ူတစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ကဝေဘုရင် ယမမင်းရှင်✔
(၄)
စာရေးသူ -ထီးကလေး🌂၊မျှာကလေး⬆
⏪⏪
မျှားကလေး၏ မိဘနှစ်ပါးက သူမတစ်ယောက်တည်းကိုသာ ရန်ကုန်မြို့လယ်ခေါင်၌ မွေးဖွားခဲ့ကြောင်း အမွှာညီမ မရှိကြောင်း သိခဲ့ရသည်။သို့ပေမယ့် လေးယောက်သား ယုံရခတ်နေလျက် ကိုအောင်ပြောသည့် စောမြို့အစွန်သို့သွားရန် စီစဉ်ကြတော့သည်။
****************************
ထိုမြိုကလေးကား လူဦးရေနည်းပါးလျက် အလွန်ပင် ခေါင်သော ယောနှင့်စောမြို့တို့၏ အစွန်ဆုံးနေရာတွင် တည်ရှိသည်။ ရှစ်ရွာပိုင် မြို့လေးဖြစ်ပြီး နေထိုင်သူအများပြားက တောင်သူ လယ်သမားများဖြစ်လျက် ရိုးသားဖြူစင်ကြသည်။ထိုမြို့ပေါ်တွင် ကဝေဘုရင် ဦးမျိုးမြင့်၏ တပည့်များက စားသောက်ဆိုင်ဖွင့်ထားပြီး အလွန်ပင် ရောင်းကောင်းလျက်ရှိသည်။နေ့စဉ်စားသောက်သူပျက် အချိန်တိုင်းလိုလို ရောင်းနေရသော ဆိုင်တစ်ဆိုင်ဖြစ်ပြီ်း ထိုမြို့လေးပေါ်တွင် ရောင်းအားအကောင်းဆုံး ဆိုင်အဖြစ် နေရာယူထားလျက်ရှိသည်။စားပွဲထိုး စာဖိုမှူးမှ အစ တစ်ဆိုင်လုံး မိန်းမချောလေးများ ဖြစ်လျက် လာရောက်စားသောက်သူ လူအများစုဟာလည်း အရွယ်သုံးပါး ယောက်ျားတို့ပင်ဖြစ်ချေသည်။အတိတ်မေ့နေသူ သမီးကိုခေါ်လျက် တစ်နေ့ ထိုဆိုင်လေးသို့ဦးမြင့်မျိုးရောက်ရှိလာခဲ့သည်။ဆိုင်ထဲသို့ရောက်သည်နှင့် ဆိုင်ရှိ မိန်းမချောလေးများက ဦးမျိုးမြင့်အား ဦးတိုက်ရှစ်ခိုးလျက် အရိုသေပေးကြသည်။ ဦးမျိုးမြင့်ကား ထိုဆိုင်လေးတွင် တစ်ပတ်ခန့်နေမည်ဖြစ်ကြောင်းအား ဆိုင်ရှင် မိန်းကလေးများအား ပြောလျက်
`ရောင်းကောင်းရဲ့လား…´
`ဘာပြောကောင်းမလည်း အဖေကြီးရာ အရမ်းရောင်းကောင်းတယ် သမီးတို့ကိုအခုလို ဆိုင်ဖွင့်ပေးတာ ကျေးဇူးအရမ်းတင်ပါတယ်…´
`မလိုပါဘူး…ငါအလိုရှိတဲ့အခါမှာသာ နင်တို့ငါ့ကို အကူညီပေး…´
`စိတ်ချပါ အဖေကြီး သမီးတို့အဖေကြီးအတွက် အသက်ပေးဖို့ဝန်မလေးပါဘူး…´
`ဒါက ငါ့သမီး နှင်းဆီလို့ခေါ်တယ် ငါတို့သားဖနှစ်ယောက် နင်တို့ဆိုင်မှာ ခဏအပန်းဖြေဖို့ အလည်လာတာ…´
`ဟုတ်ကဲ့ ဖေကြီး မမနှင်းဆီပျော်သလောက် နေသွားပါ´
အတိတ်မေ့နေသူ မိန်းကလေးနှင့် သူ၏တပည့်များအား မိတ်ဆတ်ပေးလျက် ဆိုင်တွင် ထိုင်နေစဉ်မှာပဲ
`လာပါ အစ်ကိုကြီရ ဆိုင်ထဲကို ဝင်ခဲ့လေ´
ဆိုင်ရှေ့မှ အသံတစ်ခုကြားသောကြောင့် လှမ်းကြည့်လိုက်ရာ ဖိုးချစ်တစ်ယောက်ကို တွေ့လိုက်ရသည်။ဆိုင်ရှင် မိန်းကလေးများက
`အဖေကြီး အရူးလားမသိဘူး မောင်းထုတ်လိုက်မယ်…´
`နေဦး…သူက အရူးမဟုတ်ဘူး ဝင်လာပါလိမ့်စေ ထားလိုက်…´
မိန်းကလေးများအား တားလိုက်ပြီး ဆိုင်ရှေ့တွင် တစ်ဦးတစ်ယောက်တည်း အပြင်းပွား ပြောဆိုနေသော ဖိုးချစ်အား ဆိုင်ရှိလူများက အရူးတစ်ယောက်သဖွယ် လှောင်ပြုံးများဖြင့် ကြည့်နေခဲ့သည်။
`ညီလေး…တစ်ခြားဆိုင်ကို သွားရအောင်ကွာ အစ်ကိုကြီးဒီဆိုင်ကို ကြည့်ရတာ တစ်မျိုးကြီးပဲ တစ်ခုခုထူးဆန်းနေတယ်…´
`ဟာဗျာ…အစ်ကိုကြီးကလဲ မြို့ပေါ်ရောက်တုန်း ရောက်ခိုက် ဒီလောက်နာမည်ကြီးနေတဲ့ဆိုင်မှာ ထိုင်သွားချင်လို့ပါဗျ လာပါဗျ´
မည်သူမှ မတွေ့နိုင်သည့် အစ်ကိုဖြစ်သူ ယောင်တုန်းလေးအား ကလေးတစ်ယောက် သဖွယ်ဂျစ်တိုက်ပူဆာနေသည်ကြောင့် မငြင်းဆန်တော့ပဲ ဆိုင်ထဲသို့လိုက်ပါလာချေတော့သည်။ဆိုင်ထဲရောက်သည်နှင့် ဖိုးချစ်ထိုင်နေသည့် ဆိုင်ပွဲဝိုင်းဘေးသို့ရောက်လာသူက အတိတ်မေ့နေသူ မိန်းကလေးပင်
`ဟင်…အမိ ခင်ဗျားက ဒီဆိုင်မှာ အလုပ်လုပ်တာလား…´
`ဟင့်အင်း ဒါက နှင်းဆီ အဖေဆိုင်လေ´
`ထပ်ဆုံရပြန်ပြီနော်…အမိနဲ့ကျုပ်က ရှေးဘဝက ရေဆက်ပါတယ်နဲ့ထင်တယ်´
`ဒါပေါ့…ဘာမှာပေးရမလဲ´
`ကျုပ်တို့ညီအစ်ကို နှစ်ယောက်အတွက် ခေါက်နှစ်ပွဲပေးနော်…´
ထိုမိန်းကလေးက ဖိုးချစ်၏ ပြောစကားကို ကြောင်တောင်တောင်ကြည့်နေလျက် ပြုံးစိစိဖြင့်ထွက်သွားချေသည်။ မှာထားသော ခေါက်ဆွဲလာမပို့ခင်မှာပဲ ယောင်တုန်းလေးဟာ့ ညီဖြစ်သူဖိုးချစ်အား ဆိုင်အပြင်သို့ ခေတ္တထွက်ချင်ကြောင်း ပြော၍ ထွက်သွားခဲ့သည်။ထိုဆိုင်ထဲသို့ ရောက်ရှိကတည်းမှ ယောင်တုန်းလေး၏ ခန္ဓာကိုယ်အား ချုပ်ထားခြင်းခံရသကဲ့သို့ မွန်းကြပ်လာသည်ကြောင့် အပြင်သို့ခေတ္တထွက်သွားခြင်းဖြစ်သည်။ဆိုင်ထဲသို့ပြန်ဝင်လာချိန်မှာပဲ ခေါက်ဆွဲနှစ်ပွဲလုံးအား ဖိုးချစ်တစ်ယောက်တည်း စားလိုက်ပြီး အစ်ကိုဖြစ်သူ ယောင်တုန်းပြန်ဝင်လာသည်ကို တွေ့တော့
`အစ်ကိုကြီး ကျုပ် ဆာတာနဲ့နှစ်ပွဲစလုံး စားပစ်လိုက်ပြီ …အစ်ကိုကြီးအတွက် ပြန်မှာပေးမယ်…´
`မမှာနဲ့တော့ ညီလေး မင်းစားပြီးရင် အစ်ကိုတို့ပြန်ကြမယ်…´
ငယ်စဉ်ကတည်းမှ တောအရပ်တွင်ကြီးပြင်းလာသော ဖိုးချစ်လေးအား အစ်ကိုဖြစ်သူ ယောင်တုန်းလေးက မြို့သို့အလည်လိုက်ပို့ပေးလျက် လိုအပ်သည်များအား ဝယ်ယူကာ ရွာထဲသို့ပြန်ရန် ချေဦးလှည့်လိုက်တော့သည်။တစ်မြို့လုံး၏ ပါးစပ်ဖျားတွင် ရေပန်းစားလျက်ရှိနေသော ထိုစားသောက်ဆိုင်အား ဖိုးချစ်တစ်ယောက် စိတ်ဝင်စားကာ ရောက်ရှိလာခြင်းဖြစ်ချေသည်။ညီအစ်ကို နှစ်ယောက်အတွက် မိဘများထာခဲ့သော အမွေတို့ဖြင့် စားမကုန်နိုင်အောင် ဖြစ်လင့်ကစား ယောင်တုန်းလေးမှာလည်း သူ၏ လူသားဆန်ဆန် အစ်ကို စိတ်ဖြင့် မိဘများရှာဖွေပေးခဲ့သော ပစ္စည်းတို့အား ထိန်းသိမ်းစောင့်လျောက်ပေးလျက်ရှိသည်။အတိတ်မေ့နေသူ မိန်းကလေးအား ကဝေဘုရင်မှ အောက်လမ်းပညာ အမျိုးမျိုးတို့ကို သင်ကြားပေးနေလျက် ကဝေဘုရင် အဆင့်ထိရောက် သင်ကြားပေးမည် ဖြစ်ကြောင်းအား ပြောခဲ့သည်။ထိုမိန်းကလေးက ဦးမျိုးမြင့်အား ဖခင်အရင်းသဖွယ် ထင်မှတ်နေလျက် သူခိုင်းစေသမျှ အရာအားလုံး လုပ်ပေးနေလျက်ရှိသည်။လပြည့်ညတစ်ည ထိုညတွင် ဖိုးချစ်သိမ်းဆည်းထားသော ဖခင်၏ သေတ္တာလေးမှာ အရောင်များ ထွန်းလင်းတောက်ပလျက် မည်သူတစ်ဦးတစ်ယောက်မှ မဖွင့်ပဲ အလိုလိုသာ ပွင့်လာတော့သည်။ အိမ်ရှေ့၌ အိပ်နေသော ဖိုးချစ်၏မျက်လုံးများထဲသို့ ထိုအလင်းတန်းများ ဝင်ရောက်လာလေသလား အလင်းရောင်များကြောင့် အိပ်နေရာမှ နိုးသွားပြီး။ ဘုရားစင်အပေါ်တွင် ထွန်းလင်းတောက်ပလျက် ပွင့်နေသော သေတ္တာလေးအား တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ရင်ဘက်တွင် ရှိနေသော မွေးရာပါ စင်္ကြာပုံလေးမှာလဲ မို့မောက် ဖောင်းကြွလာခဲ့ချေသည်။ရင်ဘက်အား ငိုက်ကြည့်လိုက်ပြီး ပွင့်လာသော သေတ္တာလေးအား ကြည့်ရန် ဖြည်းညင်းသော ခြေလှမ်းတို့ဖြင့် ဘုရာစင်ရှိရာသို့ထလာခဲ့သည်။ထိုနောက် သေတ္တာလေးအား ယူလိုက်ပြီ အသွင်းသို့ကြည့်လိုက်ရာ ကြေးပုရိပိုက်တစ်ခုအား တွေ့လိုက်ရသည်။မည်သည့် ပစ္စည်းဖြစ်သည်ကိုတော့ သူမသိနိုင်ပဲ အစ်ကိုဖြစ်သူ ယောင်တုန်းလေးအား အကူညီတောင်းမေးရန် အော်ခေါ်နေခဲ့သည်။ သို့ပေမယ့် အစ်ကိုဖြစ်သူ ယောင်တုန်းလေး၏ ပြန်ထူးသော အသံကိုပင် မကြားရသည်ကြောင့် သေတ္တာထဲမှ ကြေးပုရိပိုက်လေးအား ထုတ်လိုက်ပြီး မျက်နှာဖုံးအား ကြည့်လိုက်ရာ မိမိရင်ဘတ်တွင် ရှိနေသော စင်္ကြာပုံအမှတ်သားဖြင့် မျက်နှာဖုံးထားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် ကြေးစာရွက်များအား တစ်ရွက်ချင်း လှန်လျက် ကြည့်နေခဲ့သော်လည်း နားမလည်နိုင်ပဲ
`ဘာတွေမှန်းလဲ မသိဘူး…အဖေက ဒါကိုများ အရေးတကြီး သိမ်းထားသေးတယ် ဒီအမှတ်သားက ငါ့ရင်ဘတ်က အမှတ်နဲ့တော့ တော်တော်လေးတူတယ် ဘာအသုံးဝင်လဲဆိုတာတော့ အစ်ကိုကြီးသိလောက်မယ်နဲ့ထင်တယ်´
ကြေးပုရိပိုက်လေးအား ကိုင်ထားလျက် နှုတ်မှ ရည်ရွက် ပြောဆိုနေခဲ့သည်။ သို့နှင့် သေတ္တာလေးထဲသို့ပြန်ထည့်လိုက်ပြီး အစ်ကိုဖြစ်သူအား ခြံထောင့်တွင် ရှိနေမည်ဆိုသည်ကို သိလျက် ထိုအကြောင်းများအား ပြောပြရန် ခြံထဲသို့ဆင်းလာခဲ့သည်။မိမိ ဆယ်နှစ်သားအရွယ်ကတည်းမှ ထိမ်းကြောင်းပေးနေသော အစ်ကိုဖြစ်သူက ညဘက်များ မအိပ်တတ်ကြောင်း ကြိုတင်သိရှိထားလျက် ခြံထောင့်သို့လရောင်အလင်းဖြင့် ဦးတည်သွားနေတော့သည်။ ထိုအခါ ခြံထောင်မှ ယောင်တုန်းလေး ထွက်လာပြီး
`ညီလေး…´
`ဟင်!…အစ်ကိုကြီး ဘယ်တွေ လျောက်သွားနေတာတုန်း ကျုပ်လိုက်ရှာနေတာ ´
`ဘယ်မှ မသွားပါဘူးကွ ခြံထောင့်မှာ တရားထိုင်နေတာ …ဘာလို့ဖို့လိုက်ရှာနေရတာတုန်း ဘာပြောမလို့လဲ ညကြီးအချိန်မတော်´
`ဟိုတစ်လောက ကျုပ်တို့တွေ ဖွင့်လို့မရတဲ့ အဖေသိမ်းထားတဲ့သေတ္တာလေး အခု အလိုလို ပွင့်နေလို့ဗျ…အထဲမှာ ကြေးမျက်နှာဖုံးနဲ့ စာအုပ်တစ်အုပ်တွေ့တယ် ဘာတွေ ရေးထားသလဲ ကျုပ်မသိတာနဲ့ အစ်ကိုကြီးကို မေးမလို့…´
`ဟေး!…အလိုလို ပွင့်လာတယ် ဟုတ်စ´
`ဟုတ်တယ် လာလာ…ကျုပ်လိုက်ပြမယ်…´
ပြောပြောဆိုဆိုဖြင့် အစ်ကိုဖြစ်သူ၏ လက်အားဆွဲလျက် အိမ်ပေါ်သို့တတ်လာခဲ့ပြီ သေတ္တာလေးရှိရာ ဘုရားစင်သို့ဦးတည်နေခဲသည်။သို့ပေမယ့် သေတ္တတာလေးဟာ ဖွင့်မရတော့ပဲ နဂိုတိုင်း ပြန်လည်ပိတ်သွားချေခဲ့ပြီ။ အစ်ကိုဖြစ်သူအား သူမလိမ်ပါကြောင်းပြောလျက် ဖိုးချစ်အကြောင်းအား သိနှင့်ပြီးသော အစ်ကိုဖြစ်သူကတော့ ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့် လုပ်နေတော့သည်။
✏✏✏✏✏✏✏✏✏✏✏✏
`မောင်ကိုအောင်မှာလည်း ပညာတွေ ဆုံးရှုံးထားတယ်ဆိုတော့ မင်းတို့အဲ့ဒီနယ်ကို သွားရင် ကာကွယ်ပေးမယ့် သူရှိမှာ မဟုတ်ဘူး အဖေလည်း လိုက်ချင်ပေမယ့် မင်းအမေရဲ့ကျန်းမာရေးက ရှိနေသေးတယ် ဒီတော့ မင်းကို အဖေ ဆေးတတ်ပေးလိုက်မယ်…´
`ဦး…ကျုပ်ကိုလည်း ဆေးထပ်ပေးပါလား´
`ဟာ…ဦးမလုပ်ပေးပါရစေနဲ့ မောင်အောင်ကိုရာ မောင်ရင့်ဆရာနဲ့ပြန်တွေ့တော့မှ ပညာပြန်တတ်လိုက်တာ အကောင်းဆုံးပဲ´
`ကျုပ်ဆရာကြီးနဲ့ပြန်မဆုံဖြစ်တာ ၈ နှစ်နီးပါးလောက် ရှိနေပြီ…ဆရာကြီး တောင်ကွယ် သေဆုံး သွားရင်တော့ ဦးဆီမှာ ကျုပ်ဆေးတတ်ပါရစေ…´
`အေးပါကွယ်…စိတ်ချပါ မောင်အောင်ကိုက ခုနှစ်ရက် သားသမီးတွေကို ကယ်တင်နေတဲ့လူကောင်းဆိုတာ ဦးသိပါတယ် မောင်ရင်တို့သွားမယ့် ခရီးမှာ ဘေးမတွေ့ရအောင် ဦးအဆောင်လက်ဖွဲ့တစ်ခုတော့ ပေးလိုက်မယ် …သားထီးလေး´
`ဗျာ…အဖေ…´
`အဖေပေးထားတဲ့ သိပ်ဝင်ကျူတ်ဆွဲကြိုးကို အမြဲဆွဲထားတယ် ပြီးတော့ နေမှု့စားမှု့ အစစ ဂရုစိုက်ရမယ် ကြားလား…မင်းတို့သူငယ်ချင်းတွေ အကြောင်း ဖေဖေသိပေမယ့် လိုလိုပိုပိုမှာနေရတာ…တကယ်လို မောင်အောင်ကို ပြောသလို အဲ့ဒီမိန်းကလေးက သမီးမျှားကလေးသာ ဖြစ်နေမယ်ဆိုရင် ဒီမှာ ရှိနေတဲ့ ကလေးမလေးက ဘယ်သူလည်း ဘာကြောင့် မျှားကလေးအတိုင်း အားလုံးကို သိနေရတာလဲ ဖေဖေ့အထင်ပြောရရင် အဲ့ဒီရွာမှာ ရှိနေတဲ့ မင်းတို့သူငယ်ချင်း မျှားကလေးဖြစ်နိုင်ချေ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်…ကလေးမလေးကိုတော့ မျှားကလေးဝင်စားတယ်လို့ပဲ ဖေဖေထင်မိတယ်…ကဲပါ ဘာဘဲဖြစ်ဖြစ် ဟိုရောက်တာနဲ့ မောင်အောင်ကို ပြောတဲ့မိန်းကလေးကို တွေ့အောင်ရှာပြီ သူ့ရာဇာဝင်လိုက်ကြည့်လိုက်ရင် သမီးမျှားကလေး ဟုတ် မဟုတ် သိရမှာပါ´
`ဟုတ်တယ် ဦးကြီး ကျုပ်လဲ ဒီရောက်တော့ ဒီကလေးမလေကို တွေ့ပြီး ဟိုနယ်က မိန်းကလေးက မျှားကလေးလို့ပြောရမှာတောင် စွန့်အသွားခဲ့တယ် ကျုပ်စတွေ့တုန်းက မျှားကလေးလို့အော်ခေါ်လိုက်တာ သူရပ်တန့်သွားတယ် ပြီးတော့ ကြောင်တောင်တောင်ဖြစ်နေတယ် သူသာ အဲ့ရွာမှာ ငယ်ငယ်တည်းက နေခဲ့တဲ့သူဆိုရင် ကျုပ်ကို စကားပြန်ပြောသွားဦးမှာပေါ့ အဲ့ရွာက လူတစ်ယောက်ပြောမှ ကဝေဘုရင် သမီးဆိုတာ သိရတာ´
`ဟုတ်တော့ ဟုတ်နေပြီ…ဦး သားတို့ကိုအောင်နဲ့ အဲ့နယ်ကို လိုက်သွားနေတုန်း…ဒီက ကလေးမလေးကို ဘယ်လိုလုပ်မလဲ…´
`ဒီ့အတွက်တော့ စိတ်ချ မင်းတို့သာ စိတ်အေးအေးသွားကြ ကလေးမလေးနဲ့သူ့မိဘတွေကို ဦးတို့လူကြီးတွေ စောင့်ကြည့်ထားလိုက်မယ် …ကဲ…မင်းတို့ဒီမနက်ပဲ သွားကြမှာ မဟုတ်လား…သွားကြတော့…သားထီးလေး အစစအရာရာ ဂရုစိုက်နော်…´
`စိတ်ချ ဖေဖေ´
ပဟေဠိတစ်ခုကဲ့သို့ဝေခွဲမရဖြစ်ခါ ကိုအောင် ဦးဆောင်သည့် နယ်ဘက်သို့ခရီးစတင် ထွက်လာကြတော့သည်။ကား ၊ရထား၊ လှေ အဆင့်ဆင့်ဖြင့် အလွန်ပင်ခေါင်သော ထိုနယ်လေးသို့ ငါးယောက်သား ရောက်လာပါတော့သည်။ခရီးကကြမ်းပေမယ့် ခံနိုင်ရည်ရှိပြီးသား ဖြစ်သော သူတို့အတွက် ရှစ်ရွာပိုင် မြို့အစွန်သို့ရောက်ရှိလာချေတော့သည်။
`ကိုအောင် မြို့ပေါ်မှာတောင် လူရှင်းတယ်နော်…´
`ဟုတ်ပါ့…ဒီနယ်ကလူတွေက အေးဆေးနေတတ်ကြတယ် ဒါပေမဟ့် သူတို့ကို ရန်သွားမစကြနဲ့ တစ်ယောက်ထိတာနဲ့ ကျီးကန်းတွေလိုပဲ ဝိုင်းထိုးကြတာ…´
`ဒါ ဘာမြို့လို့ခေါ်လဲ…´
`ဒါ…စောမြို့အစွန်ဆုံးပဲ ဟိုးဘက်မှာ တောနက်ကြီးတစ်ရှိတယ် အဲ့ဒီတောနက်ကိုကျော်တာနဲ့ ပင်လယ်ပြင်ကြီးပဲရှိတော့တယ်…´
`ဒါယောမြို့အပိုင် စောနယ်အစွန်ဆိုတော့ ထီးလေး တို့ကိစ္စတွေ အားလုံးပြီးသွားရင် ယောနယ်က ဣစ္ဆာသယ ဦးအောင်ကြီးဆီကို အပြန် ဝင်လည်ရအောင်´
`ကောင်းတာပေါ့ကွ…စောနယ်က ခင်ဝါ(ခေါ်)မဖဲဝါ ရုပ်ထုကိုလည်း အပြန်ဝင်လေ့လာသွားကြတာပေါ့…´
`ကောင်းတယ်ဟေ့…ဒါပေမယ့် အခုဗိုက်ဆာနေပြီ တစ်ခုခုစားကြရအောင် ဆိုင်တစ်ဆိုင်အမြန်ရှာကြရအောင်…´
`ဒီအတွက်တော့ ဘာမှ မပူနဲ့ဗျို့အရှေ့နားမှာ ဒီမြို့ရဲ့မိန်းမလှလေးတွေပဲ စုပြီးဖွင့်ထားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်ဗျ…အဲ့မှာ ညနေဆာ ဝင်စားကြတာပေါ့…´
မြို့ပေါ်သို့ရောက်သည်နှင့် ရွာထဲမဝင်ခင် တစ်နေကုန်နီးပါး ခရီးရှည်လှသည်။ညနေစာအတွက် အားလုံး တိုင်ပင်လိုက်ကြပြီး ထိုမြို့၏နာမည်ကြီး စားသောက်ဆိုင်ရှိရာသို့ဦးတည်နေကြတော့သည်။ ကွမ်းတစ်ယာညှပ်ခန့်လျောက်ပြီးသည့် နောက်မှာတော့ ထိုဆိုင်ရှေ့သို့အားလုံးရောက်လာလျက် ဆိုင်ထဲသို့မဝင်ခင်မှာပဲ ဆိုင်အရှေ့၌ အကဲခတ်နေကြပြီး အားလုံး၏စိတ်ထဲတွံင် အေးချမ်းလှသည့် ဆိုင်လေးတစ်ဆိုင်ဟု ခံစားမိတော့သည်။အပြင်မှ ဆိုင်ထဲသို့ ကြည်လိုက်ရုံနှင့် မိန်းမလှလေးများဖြင့် ရှုတ်နေလျက် စားသောက်သူ ယောက်ျားသားများ၏ ပိုးပန်းနေကြသော ပုံရိပ်များ တွေ့နေရသည်။ဆိုင်ထဲသို့မဝင်ခင် စားသောက်ပြီးသူတစ်ယောက် ထွက်လာသည်ကို တွေ့သည်ကြောင့်
`ဗျို့…နောင်ကြီး ဒီဆိုင်က ဖွင့်ထားတာ ကြာပြီလား…´
ကိုအောင်၏ အမေးကို ထိုသူပြန်မဖြေသေးခင် အားလုံးအား အကဲခတ်ကြည့်နေလျက်
`နောင်ကြီးတို့ကြည့်ရတာ ဒီနယ်က မဟုတ်ဘူးထင်တယ်…ဒီဆိုင်က အရမ်းရောင်းကောင်းတဲ့ဆိုင် နာမည်ကြီးပဲ ဖွင့်ထားတာတော့ မကြာသေးဘူး မိန်းမချောလေးတွေချည်းပဲလေ ဒါပေမယ့် ဆိုင်ပိုင်ရှင်က ယောကျာ်းကြီးတစ်ယောက် ပိုင်တာ အခုနလေးတင် သူ့သမီးနဲ့ ဒီမှာ တစ်ပတ်လောက်နေပြီတော့ ပြန်သွားတာ နောင်ကြီးတို့လဲ ဒီက အစားအစာအရသာတွေကို ခံကြည့်ဦး စားပြီးရင်း ထပ်စားချင်တယ် လာပြီးရင်း လာချင်ရင်းပဲ ဖြစ်ဖြစ်နေတယ်ဗျ ကျုပ်ဆို တစ်နေ့သုံးခေါက်လောက် ဒီဆိုင်ကို ရောက်တယ်…နောင်ကြီးတို့လည်း ဒီမြို့ကိုရောက်တုန်း ရောက်ခိုက် ထိုင်သွားကြဗျို့ နောက် မလာရ မနေနိုင်ဖြစ်နေမယ်…´
`ဒါနဲ့ဆိုင်ပိုင်ရှင် နာမည်က ဘယ်သူလဲဗျ…´
`ဟာဗျာ…ခင်ဗျားတို့က ရန်ကုန်သားတွေလားလို့မေးစရာမလိုဘူး သိပ်စပ်စုတာပဲ ကျုပ်သိတာတော့ ဒီမြို့ဒီရွာက နာမည်ကြီး ပယောဂါဆရာတစ်ယောက်ဆိုလား နာမည်ကတော့ ကဝေဘုရင်ဆိုလား ကျုပ်လဲ သေချာမသိပါဘူး…´
`ဟင်!…ကဝေဘုရင် ဟုတ်လား…နောင်ကြီး …´
`ဟုတ်တယ်လေ ခင်ဗျားတို့နဲ့သိလို့လား…´
`မ…မသိပါဘူး…သူမှာ သမီးတစ်ယောက်ရှိတယ်ဆို ဟုတ်လား'
`ဟာဗျာ…ဒါတော့ ကျုပ်လဲ မသိဘူး အခုနလေးတင် သူ့သမီးလား ဘာလားပဲ မိန်းကလေးတစ်ယောက်ကို လက်ဆွဲပြီး ဆိုင်ထဲကနေ ထွက်သွားတာပဲ…´
အတိတ်မေ့နေသူ မိန်းကလေးနှင့် ကဝေဘုရင်တို့ကား သူတို့အားလုံး ဆိုင်ရှေ့သို့မရောက်လာခင်အချိန်လေးမှ ထွက်သွားကြောင်း သိရှိလိုက်ရသည်။ကိုအောင်ကား ထိုမိန်းကလေး၏ မျက်နှာအား ထီးကလေးတို့တစ်ဖွဲ့လုံးကို မြင်စေချင်လျက် သို့ပေမယ့် အချိန်ကြားလေး လွဲသွားခဲ့သည်။သို့နှင့် တစ်ဖွဲ့လုံး ဆိုင်အတွင်းသို့ဝင်လိုက်ကြပြီး လွတ်နေသော ခုံတန်းအရှည်တွင် ထိုင်နေလျက် ဘေးသို့စားပွဲထိုး မိန်းမလေးတစ်ယောက် ရောက်လာခါ
`ဘာ…သုံးဆောင်ကြမလဲရှင့်…´
ယဉ်ကျေးသိပ့်မွေးသော ဟန်အမူယာဖြင့် ထိုမိန်းကလေးက လေသံချိုသာစွာ မေးလိုက်သည်။မိန်းကလေး၏ အလှကား ယောကျာ်းလေးတိုင်း၏ ဆွဲမက်ဖွယ် မျက်လုံးတစ်စုံနှင့်အတူ ပါးလွှာ သွက်လပ်သော လျားအနေထားနှင့် ဖြူဝင်းသော အသားအရည်တို့ကို ပိုင်ဆိုင်ထားသည်။အားလုံး၏ အကြည့်များက မိန်းကလေးရဲ့အလှအပတွင် မျှောနေသလား ထိုမိန်းကလေး၏ အမေးကို ပြန်မဖြေနိုင်ပဲ သူမအား ကြည့်နေမိတော့သည်။ထိုနောက် ထီးကလေးကား သတိဝင်လာလျက်
`အော်!…ဟို…ဟိုလေ…ကျုပ်တို့အတွက် ခေါက်ဆွဲသုပ် ငါးပွဲနဲ့ လက်ဖက်ရည် ငါးခွက်ပေးနော်…´
မှာလိုက်သော အဖြေစကားတို့ကြောင့် မျက်တောင်ခတ်လျက် ခေါင်းလေးငုတ်လိုက်သည်မှာ အလွန်ပင် ဆွဲမက်ဖွယ်ကောင်းသည်။ခဏအကြာမှာပဲ အားလုံးဆီသို့ ခေါက်ဆွဲပန်းကန် ငါးခုနှင့်အတူ လက်ဖက်ရည်ငါးခွက်အား တစ်ပြိုင်နက် လာရောက်ချပေးခဲ့တော့သည်။အသုပ်၏ ဆီချက်အနံ့လေးကား မွေးနေလျက် ဆာလောင်နေသူ သူတို့အတွက် ပန်းကန်အား ဆွဲလျက် စားမည်အလုပ်
`နေကြဦး…´
ကိုအောင်ကား ရုတ်တရက် တားလိုက်တော့သည်။
`ဘာဖြစ်လို့လဲ…ကိုအောင်…´
`နေကြဦး စားကြနဲ့ဦး…ကိုထီးလေး ခင်ဗျားလက်နဲ့ခင်ဗျား ပန်းကန်ကို အုပ်ပြီး မူလပြန်လို့ပြောပေးပါ…´
ကိုအောင်ပြောလိုက်သည့် စကားအတိုင်း ထီးလေး တစ်ယောက် လုပ်ဆောင်လိုက်သည်။ထိုနောက် အုပ်ထားသော လက်အား ဖယ်လိုက်လေရာ
`ဟင်!…´
`ဟာ…´
`ဘာ…ဘာတွေလဲ…´
အားလုံးတွေ့လိုက်ရသည်က ခေါက်ဆွဲပန်းကန်ထဲတွင် ဆံပင်ချည်များ ရောနှောနေလျက်
`တွေ့လား…ကျုပ်ထင်တဲ့အတိုင်းပဲ…´
`တော်သေးတာပေါ့…ကျုပ်တို့ခံလိုက်ရတော့မလို့…ကံကောင်းတယ် …´
`ငါတို့ဘာဆက်လုပ်ကြမလဲ…ထီးလေ´
`အသာနေ ငါပညာပြန်ပေးမယ်…´
ဟုဆိုကာ ထိုဆိုင်၌ ဦးစည်းနေသော ဆိုင်ရှင် အမျိုးသမီးအား ခေါ်လိုက်ပြီ
`ဟုတ်ကဲ့ရှင့် ဘာများ အလိုရှိပါသလဲ´
`ကျုပ်တို့သွားကိုက်နေလို့…ဒီဆိုင်မှာ ကွမ်းရွက်လေးများ ရမလား…´
`ဟုတ်ကဲ့ ရပါတယ်…´
မိန်းကလေး၏ ကွမ်းရွက်ယူလာခိုင်းသော စကားသံကြောင့် သူမဘေးသို့မိန်းမချောလေး တစ်ယောက် ရောက်ရှိလာပြီ ကွမ်းရွက်လေးအား ပေးလိုက်သည်။ထိုနောက် ထီးကလေးကား ၎င်းကွမ်းအား အမြှီးဖျက် ခေါင်းဖျက် လုပ်လိုက်ပြီး ဖြည်းညင်းစွာ လိပ်နေတော့သည်။
`ဟင်!…မ…မလုပ်ပါနဲ့ဆရာ…ဆရာတို့ကို ကျွန်မတောင်းပန်ပါတယ်…´
ရုတ်တရက် မိန်းကလေး၏ တောင်းပန်စကားကို ကြားလိုက်ရသည်။တန်ပြန်တိုက်စစ်ဖြင့် ကဝေအဆင့် အောက်လမ်းပညာအား ကွမ်းရွက်ကလေး လိပ်လိုက်ရုံနှင့် ဆိုင်အတွင်းရှိ မိန်းကလေးများ၏ လုံချည် ထမီးတို့မှာ ထီးကလေး လိပ်လိုက်သော ကွမ်းရွက် အတိုင်း အပေါ်သို့လိပ်တင်လာခဲ့သည်။ထိုနောက် ငါးယောက်စလုံးအား ဆိုင်ရှိမိန်းကလေးများ တောင်းပန်လျက် ကဝေဘုရင် စေခိုင်းသည်ဟု သိရှိလိုက်ရတော့သည်။ကဝေဘုရင်၏ ရာဇဝင်အား ဆိုင်ရှိ မိန်းကလေးများ သေချာမသိကြောင်းပြောလျက် ကဝေဘုရင် နေထိုင်ရာ ရွာသို့သာ လမ်းညွှန်ပေးခဲ့တော့သည်။
******-----*******************
ကျန်ရှိနေသေးသော အဆက်အား ၂၉.၆.၂၀၁၅ မနက်တွင် ဆက်လက်ဖော်ပြပေးပါမည် ။









No comments:
Post a Comment