါ်ကြီးပြောတာ ကျုပ်နားမလည်ပေမယ့် သေချာမှတ်ထားပါ့မယ်…ဒါပေမယ့် ကျုပ်ကို အရာဝတ္ထုတွေ ကိုင်လို့ရမယ့်နည်းလမ်းရှိရင် သင်ပေးပါလားဗျာ…´
`ဟုတ်ပြီ…ဟိုအနောက်က ဘူးခွံလေးတစ်ခု သွားကောက်ခဲ့…´
မောင်ကျော်၏ စကားကြောင့် သူ့အား ထိုအဒေါ်ကြီး မြင်ပြင်ပေါ်မှ ဘူးခွံလေးတစ်ခုအား ကောက်ယူခိုင်းလေးတော့သည်။ အဒေါ်ကြီးစေခိုင်းလိုက်သည့် အတိုင်း မောင်ကျော်တစ်ယောက် ထိုဘူးခွံလေးအား ကောက်ယူလိုက်ပြီး
`ဒီမှာ အဒေါ်ကြီးရပြီ…´
`နင်ပြောတော့ အရာဝတ္ထုတွေကို ကိုင်လို့မရဘူးဆို အခုဘယ်လိုဖြစ်လို့ ဒီဘူးကို ကိုက်နိုင်နေတာလဲ…´
အဒေါ်ကြီး၏ စကားကြောင့် ဝိဥာဉ်မောင်ကျော် မိမ်လက်ထဲရှိ ဘူးခွံလေးအား ကြည့်မိလိုက်လေရာ ရုတ်တရက် သူ၏လက်ထဲမှ လွတ်ကျသွားတော့သည်။
`ဟင်!…အဒေါ်ကြီးပြောလိုက်တော့မှ ဘာလို့ပြုတ်ကျသွားရတာလဲ…ဟာ…ကျုပ်ပြန်ကောက်လို့ မရတော့ပါလား…´
`ဟားဟား…နင့်ကို ငါပြောပါတယ် သတိမထားမိပဲ ကိုင်တွယ်တဲ့ အခါမှ ရုတ်တရက် နင်ကိုင်လို့ရမယ် သတိထားမိလိုက်တာနဲ့ နင်လုံးဝ ကိုင်လို့မရတော့ဘူး အဲ့ဒါကို ငါပြောချင်တာပဲ…´
ထိုသို့ပြောခါ အဒေါ်ကြီး မောင်ကျော်၏ အရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။ အဒေါ်ကြီးအား ပတ်ဝန်းကျင်တစ်ခုလုံး လှည့်ပတ်ကြည့်လျက် မောင်ကျော်အော်ခေါ်နေသော်လည်း ထိုအဒေါ်ကြီးမှာ မိမိအနားသို့ ပြန်ရောက်လာခြင်းမရှိ စိတ်ပျက်စွာဖြင့် ခေါင်းငိုက်စိုက်လျက် ဖြူဖြူသျှင်းနှင့် သမီးလေးရှိနေသည့် အိမ်ကြီးဆီသို့ ပြန်လည် ရောက်ရှိလာတော့သည်။
အိမ်ကြီးအတွင်းသို့ အတားဆီးမဲ့စွာ မောင်ကျော် ဝင်ရောက်လာနိုင်လေသည်။ ထိုအိမ်အတွင်းသို့ ရောက်လာသည်နှင့် မောင်ကျော်တွေ့မြင်လိုက်ရသည့် မြင်ကွင်းက
`မင်းတို့အားလုံး သတိ ဝီရိနဲ့နေကြနော် ဟိုကောင်နဲ့ ပတ်သတ်ပြီး အရာအားလုံးကို မေ့ပစ်ကြ ကြားလား…တစ်ချိန်ချိန်မှာ ငါတို့ဆီ အမှု့ပတ်လာနိုင်တယ်…´
`စိတ်ချပါ ဆရာကြီး ကျုပ်တို့ အားလုံးနှုတ်လုံပြီးသားပါ…ကျုပ်တို့ကြောင့် ဆရာကြီး အမှု့မပတ်စေရပါဘူး ကျုပ်တို့ကို စိတ်ချပါ…´
`အေး…မင်းတို့ကို စိတ်ချတယ် နေ့လည်က ကောင်လေးတွေ ငါ့သမီးနာမည်ကို လာမေးပြီး သူ့သူငဟ်ချင်းတွေပါလို့ လာပြောနေတယ် ငါ့အထင် အဲ့ဒါ ဟိုကောင်ရဲ့ဘက်က လူတွေပဲ ဖြစ်နိုင်တယ် တော်သေးတာပေါ့ သူတို့မေးတဲ့ အမေးက ရိုးရိုးရှင်းရှင်းဖြစ်နေတော့ အလွယ်တကူ သူတို့ လိမ်မှန်း ငါသိလိုက်ရတယ် …မဟုတ်ရင် ငါ့သမီးလေးကို သူတို့ ဘာတွေလာပြောမလဲ မသိဘူး…´
`ဒီအတွက်တော့ ဆရာကြီး မဆိုးရိမ်ပါနဲ့ ဒီအမှု့နဲ့ ပတ်သတ်ပြီး ဖော်ကောင်တွေဆိုရင် အဲ့ဒီဖော်ကောင်တွေကိုပါ တစ်ခါတည်း အပျက်ရှင်းပစ်လိုက်တာပေါ့…´
`ဟားဟား…သိပ်တော်တဲ့ ငါ့တပည့်တွေပါလား…ကောင်းတယ် ကောင်းတယ် နေဦးကွ မလောနဲ့ဦး ဖော်ကောင်ဆိုတာ သေချာသိတာနဲ့ သူတို့ကိုပါ မောင့်ကျော်အနောက် ပို့ပေးလိုက်တာပေါ့…´
`စိတ်ချ ဆရာကြီး အဲ့ဒီကိစ္စ ကျုပ်တို့ တာဝန်ထားလိုက်ပါ…ဆရာကြီး အေးအေးဆေးဆေးသာ အနားယူပါ…´
ဖြူဖြူသျှင်း၏ ဖခင်ဖြစ်သူ သူဌေးကြီး ဦးခိုင်ခံ့တင်နှင့် ဧည့်ခန်းအတွင်း စကားလက်ဆုံကြနေသူများက မိမိအား ရက်စက်စွာ သတ်ဖြတ်ခဲ့သော လူသုံးယောက် ဖြစ်နေချေသည်။ ထိုလူသုံးယောက်အား မြင်လိုက်သည်နှင့် မောင်ကျော်မှာ အလွန်ပင်ဒေါသပြင်းထန်လျက် ဧည့်ခန်းအတွင်းသို့ ဝင်ရောက်သွားခါ ထိုသူတို့ကို အပြင်းထန် ထိုးကြိတ်နေလေ့ခဲ့သည်။ သို့ပေမယ့် သူသာလျှင် ဘေးချော်ထွက်သွားပြီး ထိုလူသုံးယောက်အား မထိခဲ့ချေသည်။
`တောက်!…မင်းတို့…မင်းတို့ ငါသတ်မယ်…ငါသတ်မယ်…´
နှုတ်မှ တစ်ဆာဆာအော်လျက် မောင်ကျော် ငိုနေတော့သည်။ မိမိအား ရက်စက်စွာ သတ်သွားသော ထိုလူသုံးယောက်၏ ပြောစကားများအား မောင်ကျော် ကောင်းစွာ ကြားလိုက်ရသည်။ သို့နှင့် မိမိအား အကူညီပေးနေသော ထီးကလေးတို့ ရောက်လာသွားကြောင့် သိရှိလိုက်ရပြီး အန္တရယ်ရှိနေပြီဟု သွားရောက်အသိပေးရန် အိမ်ကြီးအတွင်းမှ အပြေးထွက်သွားတော့သည်။
**********************************
ညနေဆောင်းအချိန်၌ ဖခင်ဖြစ်သူ၏ စာဖတ်ခန်းအတွင်းသို့ ကျွန်ုပ်ချောင်းကြည့်လျက် ဖခင်ဖြစ်သူ ရှိနေသောကြောင့် ကျွန်ုပ်ဝင်ရောက်သွားပြီး
`အဖေ…သားမေးစရာလေးရှိလို့…´
`မေးလေး သားရ ဘာများမေးမလို့တုန်း…´
`အဖေ အိမ်ကို စည်းချထားသေးလား…´
`အေးကွ…ဟိုနေ့က စိတ်ထဲနည်းနည်းမရှင်းတာနဲ့ အဖေစည်းချထားတယ်…ဘာဖြစ်လို့လဲ…´
`အော်…ဟိုလေ…အရင် အဖေချိတ်နေကြ စည်းရိုးတိုင်မှာ စည်းချအင်း ချိတ်ထားတာ မတွေ့လို့မေးကြည့်တာ…´
`နေပါဦးကွ…ဒါနဲ့ အဖေ အိမ်ကို စည်းချထားတာ မင်းက ဘဟ်လိုလုပ်သိနေတာတုန်း…´
`ဗျာ…ဟာ…အဖေကလဲ အဖေ့သားပဲ နည်းနည်းပါးတော့ သားလဲ ရိပ်စားမိတာပေါ့…´
`ဟားဟား…ငါ့သားက အိမ်ကို စည်းချထားတာတောင် အဖေမပြောပဲ သိနေတယ်ဆိုတော့ ငါ့သားက ငါ့နည်းနည်းတော်လာပါလား…ဟားဟား´
`ဒါပေါ့ အဖေရ…အဲ့အင်းကို အဖေ ဘယ်မှာချိတ်ထားတာလဲဟင်…´
`အခု…စည်းချအင်းကို အဖေစည်းရိုးတိုင်မှာ ချိတ်မထားတော့ဘူးကွ…ခေါင်းရင်း ခြံစည်းရိုးတိုင် အောက်မှာ မြေထဲမြှုတ်ထားတယ်…မင်းဘာလုပ်မလို့တုန်း…´
`သိချင်လို့ပါ အဖေရ…ဘာဖြစ်လို့ အရင်နဲ့မတူပဲ မြေထဲမြှုတ်ထားရတာလဲ…´
`စည်းချ စမ အင်း ဆိုတာ ပုံသေလုပ်လို့မရဘူးလေ တစ်ခါတစ်ရံမှာ ပယောဂါအသေးအကြီးနဲ့ ချိန်းပြီး လိုသလို စီရင်ရတယ်…အဖေ့စိတ်ထဲမှာ ရှိနေတဲ့ ပယောဂါက အဖေ့စိတ်ကိုတောင် လွမ်းမိုးနိုင်ပြီး သူရှိနေမှန်း အဖေ့စိတ်က ခံစားနေရလို့ သာမာန်မဟုတ်လောက်ဘူး ထင်တာနဲ့ ပိုပြင်းအောင် ခေါင်းရင်းခြံထောင့်မှာ မြှုတ်ထားလိုက်တာပဲ…´
`ဟုတ်ကဲ့ အဖေ သားသေချာမှတ်ထားပါ့မယ် အဲ့ဒါသိချင်လို့ အဖေ့ဆီလာမေးတာ…ဒါဆို သားအခန်းထဲမှာပဲ ရှိနေမယ်အဖေ ခိုင်းစရာရှိရင် ခေါ်လိုက်နော်…´
အဖေ့အား တစ်ဖက်လှည့်ဖြင့် ကျွန်ုပ်မေးမြန်းခါ စည်းချအင်း ထားသည့်နေရာအား သိရှိလိုက်ရတော့သည်။ သို့နှင့် နောက်ဖေးထွက်ပေါက်မှ ထွက်ခါ အဖေမမြင်နိုင်သည့် နေရာမှ နေ၍ ထိုစည်းချအင်းအား ကျွန်ုပ်ပြန်လည် တူးဖော်နေခဲ့တော့သည်။ ဝိဥာဉ်မောင်ကျော်ကား ကျွန်ုပ်၏ နေအိမ်ခြံရှေ့သို့ ရောက်ရှိလာပြီး ခြံအတွင်းသို့ ဝင်ရောက်ရန် ခြေလှမ်းစတင်လိုက်စဉ်မှာပဲ
`အား!…´
အာမေဋိအသံထွက်ခါ ခြံနှင့် ဝေးကွာရာသို့ လွှင့်စင်သွားလေတော့သည်။ ဝိဥာဉ်မောင်ကျော်၏ ထိုအသံကို ကျွန်ုပ်ကြားလိုက်ရလေသလား ခေါင်းရင်း ခြံဒေါင့် စည်းရိုးတိုင်မှ အပြေးထွက်လာခါ ခြံအပြင်အား ကြည့်လိုက်ပြီး နာကျင်စွာ မြေပြင်ပေါ်သို့ လဲကျနေသော ဝိဥာဉ်မောင်ကျော်အား တွေ့လိုက်ရလေသည်။ မောင့်ကျော့်အနားသို့ ကျွန်ုပ်အပြေးသွားလိုက်ပြီး
`ဟာကွာ…ပြန်ထ မင်းကလဲ အလောတကြီး ဝင်လာတာကိုကွ…အခုမှ စည်းချအင်းကို တူးနေတုန်းရှိသေးတယ် မင်းဝင်လို့ ဘယ်လိုလုပ်ရဦးမှာလဲ…ထထ´
နာကျည်မှု့မရှိသော ဝိဥာဉ်မောင်ကျော်ကား ထိုစည်းချ စမ အင်းကြောင့်အလား မြေပြင်ပေါ်မှ နာကျင်မှု့များဖြင့် ပြန်လည်မထနိုင် သို့နှင့် သူ့အား ကျွန်ုပ်လက်လှမ်းပေးခါ ဆွဲထူးလိုက်ရသည်။ ကျွန်ုပ်လက်အား သူကောင်းစွာ ဆွဲကိုင်လျက် လဲကျနေသည့် မြေပြင်အပေါ်မှ ပြန်လည် ထနိုင်ခဲ့သည်။ ညနေဆောင်းအချိန်ခါ၌ ကျွန်ုပ်၏ အပြုမူများအား မြင်တွေ့သွားရသော လမ်းသွား လမ်းလာ တစ်ချို့ကား ကျွန်ုပ်ပင်လျင် ရူးနေသလား တစ်ယောက်တည်းစကားပြောလျက် လဲကျနေသည့် မောင်ကျော်ကို လက်လှမ်းပေးလျက် ဆွဲထူနေခဲ့သည်က တစ်ယောက်တည်းပင် ဖြစ်နေချေသည်။
`ကဲလာ…ခြံအပြင်မှာ ခဏနေဦး…မင်းခြံထဲဝင်လို့ရအောင် ငါလုပ်နေတယ်´
ကျွန်ုပ်၏ ပြောစကားအား မောင်ကျော် စိုက်ကြည့်လျက် ထိုနောက်
`ကိုထီး…ခင်ဗျား နေ့လည်က ဖြူ့ဆီလာသွားသေးတယ်ဆို…ဖြူ့နဲ့ မတွေ့ခဲ့ဘူး မဟုတ်လား…´
မောင်ကျော်၏ ပြောစကားကြောင့် ခြံဒေါင်းမြေအား တူးနေရာမှ သူ့အား ကျွန်ုပ်မော့ကြည့်မိလိုက်သည်။
`သိပ်ဟုတ်တာပေါ့…ငါ့ကိုပြောတယ် မင်းပြောတဲ့ အိမ်လိပ်စာမှာ အဲ့ဒီနာမည်နဲ့ မိန်းကလေးမရှိဘူးတဲ့ အိမ်မှားနေတာလို့ ပြောလိုက်တယ်…ဟုတ်လား မောင်ကျော် ဘယ်လိုဖြစ်တာလဲ…´
`ကျုပ်ပြောတဲ့ လိပ်စာက မမှားပါဘူး ဖြူက အချိန်ပြည့် သူ့အိပ်ခန်းထဲမှာပဲ ရှိနေတာ အိမ်အပြင်ကို တစ်ခါတစ်လေမှ ထွက်လာတာလေ အဲ့ဒါကြောင့် သူတို့လိမ်ပြောနိုင်တာ…´
`ငါလဲ ထင်ပါတယ်…မင်းကို အကူညီပေးချင်လို့ ငါအစွမ်းကုန် ကြိုးစားနေလျက်ပါပဲ.´
`ကျုပ်ကြောင့် ခင်ဗျား ထိခိုက်နစ်နာမှာ မလိုလားဘူး အခု ခင်ဗျားတို့ နေ့ခင်းကလာသွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဖြူ့အဖေက ကျုပ်နဲ့ပတ်သတ်တဲ့ လူလို့ ရိပ်မိနေပြီ နောက်ဆို ခင်ဗျားကို အန္တရယ်ပေးနိုင်တယ် ကျုပ်ကို သတ်သွားတဲ့ လူတွေနဲ့ တိုင်ပင်ပြောနေတာ ကျုပ်ကြားလိုက်ရတယ်…တောက်!…ဒီကောင်တွေကို ကျုပ်ကိုတိုင် ပြန်သတ်မယ်…ပြန်သတ်မယ်´
ကြုံးဝါးလျက် မောင်ကျော် ကျွန်ုပ်အနားမှ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
`ဟာ…မောင်ကျော်…မောင်ကျော်…ဟေ့ကောင်…ဘယ်…ဘယ်ပျောက်သွားတာလဲ…ပြောသွားဦးလေ ငါဘယ်လို ဆက်လုပ်ရမှာတုန်း…ဟာ…´
အကြိမ်ကြိမ် ကျွန်ုပ်အော်ခေါ်နေခဲ့သော်လည်း ကျွနိုပ်အနားသို့ မောင်ကျော် ပြန်လည် ရောက်ရှိမလာချေ။ သူ၏ စိတ်အတွင်း၌ မိမိအား ရက်စက်စွာ သတ်ဖြတ်ခဲ့သော လူသုံးယောက်ကို မြင်လျက် စိတ်ရိုင်းများ ဝင်ရောက်လာချေတော့သည်။
ထိုနောက် အိမ်ကြီးဆီသို့ ရောက်ရှိသွားပြီး မိန်းမဖြစ်သူ ရှိနေသည့် အိမ်ခန်းအတွက်းသို့ ဝင်ရောက်သွားခါ
`ဖြူ…အောက်ထပ်မှာ ငါ့ကို ရက်ရက်စက်စက် သတ်သွားတဲ့ သူတွေ ရောက်နေတယ်…ငါသူတို့ကြောင့် မင်းနဲ့ကွဲခဲ့ရတာ ငါပြောနေတာ နားထောင်ပါဦး…အဲ့ဒီလူသတ်ကောင်တွေ ငါလက်စားပြန်ချေချင်တယ်…´
အခန်းရှင်းနေသည့် မိန်းမအား မကြားနိုင်သော်လည်း မောင်ကျော်တစ်ယောက် သူ၏စကားများအား အဆက်မပျက်ပြောနေမိခဲ့သည်။ မကြားနိုင်သည့် ဖြူတစ်ယောက်မှာတော့ မိမိလုပ်လက်စ အလုပ်များ မပျက်လုပ်နေခဲ့သည်။ ထိုနောက် သူ၏စိတ်အတွင်း၌ အသိဝင်လာကာ မိန်းမဖြစ်သူအား စကားများ ဆက်မပြောတော့ပဲ ရပ်တန့်သွားလျက် အိပ်နေသည့် သမီးလေးဘအနားသို့ ရောက်သွားခါ
`သမီးလေး…ဖေဖေလေ သမီးလေးကို သိပ်ချီချင်တာပဲ ဖေဖေသမီးလေးကို ဒီတစ်သတ်သတ် ချီပိုင်ခွင့်မရှိတော့ဘူး…´
အိပ်နေသည့် သမီးလေးအား ကြည့်လျက် မောင်ကျော်ပြောနေသည်က မျက်ရည်များဖြင့် ပွင့်နေသည့် အိပ်ခန်းတံခါးအပြင်သို့ ရုတ်တရက် ခွေးလေးတိုးပွား ပြေးထွက်သွားပြီး အောက်ထပ် ထမင်းစားခန်း၌ ရှိနေသော လူသတ်သမားများဆီသို့ အပြေးသွားကာ ထိုးဟောင်လျက် ကိုက်ဖဲ့ရန် စတင်တော့သည်။
`ဟာ…ဆရာကြီး လုပ်ပါဦး…ကျုပ်တို့ကို လိုက်ကိုက်နေပြီ လုပ်ပါဦ…´
ထိုသူသုံးယောက်မှာ နီးစပ်ရာ အမြင့်ပေါ်သို့ လျင်မြန်စွာ တတ်လျက်နှုတ်မှ အဆက်မပျက်အော်ပြောလေတော့သည်။
`ဟာကွာ…ဒီခွေးစုတ် သွားစမ်း…ကဲ့ကွာ…´
အနီးရှိတုတ်တစ်ချောင်းအား ဆွဲယူလျက် ဦးခိုင်ခံ့တင်တစ်ယောက် ခွေးလေးတိုးပွားအား ညာတာမှု့ကင်းမဲ့လှစွာ ရိုက်နှပ်လေတော့သည်။ ခွေးလေး၏ နာကျင်လွန်းသော အသံအား ကြားလိုက်ရသည့် ဖြူတစ်ယောက် အိမ်အောက်ထပ်သို့ အပြေးဆင်းလာပြီး
`ဖေဖေ…ဖေဖေ…မ…မလုပ်ပါနဲ့´
သမီးဖြစ်သူ၏ တားစီးမှု့ကြောင့် ဦးခိုင်ခံ့တင် ခွေးလေးအား ဆက်မရိုက်တော့ပဲ
`သမီး…နင့်ခွေးကို သေချာထိန်းထားစမ်း…ကြာရင် ငါသတ်မိလိမ့်မယ်…´
ခွေးလေးတိုးပွား၏ ကြီးမားလှသော ခန္ဓာကိုယ်အား ဖြူတစ်ယောက် ပွေ့ချီလျက် အိပ်ခန်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားလေတော့သည်။
ထိုနောက် မိမိအိပ်ခန်းသံတိုင်၌ သံကြိုးဖြင့် ချီးထားလိုက်သည်။
`နင်ဘာလို့ အဲ့ဒီလို ဆိုးရတာလဲ နင်အဲ့ဒီလုပ်ရင် ဖေဖေနင့်ကို သတ်လိမ့်မယ်နော်…´
သခင်ဖြစ်သူ ဖြူ၏ စကားအား တိုးပွားကြီးတစ်ကောင် စိုက်ကြည့်လျက် နားထောင်နေသည့်အလား ငြိမ်သတ်သွားခဲ့သည်။ ထိုမြင်ကွင်းအားလုံးနှင့် ခွေးလေးတိုးပွား၏ အားကိုရပုံတို့ကို ကောင်းစွာသိရှိသွားသည့် ဝိဥာဉ်မောင်ကျော်က ခွေးလေးအား ချီထားသည့် သံတိုင်သို့သွားလျက်
`တိုးပွား…မင်းအဲ့ဒီလို နောက်တစ်ခါ မလုပ်ရဘူးနော် ငါ့အတွက် မင်းကသိပ်အားကိုရတဲ့ အဖော်ကောင်းပါ…အဲ့ဒီလိုလုပ်ရင် မင်းကို ဦးခိုင်ခံ့တင် သတ်ပစ်လိမ့်မယ်…´
သံကြိုးဖြင့် ချည်ထားသည့် ခွေးလေးအား မောင်ကျော်တစ်ယောက် ဆုံမနေသည့်အလား စကားများပြောနေမိသည်။ ထိုအချိန်၌ အိပ်ခန်းတံခါးသို့ လာရောက်ခေါက်လျက်
`သမီး…နင့်အဖေ ခေါ်နေတယ်´
အပြင်မှ လူကြီးတစ်ယောက်၏ ခေါ်သံကြောင့် အခန်းတံခါးအား ဖြူဖွင့်လိုက်ပြီး မောင်ကျော်အပါအဝင် ကြည့်မိလိုက်ရာ မိမိအားရက်စက်စွာ သတ်ခဲ့သော လူသတ်သမား သုံးယောက်တည်းမှ တစ်ယောက်ဖြစ်နေလေသည်။ ထိုသူအား မြင်လျင်မြင်ချင်း ဝိဥာဉ်မောင်ကျော်မှာ မိမိ၏ ဖြူဖွေးသန့်ရှင်းသော ဝိဥာဉ်အသွင်မှ စိတ်ရိုင်းများ ဖုံးလွှမ်းကာ ညိုမှောင်းသော ဝိဥာဉ်တစ်ကောင်ဖြစ် ကူးပြောင်းသွားလေတော့သည်။ မိမိ၏ အားကိုးအားထားပြုရသော ခွေးလေးတိုးပွားပင်လျင် မမှတ်မိနိုင် မောင့်ကျော်အား စိုက်ကြည့်လျက် ရုတ်တရက် ထိုးဟောင်အူမြည်လိုက်တော့သည်။
`အောင်မလေး!…ဟဲ့တိုးပွား ဘာလို့ထအူတာလဲ လန့်တောင်လန့်တယ်…´
သခင်ဖြူသူ ဖြူဖြူသျှင်းသည်ပင်လျင် ထိုသို့ ခွေးလေးတိုးပွား၏ နက်ရှိုင်းသော အူသံကို ယခုမှပင် စတင်ကြားဘူးလိုက်ောတ့သည်။ ထိုသူခေါ်ရာနောက်သို့ ဖြူလိုက်ပါသွားပြီး ဧည့်ခန်းအတွင်းသို့ရောက်သည်နှင့် မိမိအား ဖခင်ဖြစ်သူမှ ဓာတ်ပုံလေးတစ်ပုံ ထုတ်ပြလိုက်ပြီး
`ကြည့်စမ်း…သမီး…နင့်ယောကျာ်း တစ်ခြားတစ်ယောက်နဲ့ ပျော်ပါးနေတဲ့ ပုံ ငါ့တပည့်တွေ တွေ့ခဲ့တာ…´
ဖခင်ပြသည့် ပုံလေးအား ဖြူတစ်ယောက် ယူကြည့်လိုက်ပြီး စိတ်ဆိုးဒေါသထွက်လျက် နှုတ်မှ တောက် ခေါက်သံအား ကျယ်လောင်စွာ ခေါက်လိုက်သည်။
`ယုံတောင် မယုံနိုင်ဘူး…သူတကယ်ပဲ နောက်တစ်ယောက်နဲ့ လိုက်သွားတာပဲ…´
နှုတ်မှရည်ရွတ်လျက် အိပ်အပေါ်ထပ်သို့ ငိုယိုကာ ဖြူအပြေးတတ်သွားတော့သည်။
`ခင်ဗျားတို့ သိပ်ယုတ်မာပါလား…ကျုပ်မဟုတ်ပဲ လိမ်တယ်…ခင်ဗျားတို့ကို သတ်ပစ်မယ်…´
ဟုဆိုလျက် ခုံပေါ်တွင် တင်ထားသော ပန်းအိုးအား လက်ဖြင့် အားကုန် ရိုက်ချလိုက်လေရာ ပန်းအိုးမှာ အောက်သို့ ပြုတ်ကျသွားလျက် ကွဲသွားလေတော့သည်။ ထိုအဖြစ်ပျက်အား ကြုံလိုက်ရသည့် ဦးခိုင်တင်နှင့်အတူ သူ၏ တပည့်အပေါင်တို့ မျက်နှာချင်းဆိုင် ကြည့်မိလိုက်ပြီး သာမာန်မဟုတ်သည့် ဖြစ်ရပ်တစ်ခုဟု ကောက်ချက် ချလျက် စိုးရိမ်သော အမူယာဖြင့် ဦးခိုင်ခံ့တင် တစ်ခုခုအားတွေးမိလိုက်သည်။ ထိုအချိန်မှစလျက် ဝိဥာဉ်မောင်ကျော်ဟာ ဖြူစင်သန့်ရှင်းသည့် ဝိဥာဉ်အဖြစ်မှ ပြောင်းလဲကာ စိတ်ရိုင်းများ ဝင်ရောက်လျက် ထိုအိမ်ကြီးအတွင်း၌ ဆိုးရွားစွာ စတင်ကြောက်လန့်လေတော့သည်။
ညဥ့်နက်နက်ကား တိတ်ဆိတ်ငြိမ်သတ်လှသည်။ အစရှာမရသည့် မတရားအမှူ့ကြီးအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အကူညီပေးရန် စီစဉ်ထားကြသော်လည်း အစရှာမရ ။ ဝိဥာဉ်မောင်ကျော်၏ ဖြစ်ရပ်အား အသိပေးပြောကြားရန် သူ၏ ဇနီးဖြစ်သူ ဖြူဖြူသျှင်းနှင့် တွေ့ခွင့်ရမည့် အခွင့်အရေးကလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်နေခဲ့လေတော့သည်။
`လုပ်ပါဦး…သရဲ…သရဲ…´ အချိန်ကား ည ၉ နာရီမျှ ရှိနေခဲ့ပြီ အိမ်ကြီး၏ အောက်ထပ် ထမင်းစာခန်း၌ သန့်ရှင်းရေး လုပ်နေသော အိမ်ဖော်မလေး၏ ရုတ်တရက် အော်သံကြောင့် ဧည့်ခန်းအတွင်းတွင် စကားပြောဆိုနေကြသော ဦးခိုင်ခံ့တင်နှင့်အတူ သူ၏ တပည့်များ အပြေးရောက်ရှိလာကြပြီး
`ဘာဖြစ်တာလဲ မိတုန်…´
`ဘ…ဘကြီး…သ…သရဲ…´
`ဘယ်မှာလဲ…´
`ဟို…ဟိုမှာ…´အိမ်ဖော်မလေး လက်ညိုးထိုးညွှန်ပြနေသည်က အိမ်၏ မျက်နှာကြပ်ခေါင်မိုးသို့ပင်။ မိန်းကလေး ညွှန်ပြသည့် မျက်နှာကြပ်အား ကြည့်လိုက်ပြီး
`ဘယ်မှာလဲ…ဘာမှလဲ မရှိဘူး…သေချာကြည့်ပါဦး…´
`သ…သမီး…မ…မကြည့်ရဲ့ဘူး…အခုနက ခေါင်မိုးပေါ်မှာ မည်းမည်းအကောင်ကြီး တစ်ကောင် ကပ်နေတာ သမီးတွေ့လိုက်တယ်…သရဲ…သရဲ´
အိမ်ဖော်ကောင်မလေး၏ ပြောစကားကြောင့် ဦးခိုင်ခံ့တင် တွေးဝေငေးငိုင်သွားလေသည်။ ထိုနောက် မိမိထိုးရိုက်နှက်ခဲ့သော ယောင်ဂီဝတ်စုံဖြင့် လူကြီးပြောခဲ့သည့် စကားတို့အား နားထဲပြန်ကြားလျက် သူ၏ တပည့်များဆီသို့ ဦးခိုင်ခံ့တင်၏ အကြည့်တစ်စုံသို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။
***************************-----****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား ဆက်လက်ဖော်ပြပေးပါမည်ခင်ဗျာ။
စာရေးသူ-ထီးကလေး
မကြီး Soe San အား အစဉ်လေးစားနေလျက်ပါ။
Post Top Ad
Responsive Ads Here
အပိုင်း(၅)ဝိဥာဉ်နှင့် ပျောက်ဆုံးနေသော သူ၏ိံအလောင်း
Share This
Tags
# ၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Share This
About Unknown
၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment