ကဝေကတုံး
ဖြစ်ရပ်ဆန်းကြယ်
ဇာတ်လမ်းတို(စ/ဆုံး)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
မှတ်ချက်။ ။ အတတ်ရောဂါရှိသူများ မဖတ်ရ။
မှတ်ချက်။ ။ ၁၈နှစ်ပြည့်ပြီးသူများ အတွက်သာ။
မှတ်ချက်။ ။ အသံထွက်မဖတ်ရ။
မှတ်ချက်။ ။ စာဖတ်နေချိန် စိတ်ဝင်စားစွာ မဖတ်ရ။
(ဇာတ်လမ်းထဲသို့ ကိုယ်တင်ရောက်ရှိသွားလျင် စာရေးသူအနေနှင့် တာဝန်မယူပါ။)
စာလုံးများသေးနေလျင်
ဖုန်းScreen ချူံ့ချဲူ့ပြုလုပ်ပါ။
ကဝေကတုံး
(ဇာတ်လမ်းတို စ/ဆုံး)
ဖြစ်ရပ်ဆန်းကြယ်
မကြာသေးမီကာလအတောတွင်း အမြို့မြို့အနယ်နယ်ရှိ ပြည်သူပြည်သားများမှ ကဝေကတုံးဟူသော မိမိကျိုးအတွက် မိန်းကလေးများအား အသုံးချနေခဲ့သော လူတစ်ယောက်အကြောင်း စာဖတ်သူများအနေနှင့် ကြားဘူးပါလိမ့်မည်။ ဟုတ်ပါသည်။ ထိုသူမှာ ကဝေပညာအဆင့်မြင့်စွာ တတ်မြောက်နိုင်ရေးအတွက် မိန်းကလေးများ၏အနားတွင် ပွတ်သီးပွတ်သပ်ပြုလုပ်စေခါ သူ၏ ကဝေပညာအား အဆင့်မြင့်နေခဲ့ခြင်းဖြစ်သည်။
ထိုသူ၏ရန်ကိုပင် ကြောက်နေရသည့်အတွက် မိန်းကလေးများမှာ ညနက်(၁၂)ကျော်လျင် သံပုရာသီးဟူသော ထိုသူကဝေပညာသည်ကြောက်ရသည့် အဆောင်ပစ္စည်းကိုပင် ဆောင်နေခဲ့ရသည်။ ထိုကဝေပညာသည်နှင့် ထိုက်တိုက်ဆုံတွေ့ခဲ့ရဘူးသော မိန်းကလေးများထံမှ ပြောဆိုချက်များအရ…
ထိုသူမှာ မိန်းမပျိုလေးမျာအား အဓမ္မပြုခြင်း စော်ကားခြင်းမျိုးမဟုတ်၊ မိန်းမပျိုလေးများ၏အနားသို့ ညနက်အချိန်တွင် ရောက်ရှိလာခါ ဝတ်ဆင်ထားခဲ့သော သူမတို့၏ခန္ဓာကိုယ်ပေါ်မှ အဝတ်စားများချွတ်စေခါ ခန္ဓာကိုယ်ခြင်းပွတ်သပ်စေခဲ့ရင်း ထွက်ခွာသွားခြင်းမျိုးဖြစ်သည်။ ထိုသူမှာ သန်းခေါင်ယံအချိန်ခါမျိုး၌ မိုးပျံစေကာ မိန်းမပျိုလေးများ ရှိနေသည့် နေအိမ်များဆီသို့ ရောက်ရှိလာခြင်းမျိုးဖြစ်သည်။
ကဝေပညာသည် ထိုသူ၏ရည်ရွယ်ချက်မှာ အပျိုစင်စစ်ဖြစ်သော မိန်းမပျိုလေး အယောက်(၁၀၀၀၀)၏ကိုယ်သင့် အနံ့များအား ရယူစေကာ သူ၏ပညာဖြစ်သော ကဝေပညာအား ထိပ်တန်းအဆင့်ထိအရောက် တိုးမြင့်နေခြင်းမျိုးဖြစ်သည်။ ယခုအဆင့်တွင်မူ ထိုသူဟာ မြေလျိုး၊ မိုးပျံ ကဝေအဆင့်သာရှိနေခဲ့ပြီး သူ့အားလည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ သက်ဆိုင်ရာ ရဲဌာနများမှ အထူးတပ်ဖွဲ့များဖြင့် စောင့်ကြပ်စေကာ ဖမ်းစည်းနေခဲ့ရသည်။
သို့သော်လည်း ထိုသူမှာ လျင်မြန်ဖြတ်လတ်၍ မျက်စိအရှေ့၌ပင် လျပ်တပျက်ပျောက်ကွယ်သွားခဲ့သည်ဟု ကိုယ်တွေ့ကြုံခဲ့ဘူးသော သက်ဆိုင်ရာလူကြီးများထံမှ တစ်စွန်းတစကြားသိခဲ့ရဘူးသည်။ ကဝေကတုံးဟု ပြည်သူများကြားတွင်လည်း ထိုသူမှာ နာမည်ထွက်ပေါ်လာခဲ့ရင်း ထိုပညာသည် ကဝေကတုံးနှင့် ထိပ်တိုက်ဆုံတွေ့ခဲ့ရဘူးသော ကျွန်ုပ်၏မိတ်ဆွေတစ်ဦးထံမှ ဖြစ်ရပ်ဆန်းကြယ် အကြောင်းတစ်စုံအား စာစီချယ် ရေးသားလိုက်ရပါသည်။
ဖြစ်ရပ်မှာ ဤသို့ပင်ဖြစ်လေသည်။
…တစ်နေ့သ၌ ကွန်ုပ်၏နေအိမ်ဆီသို့ ငယ်ပေါင်းသူငယ်ချင်းဖြစ်သူ၊ ကျောင်းနေဘက် ငယ်သူငယ်ချင်းဟုလည်း သတ်မှတ်နိုင်သည့် သူငယ်ချင်းဖြစ်သူ တင်အောင်ကြီးတစ်ယောက် ရောက်ရှိလာခဲ့၏။ ထိုသူတစ်ယောက် ကျွန်ုပ်ထံသို့ ရောက်ရှိမလာခဲ့သည်မှာ အချိန်ကာလကြာမြင့်နေပြီဖြစ်ပြီး၊ ယခုရောက်ရှိလာခဲ့သော ပုံစံမှာလည်း အင်မတန်မှ ရင်ထိတ်စရာကောင်းလှသည်။
ဝတ်ဆင်လာခဲ့သော အကျီအဖြူကွက်အပေါ်၌ အနီးရင့်ရောင် သွေးများစွန်းထင်နေခဲ့ပြီး၊ ပုဆိုး၌လည်း စိုစွတ်နေလောက်အောင် သွေးများစွန်းနေခဲ့လေသည်။ ခါးကြားတွင်လည်း သွေးများစွာ စွန်းပေနေသော ဓားမြောင်တစ်ချောင်းအား ဝှက်လာဟန်တူသည်။ သူငယ်ချင်းဖြစ်သူ တင်အောင်ကြီးတစ်ယောက် ရောက်ရှိလာခဲ့သော ပုံစံများကြောင့် ကျွန်ုပ်သည်လည်း လွန်စွာထိတ်လန့်သွားမိသည်။
တင်အောင်ကြီးဟာ နေထိုင်ရာ မြို့နယ်အတွင်း၌ လူမိုက်တစ်ယောက်ဟု သတ်မှတ်ခံထားရပြီး၊ ရဲစခန်း၊ အချုပ်များကိုပင် သူ၏နေအိမ်သဖွယ် သဘောထားစေခါ အမှု့အမျိုးမျိုးနှင့် ဝင်ထွက်နေခဲ့သူတစ်ယောက်ဖြစ်သည်။ ဆွေမျိုးသားချင်းဟူ၍လည်း အတိကျမရှိ။ နေထိုင်ရာနေအိမ်ဟူသည်လည်း မရှိခဲ့ပေ။ လမ်းဘေးအိပ် လမ်းဘေးစား ဘဝမျိုးနှင့် လူတစ်ဦးအမည်ခံထားခြင်းမျိုးဖြစ်သည်။ မကြာသေးမီကာလမှလည်း အဖိုးအိုတစ်ယောက် အသက်အားဖြင့်(၆၀)ခန့်ရှိနေသော အဖိုးအိုတစ်ယောက်ဟာ လမ်းသွားနေစဉ် သူ့အား ကြည့်ရလေမလားဟုဆိုကာ ရိုက်နှပ်ခဲ့ခြင်းကြောင့် အချုပ်ကျခံခဲ့ရသည်။
ထိုတင်မက ရပ်ကွက်တကာသို့ လှည့်ပတ်တောင်းစားနေခဲ့သော သူတောင်းစား သားအမိနှစ်ယောက်ထံ၌ လူအများလှူသွားခဲ့သော ခွက်အတွင်းမှငွေများအား လုယူမှု့နှင့် အချုပ်အတွင်းသို့ ကျခဲ့ရသေးသည်။ ထိုကဲ့သို့ လူမိုက်တစ်ယောက်ဖြစ်လေခါ အဆိုးထဲမှအကောင်း၊ အမိုက်ထဲမှ ရွှေဟု သတ်မှတ်န်ုင်သော စိတ်ဓာတ်ကလေး တစ်ခုပင်လျင် တင်အောင်ကြီးမှာရှိလေသည်။
လူမိုက်တစ်ယောက်ဖြစ်သည့်အလား၊ သူဟာ မဟုတ်မခံ၊ သူ၏အရှေ့တွင်လည်း မတရားအနိုင်ကျင့်နေခဲ့လျင် လက်ပိုက်ကြည့်မနေတတ်သူ တစ်ဦးဖြစ်လေသည်။ ကျွန်ုပ်နှင့်လပေါင်းများစွာ မတွေ့ဖြစ်သည့်အကြောင်းမှာလည်း အချုပ်ကျသွားခဲ့ရခြင်းကြောင့် ဖြစ်ပေသည်။ ယခုအချုပ်ချခံရသည့်အကြောင်းရင်းမှာ သူငယ်ချင်းဖြစ်သူ တင်အောင်ကြီးတစ်ယောက် အလွန်ပင်မဟုတ်ချေ။
ထိုသူထိုင်နေကြဖြစ်သော လက်ဖက်ရည်ဆိုင်ရှိ အသက်အားဖြင့်(၁၅)နှစ်ခန့်ရှိသော စားပွဲထိုးလေးမှာ တင်အောင်ကြီးအား ဆိုင်အတွင်းသို့ရောက်ရှိလာခဲ့သည်နှင့် အမြဲတစေအနိုင်ကျင့်နေခဲ့သည်။ တစ်နေ့ ထိုစားပွဲလေး မိမိအားအနိုင်ကျင့်နေခဲ့သည်ကိုပင် သည်းမခံနိုင်တော့ပဲ စားပွဲထိုးလေးအား တင်အောင်ကြီးမှာမူ ဇာတ်ပိုးရိုက်ခဲ့ခြင်းကြောင့် ဆိုင်ပိုင်ရှင်မှ တရားစွဲဆိုမှု့ဖြင့် ထောင်ကျခဲ့ရခြင်းဖြစ်လေသည်။
ထို့ကြောင့် ယခုကျွန်ုပ်၏နေအိမ်ဆီသို့ ရောက်ရှိလာခဲ့သော ပုံသဏ္ဍန်အားမြင်တွေ့လိုက်ရပြီး တင်အောင်ကြီးတစ်ယောက် လူသတ်မှု့ကြူးလွန်းခဲ့ပြီလားဟု ထင်မြင်လိုက်စေသည်။ မျက်နှာပြင်တွင်လည်း လွန်စွာဒေါသထွက်နေပုံပေါ်သည်။ ခြံပြင်မှ ခြံအတွင်းသို့ ဝင်ရောက်လာခါ ကျွန်ုပ်ထိုင်လျက်ရှိသော နေအိမ်အပေါ်သို့ တတ်လာခဲ့ရင်း သွေးစွန်းနေသော ခါးကြားမှ ဓားမြောင်အား ကြမ်းပြင်အပေါ်သို့ ပစ်ချလိုက်လေသည်။
''တင်… တင်… တင်အောင်ကြီး'
'မင်း!… မင်း… မင်းဘာဖြစ်လာတာလဲ'
'တောက်!'
'ဟေ့ကောင် သူငယ်ချင်း… မင်း… မင်းလူသတ်လာတာလား'
'ငါ!… ငါ… ငါခွေးတစ်ကောင်သတ်လိုက်တယ် ထီးကလေး'
'ဟေး!… ဟာ… ဘယ်လိုဖြစ်ရတာတုန်း… ဘယ်ကခွေးကိုသတ်လာတာလဲ တော်သေးတာပေါ့ကွာ'
သူငယ်ချင်းဖြစ်သူ၏အဖြေစကားများကြောင့် ကျွန်ူပ်သည်လည်း သက်ပြင်းသာလျင် ချမိလိုက်စေသည်။ လူမိုက်တင်အောင်ကြီး လူသတ်လာပြီလားဟု ထင်မြင်မိသော်လည်း အမှန်တကယ်မှာမူ ခွေးသက်လာသည်ဟု ဖြေဆိုလေခဲ့သည်။
'မင်းဆီကိုအလည်လာတာ… လမ်းမှာငါ့ကိုခွေးဟောင်လို့ ငါလဲစိတ်မထိန်းနိုင်ပဲ ဓားနဲ့ထိုးပစ်လိုက်တယ်'
'ဟာဒုက္ခပါပဲ ခွေးပိုင်ရှင်သိရင်တော့ မင်းကိုပြသနာရှာတော့မယ်'
'မရှာပါဘူးကွာ… အဲ့ဒီခွေးကိုကြည့်ရတာ လမ်းဘေးမှာနေတာ သေချာတယ်'
'ဘာပဲဖြစ်ဖြစ်စိတ်ကိုထိန်းပေါ့ကွ… မင်းခွေးကိုသတ်လိုက်တော့ လူတွေမတားကြဘူးလား'
'မတားပါဘူး… လူတွေလဲရှင်းနေတယ် ခွေးကသုံးလသားလောက်တော့ ရှိနေပြီကွ'
'ဟမ်!…'
လူမိုက်တင်အောင်ကြီးပြောဆိုလိုက်သော စကားများကြောင့် ကျွန်ုပ်သည်လည်း လွန်စွာအံ့သြသွားမိသည်။ သူ၏မိုက်မဲမှု့များ ကမ်းကုန်လောက်အောင် မိုက်မဲလေသလား။ ယခုတွင်လည်း သုံးလသား ခွေးတစ်ကောင်အား သတ်ပစ်ခဲ့သည်ဟု ပြောဆိုလေခဲ့သည်။ တော်သေးပါသည်။ ကျွန်ုပ်အထင် လူသတ်မှု့များ ကျုးလွန်လာလေသလားဟု ထင်မြင်စေခဲ့မိသည်။ သို့သော်လည်းယခု အကြောင်းစုံသိလိုက်ရသည်ကြောင့် စိတ်အေးစွာနှင့် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းလေးချမိလိုက်စေသည်။
'ကဲဒါနဲ့ပြောပါဦး ငါ့ဆီအလည်သတ်သတ်ပဲလား'
'အလည်သတ်သတ်လို့ပဲပြောရတော့မှာပေါ့… ဒါပေမယ့်ကိစ္စတော့ရှိတယ်'
'ဟင်… မင်းစကားက အဆန်းပါလာကွ ဆိုစမ်းပါဦး ဘာကိစ္စများလဲ'
ကျွန်ုပ်၏စကားများအဆုံး တင်အောင်ကြီးတစ်ယောက် နေအိမ်တစ်ခုလုံးအား မျက်လုံးအဆုံးလှည့်ပတ်အကဲခတ်လိုက်ရင်း မလှမ်းမကမ်းတွင်ရှိနေသော ကျွန်ုပ်၏အနားသို့ လှမ်းလာလေခဲ့သည်။ တင်အောင်ကြီးအနားသို့ ရောက်ရှိလာသည်နှင့် အနံ့တစ်ချို့ကား သူ၏အရှေ့တွင်ဦးဆောင်လေခဲ့သည်။ လမ်းဘေးအိပ် လမ်းဘေးစားဟု ပြောဆိုစရာမလိုလောက်အောင်ပင် ခန္ဓာကိုယ်ပေါ်၌လည်း ညည်းသိုးသိုးအနံ့ထွက်ပေါ်နေခဲ့သည်။ သူငယ်ချင်းအရင်းကြီးဖြစ်သည်ကြောင့် ကျွနိုပ်မှာမူ သူ၏အောက်သိုးသိုးအနံ့အား သည်းညည်းခံစွာ အသက်ရှု့နေခဲ့ရပြီး တိုးတိတ်စွာပြောဆိုရန် ရွယ်နေခဲ့သော သူ၏စကားအား အားရုံစိုက်စေခဲ့သည်။
'ဒီလိုကွ!… မင်းသတင်းတစ်ခုကြားမိသေးလား'
'ဟင်!… ဘာသတင်းတုန်း'
'အခုတလော ကဝေကတုံးဆိုတဲ့ လူယူတ်မာ သောင်းကြမ်းနေတဲ့အကြောင်းလေ'
'ဟင်!… ကဝေကတုံး… အင်း… ဟုတ်တယ် ငါတို့လဲသူ့အကြောင်းကြားတယ် အဲ့ဒါဘာဖြစ်လဲ'
'အဲ့ဒီကောင်ကို ငါတွေ့ဘူးတယ်ကွ… ငါ့လိုပဲ ပေပေတေတေနဲ့ အရူးယောင်ဆောင်ပြီး သူ့ပညာအဆင့်တတ်ဖို့ ကြိုးစားနေတာ'
'ဟင်…'
'ဟုတ်တဟ်'
'အဲ့ဒါမင်းဘာလုပ်ဖို့လဲ… သူနေတဲ့နေရာမင်းသိရင် သက်ဆ်ုင်ရာဆီ သတင်းပေးလိုက်ပါလား'
'အဲ့လိုသတင်းပေးလို့မရဘူးကွ… ဒီကောင်က နေရာအတိကျမရှိဘူး… တစ်ခါတစ်လေ ငှက်တွေနဲ့ လေထဲမှာနေတယ် တစ်ခါတစ်လေ တီကောင်တွေနဲ့ မြေထဲမှာနေတယ်… အများအားဖြင့် မိန်းမပျိုလေးတွေရှိနေတဲ့ နေရာမှာ အဲ့ကောင်ရှိနေတာသေချာတဟ်'
'မင်းကသိလှချည်လား'
'သိပ်သိတာပေါ့ကွာ… ငါ့အဖိုးပြောပြဘူးတဲ့ ထိပ်တန်းကဝေပညာ အဆင့်ရောက်ဖို့ အခုလိုမိန်းကလေးတွေနဲ့ ပွတ်သီးပွတ်သပ်လုပ်ပြီး ကိုယ်သင်းအနံ့တွေယူဖို့ နောက်ဆုံးတစ်နည်းပဲကျန်တော့တယ်… အဲ့ဒီအဆင့်အောင်တာနဲ့ ထိပ်တန်းကဝေပညာအဆင့်ဖြစ်သွားပြီး သူ့ကိုတစ်နိုင်ငံလုံးဖမ်းလို့ရမှာမဟုတ်တော့ဘူး'
'ဟေး… သူက မိန်းကလေးတွေကို အဓမ္မကြံနေတာလား… အတိကျရောမင်းသိလား'
'သိတယ်… အပျိုစစ်စစ်မိန်းကလေးတွေနေတဲ့ အိမ်ကို… ညနက်သွားပြီးဆိုရင် သူရောက်လာတယ်… မိန်းကလေးတွေကလဲ မအော်ရဲဘူး… သူ့ကိုကြောက်ရတယ်… ပြီးရင် မိန်းကလေးတွေကို အဝတ်စားတွေချွတ်… ပြီးတာနဲ့ သူတို့နဲ့ပွတ်သပ်တော့တာပဲ တစ်ခြားအဓ္ဓမပြုကျင့်တာမျိုးတော့တာမဟုတ်ဘူး'
'ဟုတ်တယ်ကွ… ငါတို့လဲ အဲ့လိုပဲကြားတာ… သက်ဆိုင်ရာလူကြီးတွေလဲ ကဝေကတုံးကို နည်းအမျိုးမျိုးနဲ့ဖမ်းနေကြတယ်… ဒါပေမယ့် အခုချိန်ထိ မိသွားပြီလို့မကြားရသေးဘူး… မိန်းကလေးတွေလဲ သူ့ရန်ကိုကြောက်နေရတယ်'
'သိပ်ဟုတ်တာပေါ့ကွာ… ဒီကောင်အသည်းသန်ကြောက်ရတာဆိုလို့ သံပုရာသီးတစ်ခုပဲရှိတယ်… အဲ့ဒါဘာဖြစ်လို့လဲဆိုရင် သံပုရာသီးဆိုတဲ့ အသီးမျိုးက အိပ်ငွေ့ချမရဘူး… ပြီးရင် အငြို့ခံရတဲ့ ပြုစားခြင်းတော်တော်များကိုလည်း ပြေပျောက်နိုင်တယ်… အဓိကအားဖြင့် ကဝေကတုံးလို ပညာသည်တွေက ဓာတ်ပြေတတ်တဲ့ သံပုရာသီးကိုအရမ်းကြောက်ရတာကွ'
'ဟုတ်ပါပြီ အခုမင်း… သူ့အကြောင်းဘာတွေသိထားလို့လဲ'
'ဒီကောင် ဒီည(၁၂)တိတိ မြို့ပြင်နားမှာနေတဲ့ ကောင်မလေးတစ်ယောက်အိမ်ကို သွားလိမ့်မယ်လို့ ငါအတိကျသိထားတယ်'
'ဟင်!… မင်း… မင်းတကယ်ပြောနေတာလား'
'ဟုတ်တယ်… ငါတကယ်ပြောနေတာ… မနေ့က ငါအိမ်ပျက်ကြီးမှာအိပ်နေတုန်း… အဲ့ဒီကဝေကတုံးနဲ့ ပတ်သတ်တဲ့လူတစ်ယောက်ဖြစ်မယ် အိမ်ပျက်ကြီးထဲအပြေးဝင်လာတယ်… ငါ့ကိုတော့ မတွေ့ဘူး ငါလဲအိပ်စရာမရှိတာနဲ့ အိမ်ပျက်ကြီးမှာပုန်းအိပ်နေရတာ… အိမ်ထဲလူဝင်လာသံကြားတာနဲ့ ငါစောင့်ကြည့်နေတယ်… လူတစ်ယောက်အိမ်ထဲ ကဗျာကယာဝင်လာပြီး အိမ်ပျက်ကြီးအပေါ်ထပ်ကိုတတ်သွားတယ်… ဒီလူဇောတစ်ခုနဲ့တတ်သွားတာ အနောက်မှာ ငါခိုးလိုက်လာမှန်းမသိဘူး'
'ပြီးတော့ အိမ်ပျက်ကြီးထဲမှာရှိနေတဲ့ အိမ်သာပျက်အခန်း ဘေးကိုဝင်သွားတယ်… ချောင်းကြည့်မိလိုက်တော့ ကတုံးတစ်ယောက်ကိုတွေ့တယ်… တရားထိုင်နေသလိုမျိုးလဲထိုင်နေတယ် အိမ်ထဲပြေးဝင်လာတဲ့ သူက အဲ့ဒီကတုံးကိုပြောတယ်… မြို့ပြင်နားကအိမ်မှာ… မိန်းမပျိုလေးတစ်ယောက် နေတဲ့အကြောင်း… ပညာအဆင့်မြင့်ဖို့ရပြီဆိုတဲ့အကြောင်း အဲ့ဒါတွေကြားလိုက်တော့မှ ငါလဲ အဲ့ဒီကတုံးကို ကဝေကတုံးမှန်းသိတော့တယ်… ဒီည အဲ့ဒီကောင် မြို့ပြင်နားကအိမ်ကို သွားမှာသေချာနေပြီ'
'ဟေ… မင်း… မင်းတ… တကယ်ပြောနေတာလား'
'တကယ်ပြောနေတာ'
'ဒါဆို ရဲစခန်းအကြောင်းသွားကြားလိုက်တာ… ပိုကောင်းလိမ့်မယ် ထင်တယ်နော်'
'ဟာ… ရဲစခန်းအကြောင်းကြားလို့မဖြစ်ဘူးကွ… ဒီကောင့်ကို ငါကိုယ်တိုင်ဖမ်းမှဖြစ်မှာ ဒါမှလဲ ရဲစခန်းကထုတ်ထားတဲ့ ဆုငွေငါရမှာလေ'
'ဖြစ်ပါ့မလားကွာ… တော်ကြာ မင်းတစ်ခုခုဖြစ်နေပါဦးမယ်'
'ငါ့အတွက်မပူပါနဲ့ ငါကတစ်ကောင်ကြွက်… ငါ့မှာဘာသံယော်ဇဉ်မှမရှိဘူး… ဒီလိုလူယုတ်မာမျိုးကို ဖမ်းပေးရင်း သေသွားရင်တောင် ငါကျေနပ်တယ်'
'နေပါဦး မင်းဘယ်လိုဖမ်းမှာလဲ'
'ငါသတင်းရရခြင်း အဲ့ဒီကောင်မလေးမိသားစုကို ရှောင်ခိုင်းထားတဟ်… ဒီည အဲ့ဒီအိမ်မှာ အဲ့ဒီကောင်မလေးပုံစံမျိုးနဲ့ ငါသွားနေမယ်… ဒီကောင်ရောက်လာပြီဆိုတာနဲ့ ခွေးသတ်ထားတဲ့ ဓားနဲ့ထိုးလိုက်ရင် ဒီကဝေကတုံး ပညာတွေပျက်ပြီး သာမာန်သူတစ်ယောက်ဖြစ်သွားပြီ ဒါဆိုရင် သူ့ကိုအလွယ်တကူမိပြီပေါ့ကွ'
'ဒါပေမယ့်ငါ့ကိုတစ်ခုလောက် မင်းကူညီပေးပါ'
'ပြောလေ… ငါဘာကူညီရမှာတုန်း'
'ဒီည မင်းငါနဲ့လိုက်ခဲ့ပေးပါလား'
' ဟင် '
မည်သို့ပင်ဆိုးသွမ်းနေခဲ့သော လူမိုက်တစ်ဦးဖြစ်ပါစေ။ တင်အောင်ကြီးဟာ ငယ်စဉ်ကလေးဘဝ မူလတန်းကျောင်းနေစဉ်ကတည်းမှ ကျွန်ုပ်အား ညီအစ်ကိုသဖွယ် အားကိုးအားထား တိုင်တိုက်ပင်ပင် ပြုလုပ်ခဲ့သူတစ်ယောက်ဖြစ်သည်။ ယခုတွင်လည်း ကဝေကတုံးဆိုသူအား သူတစ်ယောက် ဆုငွေရရန်ဖမ်းစည်းနိုင်ရေးအတွက် ကျွန်ုပ်အားလိုက်ခဲ့ပေးပါဟု လာရောက်တောင်းဆိုလေခဲ့သည်။ ကျွန်ုပ်သည်လည်း နိုင်ငံ့အရေး၊ အမျိုးကောင်းသမီးလေးများ၏ အရေးနှင့် ပတ်သတ်နေခဲ့သည်ကြောင့် တင်အောင်ကြီးနှင့်အတူ ထိုပညာသည်အား ဖမ်းစည်နိုင်ရန် သဘောတူလိုက်ချေသည်။
ဒီလိုနှင့် ညနေစောင်းလာသည့်အချိန်တွင် တင်အောင်ကြီးမှာ ကဝေကတုံးအား ဖမ်းစည်ရေးအတွက် ပြင်ဆင်နေခဲ့၏။ အရာအားလုံးပြင်ဆင်ပြီးသည်နှင့် မြို့ပြင်နားတွင်ရှိနေသော မိန်းကလေး၏နေအိမ်ဆီသို့ သွားရောက်လေခဲ့သည်။ တစ်ဖြည်းဖြည်းနှင့် ညအချိန်သို့ ကူးပြောင်းလာလေခါ အမှောင်ထုမှအုပ်စိုးလာခဲ့ပြီး ညနက်အချိန်သို့ရောက်ရှိလာတော့မည်ဖြစ်သည်။
တင်အောင်ကြီးဟာ နေအိမ်အတွင်းသို့ဝင်ရောက်နေခဲ့ပြီး ကျွန်ုပ်အား အိမ်အပြင်လုံခြုံစေလှသော နေရာတွင် ထားရစ်စေခဲ့သည်။ ကျွန်ုပ်သည်လည်း မည်သည့်အသံတစ်စုံတစ်ရာ ကြားလေမလား၊ အသံသဲ့သဲ့ကြားရုံဖြင့် ဇောချွေးများစွာပြန်နေခါ ရင်ထိတ်နေခဲ့ရသည်။ ထိုကဲ့သို့ရင်ထိတ်နေခဲ့ရရင်း အတွေးတစ်စုံတစ်ရာ တွေးတောမိစေသည်။
'မဖြစ်နိုင်ဘူး… ဒီကဝေကတုံးကို တင်အောင်ကြီးတစ်ယောက်တည်း ဖမ်းနိုင်ဖို့ဆိုတာ ဘယ်လိုမှမလွယ်ဘူး… ဟာ… ငါဘာလုပ်ရမလဲ မဖြစ်သေးပါဘူး ရဲစခန်းအကြောင်းသွားကြားလိုက်တာပဲ တင်အောင်ကြီးအတွက် စိတ်အေးရမှာပါ'
ထိုကဲ့သို့တွေးမိစေရင်း ကျွန်ုပ်သည်လည်း ပုန်းကွယ်နေရာမှ ထွက်စေခါ ရဲစခန်းဆီသို့ဦးတည်ဖြစ်သည်။ ထိုအချိန်တွင်းမှာပင် လေပြင်းပြင်းတစ်ချက် တိုက်ခိုက်လိုက်စေရင်း ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သတ်သွားလေသည်။ သေချာလေပြီ။ တင်အောင်ကြီးသတင်းရထားသည့်အတိုင်း ကဝေကတုံးရောက်ရှ်လာသည်ဖြစ်မည်။ တင်အောင်ကြီးရှိနေသော နေအိမ်အတွင်း၌လည်း ရုံးရင်းဆံခတ်ဖြစ်ပေါ်လာသံများ ကြားရခါ ကျွန်ုပ်သည်လည်း သက်ဆ်ုင်ရာ ရဲစခန်းရှိနေရာဆီသို့သာ အပြေးဦးတည်လေသည်။
ရဲစခန်းသို့ရောက်ရှ်လာသည်နှင့် ရဲအရာရှိများအား အကြောင်းစုံရှင်းပြလေခါ တင်အောင်ကြီးရှိနေသည့် မြို့ပြင်နားမှနေအိမ်ဆီသို့ ခေါ်ဆောင်လာခဲ့လေသည်။ ရဲအရာရှိများနှင့်ကျွန်ုပ် မြို့ပြင်နားမှနေအိမ်ဆီသို့ ရောက်ရှိလာခဲ့သည့်အထိ နေအိမ်အတွင်း၌ ရုံးရုံးဆန်ခတ်ဖြစ်နေခဲ့သော အသံများဟာ ပျောက်ကွယ်မသွားသေးချေ။ ရဲအရာရှိများမှာလည်း နေအိမ်တစ်ဝန်းလုံး ဝိုင်းရံထားစေခါ အသံတစ်ချို့နှင့် ပြောဆိုလေတော့သည်။
'အိမ်ထဲကသူတွှေ အေးအေးဆေးဆေးထွက်ခဲ့ကြ… မင်းတ်ု့က်ု ငါတ်ု့ရဲတပ်ဖွဲ့ ဝိုင်းထားပြီးပြီး အေးအေးဆေးဆေးထွက်ခဲ့ကြပါ'
ရဲအရာရှိကြီး၏ပြောစကားများအဆုံး ရုံးရင်းဆံခတ်ဖြစ်နေသော အသံများနှင့် နေအိမ်ကြီးမှာလည်း ရုတ်တရက်တိတ်ဆိတ်သွားခဲ့လေသည်။ သို့သော် နေအိမ်အတွင်းမှ မည်သူမှထွက်ခွာမလာပဲ ငြိမ်သတ်စွာရှိနေလေခဲ့သည်။ ကျွန်ုပ်သည်လည်း သူငယ်ချင်းဖြစ်သူ တင်အောင်ကြီးအတွက် လွန်စွာစိုးရိမ်စေမိရင်း ရဲအရာရှိများအား နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှု့ပေးရန် တောင်းဆိုလေခဲ့သည်။
ရဲအရာရှိများမှာလည်း ငြိမ်သတ်သွားခဲ့သော နေအိမ်အနားသို့ ဖြေးညင်းစွာကပ်ရောက်နေခဲ့သည်။ ထွက်ပေါက်ဖြစ်သော အိမ်အပေါက်ဆီသို့ ထိုသူများအားလုံး အာရုံစိုက်နေချိန်၌ နေအိမ်အပေါက်ဆီမှ သူငယ်ချင်းဖြစ်သူတင်အောင်ကြီးတစ်ယောက် ယိုင်တိုင်စွာထွက်ခွာလာခဲ့လေသည်။ မျက်နှာပြင်တွင်လည်း ငြိုးငယ်နေလှပြီး ခြေလှမ်းများမှာလည်း ရိုင်တိုင်နေခဲ့သည်က လဲကျလုမတတ်ပင်ဖြစ်လေသည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း စိုးရိမ်မှု့များနှင့် တင်အောင်ကြီးအနားသို့ အပြေးသွားရောက်လေခါ ထိုကဲ့သို့အမေးစကားများ မေးမြန်းလေခဲ့သည်။
'တင်အောင်ကြီး တင်အောင်ကြီး မင်း…မင်းဘာဖြစ်သွားသေးလဲ မင်း…မင်းကဝေတုံးနဲ့တွေ့ခဲ့လား'
ထစ်ငေါ့မှု့များနှင့် မေးမြန်းနေခဲ့သော ကျွန်ုပ်၏အမေးစကားများအား ရဲအရာရှိများသည်လည်း စိတ်ဝင်စားနေပုံပေါ်သည်။ တင်အောင်ကြီး၏ပြောထွက်လာမည့် အဖြေစကားများစောင့်မျှော်နေခဲ့သည်။ ရိုင်တိုင်နေခဲ့သော ခြေလှမ်းများကြောင့် တင်အောင်ကြီးတစ်ယောက် ကြာရှည်စွာမရပ်တည်နိုင်တော့ပဲ မတ်တပ်ရပ်နေရာမှ ခွေလဲကျသွားလေသည်။ ကျွန်ုပ်သည်လည်း တင်အောင်ကြီးတစ်ယောက် အဘယ်သို့ဖြစ်သွားရသနည်းဟု စိုးရိမ်မိရင်း သူ့အား ပွေ့ထူလိုက်လေသည်။
သို့သော် ပွေ့ထူလိုက်သောကျွန်ုပ်အား တင်အောင်ကြီးမှာမူ ပွေ့ထူမခံ အားတင်ခါထစေရင်း ထိုကဲ့သို့စကားသံကြီးထွက်ပေါ်လာလေသည်။ မိန်းမပျိုလေးများအား အတင်းအဓ္ဓမပြုကျင့်ခြင်းမျိုးမဟုတ်၊ ကိုယ်လုံးချွတ်ပွတ်သပ်ယုံမျှသာ ပြုမူသွားခဲ့သော ကဝေပညာအဆင့်မြင့်နေသည့် ကဝေကတုံးမှာ လူမိုက်တင်အောင်ကြီးအား မည်သို့ပင်တုန့်ပြန်သွားခဲ့သနည်း မသိ။ တင်အောင်ကြီးတစ်ယောက် ခွေကျသွားရာမှ အားတင်းခါထစေရင်း ထိုသို့စကားသံကြီးပြောဆိုလိုက်လေသည်။
'ရတယ်ထီးလေ… ငါ့ကိုမထူနဲ့ ငါ့ဟာငါထမယ်'
'မှတ်ထားကွ နောက်ဆို တင်အောင်ကြီးဘဝမှာ ဘယ်တော့မှ ဝမ်းချုပ်တယ်ဆိုတာ မရှိစေရဘူး'
ကဝေကတုံးဟာ တင်အောင်ကြီးအား မည်သို့ပင်ပြုလုပ်သွားသည်မသိ၊ အားတင်ခါထစေရင်း ထိုသို့ပြောဆိုလေခဲ့သည်။ နောက်များတွင်လည်း ကဝေကတုံးနှင့်ထိပ်တိုက်ဆုံတွေ့ခဲ့ဘူးသော တင်အောင်ကြီးတစ်ယောက် အမြဲတစေပြောဆိုနေသော စကားတစ်ခွန်းရှိသည်။ ထိုစကားမှာ
'မှတ်ထားကွ… တင်အောင်ကြီးတဲ့… တင်အောင်ကြီးဘဝမှာ ဘယ်တော့မှ ဝမ်းချုပ်တယ်ဆိုတာမရှိစေရဘူး'
***
မှတ်ချက်။ ။သဘောမပေါက်လျင် စ/ဆုံးပြန်ဖတ်ပါ။
မှတ်ချက်။ ။တွေးမိပါက ခပ်ပြုံးပြုံးအမူယာပြောင်းပါ။
မှတ်ချက်။ ။ကဝေကတုံးနှင့် ဆုံတွေ့ခဲ့ရဘူးသော
မိတ်ဆွေဖြစ်သူ၏ ပြောပြချက်များအား
စာစီချယ်သလိုက်ပါသည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More Story >>> www.hteekalay.tk
Post Top Ad
Responsive Ads Here
Home
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
ကဝေကတုံး (၁၈နှစ်ပြည့်ပြီးသူများအတွက်သာ) ဖြစ်ရပ်ဆန်းကြယ်
ကဝေကတုံး (၁၈နှစ်ပြည့်ပြီးသူများအတွက်သာ) ဖြစ်ရပ်ဆန်းကြယ်
Share This
Tags
# ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Share This
About Unknown
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment