စာမပေါ်သူများအတွက် ဦးစားပေး ရေးသားလိုက်သော
ကျွန်ုပ်နှင့် ခဏတာ စကားပြောခဲ့ဘူးသော ပရလောကသားများ
စာရေးသူ -ထီကလေး (ရင်နှင့် ရင်း၍ ရေးသားသည်။)
ပရလောက ပရလောက တယ်လဲဆန်းကျယ်ပါလားနော် ……
မွေးရာပါ တတ်လာတယ်လို့ ပြောရမလားပဲ။ ကလေးဘဝ ငယ်ငယ်တုန်းတည်းက မိန်းကလေးတွေ စက်ချုပ်တဲ့ ပညာတစ်ရပ်ကို ကျုပ်သိပ်တတ်ချင်ခဲ့တယ်။ ကစားရင်တောင် အိမ်အပေါက်ဝ အတတ်အဆင်းမှာ စက်ချုပ်နေတာဆိုပြီး ကစားလေ့ရှိတယ်လို့ အမေကပြောတယ်။ ၇ နှစ်သား အရွယ်တုန်းက ကျောင်းပြန်တဲ့ လမ်းမှာ ရခိုင်ကနေ လာပြီး အိပ်ချုပ်ဆိုင်ဖွင့်ထားတဲ့ အစ်မကြီးတွေရဲ့ဆိုင်ရှိတယ်။ ကျောင်းပြန်တိုင်း အဲ့ဒီဆိုင်မှာ ဝင်ထိုင်နေပြီ သူတို့ စက်ချုပ်တာကို သေချာကြည့်တယ်။ အိမ်အပြန်နောက်ကျလို့ ခဏခဏလည်း အရိုက်ခံရတယ်။ ဒါလည်း မမှတ်ပါဘူး။ ကျောင်းပြန်ချိန်တိုင်း အဲ့ဒီဆိုင်ကို ဝင်ထိုင်နေလို့ အိမ်အပြန်နောက်ကျတာပဲ။ ကြာတော့ အမေက အစ်မအတွက်ဆိုပြီး အဝတ်ချူပ်စက်တစ်လုံး ဝယ်ပေးခဲ့တယ်။ အစ်မကို စက်ချုပ်သင်တန်းပို့ပြီး အိမ်မှာ အဝတ်အစုတ်လေးတွေကို စမ်းချုပ်တတ်တဲ့ အထိ အစ်မဖြစ်သူကတော့ တတ်လာခဲ့ပြီ။ ဆယ်နှစ်သားလောက် ရောက်တော့ ဒီလောက် စက်ချုပ်ဝါသနာပါတဲ့ ကျုပ်ကို အစ်မက သူတတ်သလောက် သင်ပေးမယ်ဆိုပြီး သင်ပေးခဲ့တယ်။ မှတ်မှတ်ရရပါပဲ အပ်စူးမိလို့ လက်သန်းကြွယ်မှာ အခုထိ သေရာပါ အမှတ်သားရခဲ့တယ်။ ဆရာ့ထက် တပည့် လက်ဇောင်းထက်တယ်လို့ ပြောရမလား အစ်မမသိသေးတဲ့ အပ်ချုပ်နည်းအဆန်းတွေကိုတောင် ကျုပ်သိနေခဲ့တယ် ။ ဒီလိုနဲ့ နေလာတာ ဆယ်တန်းကျောင်းသား ဘဝရောက်လာခဲ့ပြီ။ ဆိုင်ကနေ အကျီင်္တစ်ထည်ဝယ်တယ်။ ပြီးရင် အဲ့ဒီအကျီကို ကိုယ်ဟာကိုယ် ဒီဇိုင်းထွင်ပြီး ပြန်ချုပ်တယ်။ အသစ်အဆန်းတွေ တီထွင်ပစ်လိုက်တယ်။ ကြွားပြောတာတော့ မဟုတ်ဘူးဗျ။ ကျုပ် ပထမနှစ် စတတ်တုန်းကဆို ကျုပ်ဝတ်ထားတဲ့ အကျီဒီဇိုင်းကို ကြိုက်လို့ ဘယ်မှာ ဝယ်တာဆိုပြီး သူငယ်ချင်းတွေက ခဏခဏမေးတယ်။ ကိုယ့်ဟာကိုယ် ဒီဇိုင်းပြန်ဆွဲပြီး ပြန်ချုပ်ထားတာလို့ ပြောတော့ တစ်ချို့က ရယ်ကြတယ်။ သူတို့ကို နောက်နေတယ် ထင်လို့။ ငယ်ပေါင်းတွေကတော့ ကျုပ်ရဲ့ ဝါသနာထုံ အဝတ်ချုပ်ဒီဇိုင်းတွေကို ယုံယုံကြည်ကြည်နဲ့ လာအပ်ပြီး ချုပ်ခိုင်းတယ်။ ဒုတိနှစ်ရောက်တော့ တစ်ယောက်စကား တစ်ယောက်နားဖြစ်ပြီး ဒီဇိုင်နာတစ်ယောက်ပုံစံမျိုးနဲ့ ကျုပ်ဆီမှာ အဝတ်တွေ လာအပ်ကြတော့တာပဲ ။ အိုး … ဝါသနာပါတာတော့ ပါတာပေါ့။ သို့ပေမယ့် ကျုပ်က ဒီအလုပ်နဲ့ အသက်မွေးမှာ မဟုတ်ဘူးလေ။ ကြီးကြီးကျယ်ကျယ်လဲ လုပ်စားမှာ မဟုတ်တော့ လာအပ်တဲ့ အထည်တွေကိုကြည့်ပြီး ဝါသနာ အရမ်းပါတဲ့ ဒီအလုပ်တောင် စိတ်ကုန်သွားတယ်။ MRTV- 4က ဒီဇိုင်နာပြိုင်ပွဲတွေ ခဏခဏကြည့်ဖြစ်တယ် ။ ပြီးရင် သူတို့ ဟာကွက်ဖြစ်နေတဲ့ နေရာလေးတွေကို ကျုပ်သေချာမှတ်ပြီး ကိုယ်ပိုင် ဒီဇိုင်းမျိုးစုံပြန်ဖော်တယ်။ တစ်ချို့ သူငယ်ချင်းတွေက စနောက်ကြတယ်။ အခြောက်ပေါ့လေ။ မဟုတ်သေးဘူးဗျ။ တကယ်တော့ ဒီလို စက်ချုပ်တယ်ဆိုတာက မိန်းကလေးတွေမှ မဟုတ်ဘူး ယောကျာ်းလေးတွေလဲ ချုပ်ကြတာပဲ။ သူတို့ သေချာမသိသေးဘူးလို့ပဲ ကျုပ်စိတ်ထဲမှတ်ပြီး ဆက်လုပ်နေခဲ့တယ် ။ ကျုပ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူနာမည်က အောင်ကြီးပေါ့လေ။ သူနဲ့ ကျုပ်က ဟိုးငယ်ငယ် ကလေးဘဝတည်းက သူငယ်တန်းကနေ စပြီး တက္ကသိုလ် ဒုတိယနှစ်အထိ အတူတူကျောင်းနေဘက် သူငယ်ချင်းတွေပေါ့။ သူက ကျုပ်ကို အမြဲပြောတယ်။
ငထီး မင်းက ဒီပညာပိုင်းမှာ တော်တော်လေး ပါရမီထူးတယ်ကွ … မွေးရာ ပါရမီိပေါ့လေ မင်းဒီဇိုင်နာလုပ်စားပါလား
အေး စိတ်ကူးတော့ရှိတယ် ဘွဲ့ရလို့ ဘယ်အလုပ်မှ အဆင်မပြေရင် ဒီအလုပ်ကိုပဲ သေသေချာချာ လုပ်စားတော့မယ်လို့ တွေးထားတာပဲ
ကောင်းတယ် ငါကတော့ အားပေးတယ် ငါနဲ့ငါ့ကောင်မလေး မင်္ဂလာဆောင်ကျရင် မင်းကိုယ်တိုင် မင်္ဂလာဝတ်စုံ ဒီဇိုင်းထွင်ပေးရမှာနော်
ဖြစ်ပါ့မလား မင်းကောင်မလေးရဲ့ အသိုင်းဝိုင်းမှာ အကောင်းစား ဒီဇိုင်နာတွေရှိနေတာပဲ ငါ့ကို လက်ခံပါ့မလား
ဟာ မင်းကလဲ သူဇာ့အကြောင်းလဲ မင်းသိနေတာပဲကို ငါ့ဇနီးလောင်းလေးက ပိုက်ဆံရှိချမ်းသာပေမယ့် အဆင့်အတန်းခွဲခြားတဲ့ သူမှ မဟုတ်တာ ပြီးတော့ မင်းကိုလဲ တလေးတစားရှိပြီးသားပဲကို မင်္ဂလာဝတ်စုံ မင်းဆီမှာ ဒီဇိုင်းအပ်ဖို့တောင် ငါပြောတာမဟုတ်ဘူး သူဇာကိုယ်တိုင် ငါ့ကို ပြောခိုင်းတာပဲ
သိပါတယ်ကွ ဒါနဲ့ မင်းနဲ့သူနဲ့က ဘယ်တော့ယူကြမှာလဲ
နောက်သုံးလလောက်ဆို ယူတော့မယ်လို့ တိုင်ပင်ထားကြတာပဲ အခုတော့ နှစ်ဖက်မိဘတွေကို ငါတို့နှစ်ယောက်စလုံး ဖွင့်ပြောပြီးသွားပြီ
ကောင်းတယ်ဟေ့ အားကျတယ် ငါတို့များ နာမည်ကြီး ထမင်းငတ်နေတယ် ယူမယ့် မိန်းမကို မရှိသေးဘူး ကောင်းတယ် ကောင်းတယ် ဘာမှ မပူနဲ့ ငါ့လက်ရာကို ယုံတယ် မဟုတ်လား အကောင်းဆုံးဖြစ်အောင် ငါကိုယ်တိုင် ဒီဇိုင်းဖော်ပေးမယ်
ယုံပါတယ်ကွာ အဲ့ပညာပိုင်းနဲ့ ပတ်သတ်ပြီး မင်းကို လေးစားအားကိုးပြီးသားပါဟ
သိပ်လဲမြှောက်မနေပါနဲ့အောင်ကြီးရေ အချင်းချင်းတွေ မကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်ဆိုမှပဲ
ကျုပ်ကို အောင်ကြီးက သိပ်ခင်တယ်။ ဒီဇိုင်နာ လုပ်စားခိုင်းနေတယ်။ ပြီးတော့လဲ အခုကြည့်လေ သူ့ကောင်မလေးနဲ့ သူနဲ့ မင်္ဂလာဆောင်ရင် ကျုပ်ကိုယ်တိုင် မင်္ဂလာဝတ်စုံ ဒီဇိုင်းဖော်ပေးရမယ်တဲ့လေ။ သူ့ယူမယ့် မိန်းကလေးကလဲ ပိုက်ဆံရှိ သူဌေးသမီတစ်ယောက်ပဲ။ သူမဘေးနားမှာ အကောင်းဆုံး ဒီဇိုင်နာတွေ ရှိနေပေမယ့် ကျုပ်ကိုမှ တကူးတက မင်္ဂလာဝတ်စုံ လာအပ်တယ်လေ။ ဒီတော့ သူတို့အတွက် ကျုပ်အကောင်းဆုံးဖြစ်အောင် ဒီဇိုင်းအဆန်းဆုံး လုပ်ပေးမယ်လို့ စိတ်ကူးထားလိုက်တယ်။ အဲ့နောက်ပိုင်း ကျုပ်ဆီကို လာအပ်တဲ့ အထည်တွေကလဲ အများကြီးပဲ တစ်နေ့တစ်နေ့ အဲ့ဒီအထည်တွေကို ကြည့်ပြီး စိတ်ရှုတ်လာတယ်။ ဒီဇိုင်းဖော်တာကို ကျုပ်သိပ်ဝါသနာပါပေမယ့် အခု လာအပ်ထားတဲ့ အထည်တွေက အများကြီးပဲလေ။ အိုး … အစ်မကို တစ်ဝက်ပေးထားတယ်။ အစ်မကလဲ စက်ချုပ်ဒီဇိုင်နာဆိုပေမယ့် ကျုပ်လောက် ဖောက်သည်မများဘူး ။ ကျုပ်ဆီက တစ်ဝင်ယူပြီး ချုပ်ရတယ်။ သူချုပ်မယ့် ဒီဇိုင်းကို ကျုပ်ကဖော်ပေးတယ်။ အဲ့ဒီအတိုင်း သူလိုက်ချုပ်တယ်။ ဘာပဲဖြစ်ဖြစ်လေ တစ်ချိန်တစ်ခါက အစ်မက ကျုပ်ရဲ့ စက်ချုပ် လက်ဦးဆရာတစ်ဆူ ဖြစ်ခဲ့ဘူးတော့ ကျုပ်လဲ ဘယ်ကနေ ဘယ်လို တတ်ထားမှန်းမသိတဲ့ ဒီဇိုင်ပုံစံတွေကို သူ့ကို ပြန်သင်ပေးဖြစ်တယ်။ တစ်နေ့ ည၈နာရီထိုးကျော်ကျော်လောက် ရှိပြီ။ အောင်ကြီးတို့ စုံတွဲ ဆိုင်ကယ်နဲ့ ကျုပ်အိမ်ကိုရောက်လာတယ် ။ အိမ်အပေါ်တတ်တတ်ချင်း အောင်ကြီး ပြောလိုက်တဲ့ စကားက
ငထီး ငါတို့ ဝတ်စုံတွေ ပြီးသွားပြီလား
ဟာ အောင်ကြီး မေးလိုက်တဲ့ စကားကိုလဲ ကြားရော ကျုပ်ဖြင့် ခေါင်းတစ်ခုလုံး ထုံခဲသွားတယ်။
မင်းတို့ မင်္ဂလာဆောင်က နောက်တစ်ပတ်မှ မဟုတ်ဘူးလား
ဟင် မနက်ဖြန်လေ
ဟာ အဲ့ဒါမှ ဂွက်ကျတာပဲ မင်္ဂလာဆောင်မယ့်ရက် လိုသေးတယ်ထင်လို့ ငါဘာမှ မလုပ်ရသေးဘူး
ဟင် မင်းတကဟ်ပြောနေတာလား
ဟုတ်တယ် သူငယ်ချင်း ငါမေ့နေတာ ဒီမှာလဲကြည့်ဦး အပ်အထည်တွေ အများကြီး ငါတစ်ခုမှ မကိုင်ဖြစ်သေးဘူး
ဟာ ဒါဆို ငါတို့လင်မယားနှစ်ယောက် ဘယ်လိုလုပ်ကြမလဲ မနက်ဖြန် မနက်အစောကြီး ဝတ်ရမှာ အခုလဲ ဝယ်ဖို့ အချိန်မမှီတော့ဘူး
ရတယ် ရတယ် ညတွင်းချင်း ငါမပြီး ပြီးအောင် ချုပ်ပေးမယ်
မှီပါ့မလားငထီး မှီမယ်ဆိုရင် လုပ်ပေးပါကွာ
တကယ့်ကိုပဲ ကျုပ်မေ့နေခဲ့တယ် ။ အောင်ကြီးတို့ မင်္ဂလာဝတ်စုံကို နည်းနည်းလေးမှ အစမဖော်ရသေးဘူး ။ မင်္ဂလာဆောင် ဝတ်စုံဒီဇိုင်းတွေကတော့ အသင့်ရှိပြီးသား သူတို့နှစ်ယောက် ကြိုက်တဲ့ ဒီဇိုင်းကို ညတွင်းချင်း ကျုပ်နဲ့ အိမ်က အစ်မ နှစ်ယောက်သား အကောင်းဆုံးနဲ့အမြန်ဆုံး ဖြစ်အောင် နှစ်ယောက်ပေါင်းချုပ်ကြတော့တယ်။ အောင်ကြီးတို့ လင်မယားနှစ်ယောက်လဲ အိမ်မှာပဲ ညအိပ်ပြီး စောင့်ယူသွားမယ်ဆိုပြီးတော့ သူတို့နှစ်ယောက်လဲ ကျုပ်အိမ်မှာပဲ နေကြတော့တယ်။ ည ၈ နာရီခွဲလောက်တည်းက အစ်မနဲ့ကျုပ် နှစ်ယောက်ပေါင်းပြီး အမြန်ဆုံး ချုပ်လာတာ ညနက် ၂ နာရီလောက်ကျတော့ အကြမ်းသဘောအနေနဲ့ ပြီးလာတယ်။ အကောင်းဆုံးဖြစ်အောင် အချောသပ်ဖို့ပဲ ကျန်တော့တယ်လေ။ အကြမ်းပုံစံကို အောင်ကြီးနဲ့သူဇနီးလောင်း တွေ့ပြီးတော့မှ ည၂နာခွဲရော စိတ်ချလက်ချ ခဏအိပ်မယ်ဆိုပြီး အိပ်ကြတော့တာပဲ ။ ကျုပ်နဲ့ အစ်မလဲ အားကိုးတကြီး လာအပ်ထားတဲ့ ဝတ်စုံ ပြီးတော့ ဒီဒီဇိုင်းက လူဂုဏ်တန်သူဌေးကြားထဲမှာ ဝတ်ရမယ့် ဝတ်စုံ ဒီဒီဇိုင်သာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ရင် ကျုပ်အတွက်ကတော့ လူတွေ ကြားထဲမှာ နာမည်ကြီးပြီးရင်း ကြီးရင်းဖြစ်တော့မယ်ဆိုတာ ကျုပ်နားလည်ထားတယ်။ ဒီတော့ အမြန်ဆုံး ချုပ်နေရပေမယ့် အကောင်းဆုံးဖြစ်အောင် ကျုပ် ချုပ်နိုင်ခဲ့ပြီး။ ဒီလိုနဲ့ မနက် ၄နာရီလဲ ခွဲရော အားလုံး အချောသပ် ပြီးစီးသွားပြီ။
ဒါနဲ့ အိပ်မောကျနေတဲ့ အောင်ကြီးနဲ့ သူ့ဇနီးလောင်း သူဇာ နှစ်ယောက်ကိုနှိုးလိုက်ပြီး ပြီးသွားပြီးလို့ ကျုပ်သက်ပြင်းကောင်းကောင်း ချပြီး ပြောနိုင်ခဲ့တယ်။ သူတို့လဲ ကျုပ်ကို ကျေးဇူးအရမ်းတင်တယ်လို့ ပြောပြီး အိပ်ချင်မူးတူးမျက်လုံးတွေနဲ့ မင်္ဂလာခန်းမကို အရောက်ပြန်ရဦးမယ်လို့ ပြောပြီး နှစ်ယောက်သား ဆိုင်ကယ်မောင်းထွက်သွားတော့တာပဲ ။
ဟူး တော်သေးတာပေါ့ မမရာ နင်ဝိုင်းကူ ချုပ်ပေးလို့ပေါ့ မဟုတ်ရင် ငါတော့ မျက်နှာ ပျက်စရာတွေ ဖြစ်ကုန်ပြီ
အေးပါဟယ် အစတည်းက ငါ့ကိုပြောထားပေါ့ သုံးလေးရက် အလိုလောက်တည်းက နင်မေ့နေရင် ငါသတိပေးလို့ရတာပဲ
အေးဟ အောင်ကြီး ငါ့ကို သုံးလလောက် အလိုတည်းက မင်္ဂလာဝတ်စုံ အပ်ထားတာ ငါလဲ တစ်ချက်ကလေးတောင် သတိမရဘူး မေ့နေတယ် တော်သေးတာပေါ့ အခုာတွင်းချင်း ပြီးသွားလို့ ဟူး
ကဲကဲ သက်ပြင်းတွေ ချမနေနဲ့တော့ မနက်လဲ အဲ့ဒီမင်္ဂလာဆောင်ကို သွားရဦးမယ် မဟုတ်လား အိပ်လိုက်တော့ ဟို သတို့သမီး သတို့သားလဲ နှစ်နာရီလောက်ပဲ အိပ်လိုက်ရတယ် ကဲ ငါ့မောင်လဲ အိပ်လိုက်ဦး မနက် ၆ နာရီလောက်မှ မမပြန်နိုးပေးမယ်
အေးဟာ ငါလဲ တော်တော်လေး ပင်ပန်းသွားပြီး ခဏလေးအိပ်လိုက်ဦးမယ်
အောင်ကြီးတို့နှစ်ယောက် ကမန်းကတန်း ပြန်သွားတော့မှပဲ ကျုပ်လဲ ပင်ပန်းပန်းနဲ့ မလင်းခါနီ ထိုင်ခံလေးပေါ်မှာ အိပ်ပျော်သွားတယ်။ မကြာဘူး ၄နာရီ ခွဲလောက်လဲကြရော
ငထီး
ခြံရှေ့ကနေ အောင်ကြီးရဲ့ ခေါ်သံကို သဲ့သဲ့ကြားလိုက်တယ်။ ဒါနဲ့ ကျုပ်လဲ မျက်လုံး ပွတ်သပ်ပြီး ခြံရှေ့ကို ကြည့်လိုက်တော့ သူတို့လင်မယားနှစ်ယောက် မျက်နှာငယ်လေးတွေနဲ့ ပြန်ရောက်လာတယ်။ ကျုပ်လဲ မျက်မှောင်ကျူတ်လိုက်ပြီး ခြံတံခါးဖွင့်ပေးဖို့ အောက်ဆင်းသွားလိုက်တယ်။
ဟာ ဟေ့ယောင် အောင်ကြီး ဘာကျန်နေခဲ့လို့လဲ
ငါတို့လင်မယားနှစ်ယောက် မိုးလင်းမှပဲ မင်းနဲ့ အတူတူ မင်္ဂလာဆောင်ခန်းမကို ပြန်တော့မယ်
ဟေး ဘယ်လိုဖြစ်ရတာလဲ
ဘာမှ မဖြစ်ဘူး
အေးအေး ဒါဆိုလဲ မင်းတို့ သဘောပဲ လာလာ
သူတို့နှစ်ယောက် ကျုပ်အိမ်ပြန်လာတယ်။ မနက်ကျမှ ကျုပ်နဲ့ အတူ မင်္ဂလာခန်းမကို သွားတော့မယ်လို့ ပြောတယ်။ ဒါနဲ့ ကျုပ်လဲ သူတို့နှစ်ယောက်ကို ခြံထဲဝင်ခိုင်းလိုက်ပြီး ခုံလေးတွေမှာ ထိုင်စကားပြောနေရင်း ကျုပ်လဲ ဘယ်လိုအိပ်ပျော်သွားမှန်း မသိဘူး
မောင်လေး ထတော့ ၆နာရီထိုးတော့မယ်
ဟင် အော် အေးအေး ဟင် အောင်ကြီးတို့ လင်မယားနှစ်ယောက် ပြန်သွားကြပြီလား
အေးလေ ပြန်သွားတာ ဘယ်လောက်ကြာပြီလဲ
ဟွန်း ဒီကောင်တွေ ပြန်သွားတာတောင် ငါ့ကို နှုတ်မဆတ်သွားဘူး အော် ငါအိပ်နေလို့ နေမှာပေါ့
ကျုပ်လဲ တစ်ယောက်တည်း တွေးပြီး သူတို့မင်္ဂလာဆောင်ဖို့ ရေမိုးချိုး အဝတ်စားလဲနေတုန်း ဖုန်းအသံမြည်လာတယ်။
ဟယ်လို
သား ထီးလေးလား
ဟုတ်ကဲ့ အန်တီ သားအခုလာတော့မလို့ပဲ
အောင်ကြီး အမေ ကျုပ်ဆီဖုန်းဆက်တယ်။
သူဘာမှ မပြောခင် အခုလာတော့မယ်လို့ ကျုပ်ပြန်ပြောလိုက်တယ် ။ အဲ့ဒီအခါကျတော့ အောင်ကြီးရဲ့ အမေက ဖုန်းထဲကနေ ငိုသံကြီးနဲ့ ကျုပ်ကိုပြန်ပြောတယ်။
မင်းသူငယ်ချင်း လင်မယားနှစ်ယောက် ညက မင်းဆီက အပြန်လမ်းမှာ ကုန်ကားကြီးတစ်စီးနဲ့ တိုက်မိလို့ လင်မယားနှစ်ယောက်စလုံး အခုလေးတင် ဆုံးသွားပြီ
ဗျာ အန်တီ တကယ်ပြောနေတာလား
ဟုတ်တယ် သား မင်းလာချင်ရင် မင်္ဂလာခန်းမကို မလာနဲ့တော့ မြောက်ဥက္ကလာ ဆေးရုံကိုပဲ လာကြည့်တော့
တကယ်ပါပဲဗျာ အောင်ကြီးတို့ လင်မယားနှစ်ယောက် ကျုပ်ဆီက မနက်လေးနာရီ ပြန်သွားတည်းက အိပ်ချင်းမူးတူးဖြစ်နေကြတာ ။ ပြီးတော့ နောက်ကျမှာဆိုးလို့ လင်မယားနှစ်ယောက် ဆိုင်ကယ်အမြန်မောင်းရင် ကုန်ကားကြီးတစ်စီးနဲ့ တိုက်မိပြီး အခု နှစ်ယောက်စလုံး ဆုံးသွားကြပြီတဲ့ဗျာ။
မနက် ၄ နာရီ ၃၀ လောက်တုန်းက သူတို့လင်မယားနှစ်ယောက် ကျုပ်ဆီပြန်လာလို့ ဧည့်ခန်းမှာတောင် စကားပြောဖြစ်လိုက်ကြသေးတယ်။ ဒါဆို ကျုပ်ဆီပြန်လာတဲ့ အချိန်တုန်းက သူတို့တွေ ဆေးရုံတင်ထားရတာပဲ ။ သူတို့ရဲ့ လိပ်ပြာတွေက ကျုပ်ဆီကို ပြန်ခဲ့တယ်ဗျာ။ ဒါကြောင့် သူမျက်နှာမှာ ငြိုးငယ်နေကြတာကို။ စိတ်ဝိဥာဉ်တွေက ကျုပ်နဲ့မှ မင်္ဂလာခန်းမကို အတူတူသွားချင်လို့တဲ့လေ။
စိတ်မကောင်း တော်တော်လေး ဖြစ်မိတယ်။ သူတို့ နှစ်ယောက် မင်္ဂလာမဆောင်ဖြစ်လိုက်ပဲ သေသွားခဲ့ရတာ ကျုပ် ပယောဂါလဲ မကင်းဘူး။ မင်္ဂလာ ဝတ်စုံကို သူတို့တွေ စောင့်နေကြရင်း အခုလို အဖြစ်ဆိုးကြီး ဖြစ်သွားခဲ့ရတာ။ ဟူး အောင်ကြီးရေ မင်းအကြောင်းကို ငါရေးလိုက်ပြီး ။ သူငယ်ချင်းရေ ငါ့ကို ခွင့်လွတ်ပါ။ မင်းတို့နှစ်ယောက် ဆုံးပါးသွားကတည်းက ငါလဲ စိတ်နာလို့ အိမ်က အဝတ်ချုပ်စက်တွေကိုတောင် ရောင်းစားပစ်လိုက်ပါပြီ ။ နောင်လဲ ဒီအလုပ်ကို ငါဘယ်တော့မှ မလုပ်တော့ဘူး ။ အဲ့ဒီအချိန်ကစပြီး ကျုပ်လဲ စိတ်နာနာနဲ့ ဒီဇိုင်နာ မလုပ်စားတော့တာ အခုချိန်ထိပါပဲ … … …
စာရေးသူ -ထီကလေး (ရင်နှင့် ရင်း၍ ရေးသားသည်။)
Post Top Ad
Responsive Ads Here
ကျွန်ုပ်နှင့် ခဏတာစကားပြောခဲ့ဘူးသော ပရလောကသားများ
Share This
Tags
# ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Share This
About Unknown
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









This comment has been removed by the author.
ReplyDeletepitiful true story bro
ReplyDelete