အပိုင်း(၅)နှစ်၁၀၀သက်ဝင်မြေးဘွား - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၅)နှစ်၁၀၀သက်ဝင်မြေးဘွား

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
                 သက်ဝင်မြေးဘွား
                 အောက်လမ်း မာယာ
                      အပိုင်း (၅)    
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)



ကိုသူရအား ပြောချင်လှသည့် စကားများဟာ ကိုမြင့်ဦး၏ နှလုံးသားထဲ၌ ပြည့်နှပ်စွာ ရှိနေခဲ့သော်လည်း မည်သို့မှပင် ပြောခွင့်မရတော့ပဲ မိမိလက်ထဲတွင် ဆုတ်ကိုင်ထားသည့် သွေးပုဝါလေးအား ထီးကလေးဆီသို့ ပေးခိုင်းလျက် ထိုနေရာ၌ပင် ကိုမြင့်ဦးတစ်ယောက် အသက်ပျောက်သွားခဲ့ချေတော့သည်။
' ဟင် …  မိန်းမ ဘ … ဘယ်လိုလုပ်မလဲ … သေသွားပြီးလားမသိဘူး '
တုန်ရီနေသည့် စကားသံများနှင့်အတူ စာရေးဆရာ ကိုသူရတစ်ယောက် သေဆုံးသွားသည့် ကိုမြင့်ဦး၏ အလောင်းအားကြည့်လျက် မိန်းမဖြစ်သူ မခင်ထားအား ပြောလိုက်လေသည်။
' ဟုတ်တယ် ကျွန်မတို့ သက်ဆိုက်ရာကို အကြောင်းကြားမှ ဖြစ်မယ် … မဟုတ်ရင် ကျွန်မတို့မိသားစု အမှု့ပတ်လိမ့်မယ်'
' ဒီပိတ်စကြီးကို ဘယ်လိုလုပ်ရမလဲ လွှင့်ပစ်လိုက်ရမလား'
' နေဦးယောကျာ်း ဒီအစ်ကိုကြီးက ကျွန်မတို့မိသားစု ဒုက္ခရောက်နေစဉ်က အကူညီပေးထားခဲ့ဘူးတယ် … အခုသူ့ကိုလဲ ကျွန်မတို့ ပြန်ကူညီပေးမှ ဖြစ်မယ် '
' ဟာ … မိန်းမ ဖြစ်ပါ့မလား … ဒီလူက လူဆိုးလား လူကောင်းလားမသိပဲနဲ့ … ငါတို့ကူညီလို့ဖြစ်ပါ့မလား '
' ဖြစ်မှာပါ … သူသွားပေးခိုင်းတဲ့ လူကလဲ ဟိုတစ်လောက စီးပွားရေလောကထဲမှာ နာမည်ရလာတဲ့ သူဌေးလေး နေသူရှိန်ရဲ့ လူရုံတစ်ယောက်လို့ ကျွန်မကြားတယ်'
' အဲ့ဒီလူကို မြင်ဘူးလို့လား '
' မမြင်ဘူးပါဘူး ဒါပေမယ့် ဒီသွေးပုဝါက တော်တော်အရေးကြီးလို့ ဒီအစ်ကိုကြီး အသက်နဲ့လဲပြီး ယူလာရတာဖြစ်မယ် '
' ဒါဆို အဲ့ဒီလူက ဘယ်မှာရှိနေတာလဲ … ဘယ်လိုသွားရှာမလဲ '
' ဟုတ်တယ် … အဲ့ဒါတော့ ခတ်ခဲလိမ့်မယ် '
' မပေးပါနဲ့လား မိန်းမရာ ငါတို့မိသားစု အမှု့ပတ်နေပါဦးမယ် … ငါတို့ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်တယ် … ဒုက္ခရောက်နေပါဦးမယ် '
' ယောကျာ်း ရှင်က စာရေးဆရာကောင်းတစ်ယောက်ပါ ကျွန်မ ရှင့်ရဲ့ မိန်းမဖြစ်ခွင့်ရလို့ ဂုဏ်ယူမိပါတယ် … ဒါပေမယ့် ရန်ကုန်က ထီးကလေးဆီကို ကျွန်မဒီပိတ်စ သွားပေးချင်တယ် … ပြီးတော့ ဒီအစ်ကိုကြီးလာတုန်းက သူ့ဘေးနားမှာ လူတွေလဲ အများကြီးပါလာတယ် … ပြီးတော့ ဟိုအသက်ငယ်ငယ် ကောင်လေးတစ်ယောက်လဲ ပါလာတယ် … အခုတွေ့ရတာက ဒီအစ်ကိုကြီးတစ်ယောက်တည်း ပြီးတော့ သွေးတွေနဲ့ ရေးထားတဲ့ ဒီပိတ်စကို နောက်ဆုံးအချိန်ထိ ပေးခိုင်းခဲ့တယ်ဆိုတော့ တော်တော်လေး အရေးကြီးတဲ့ ပြသနာဖြစ်နေလို့နဲ့ ထင်တယ် … ကျွန်မကို ခွင့်ပြုပါ ယောကျာ်း ကျွန်မ ထီးကလေးဆီကို ဒီပိတ်စလေး သွားပေးပါရစေ'
' မိန်းမရယ် … မင်းစိတ်ဓာတ်ကို ယောကျာ်းလေးစားမိပါတယ် … ဒါပေမယ့် ဒီပိတ်စကို ဒီနယ်ပိုင်ရဲအရာရှိ လက်ထဲကိုပဲ အပ်လိုက်လို့မရဘူးလား ရန်ကုန်ဆိုတာက အဝေးကြီးပဲ … ယောကျာ်း မင်းကို ဘယ်လိုစိတ်ချနိုင်မှာလဲ '
' ဟူး … '
လင်ယောကျာ်းဖြစ်သူ ကိုသူရ၏ စိတ်မချနိုင်သော စကားများအား ကြားနေရပြီး မိမိတို့အား အကူညီတောင်းခဲ့သော ကိုမြင့်ဦး၏ ဆန္ဒအရ ထီးကလေးဆီသို့ ထိုပိတ်စကလေး သွားရောက်ပေးချင်ခဲ့သော်လည်း ယောကျာ်းဖြစ်သူ ကိုသူရမှာ မည်သို့မှပင် သွားခွင့်မပြုခဲ့ချေ။
သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်လေသည်။ သွေးများဖြင့် ရေးထားသည့် ထိုပိတ်စလေးအား ကိုင်ဆောင်ထားကာ မခင်ထားတစ်ယောက် မျက်လွှာလေးအား ချထားလိုက်သည်။ သို့ပေမယ့် သူမ၏ အတွင်းစိတ်၌ ကျေးဇူးရှင်ဟု သတ်မှတ်ထားသော ကိုမြင့်ဦး၏ နောက်ဆုံးဆန္ဒအကူညီးအား မဖြစ်ဖြစ်အောင် ကူညီပေးမည်ဟု တွေးတောနေခဲ့သည်။ လင်ယောကျာ်းဖြစ်သူ ကိုသူရ၏ ဂရုဏာသက်ဝင်စေသော တားမြစ်စကာတို့အား မိန်းမဖြစ်သူ မခင်ထားတစ်ယောက် သိရှိနားလည်စေပြီး စာရေးထီးကလေးဆီသို့ သွားရောက်ခွင့်အား မတောင်းတော့ပဲ မိမိ၏စိတ်ထဲ၌သာ ရန်ကုန်သို့ သွားရောက်ရန်ကြံစည်ထားခဲ့လေသည်။ သေဆုံးသူ ကိုမြင့်ဦး၏ အလောင်းအား ထိုနယ်မှ လူကြီးများအား အကြောင်းကြားအပ်နံထားစေပြီး ထိုနယ်ပိုင် ရဲအရာရှိဆီသို့ စာရေးဆရာ ကိုသူတစ်ယောက် အကြောင်းကြားရန် ပြင်ဆင်လျက် ဇနီးဖြစ်သူနှင့် သမီးလေးအား နေအိမ်တွင်သာ လုံခြုံစွာနေခိုင်းခဲ့ပြီး နယ်မြို့လေး၏ မြို့ပေါ်သို့ သွားရောက်ချေတော့သည်။ လင်ယောကျာ်းဖြစ်သူ ကိုသူရတစ်ယောက် မြို့ပေါ်သို့ တတ်သွားသည်နှင့် အိမ်၌ကျန်ခဲ့သော မခင်ထားတစ်ယောက်မှာတော့ သွေးပုဝါလေးအား မိမ်တို့၏ကျေးဇူးရှင် ကိုမြင့်ဦး၏ နောက်ဆုံးဆန္ဒအရ သွားရောက်ပေးမည်ဟု ကြံဆမိတော့သည်။ သို့နှင့်
' သမီး … မေမေ အပြင်ကိုခဏသွားဦးမယ် … သမီးလေးအိမ်မှာပဲ ခဏနေခဲ့ဦးနော် … ဒီမှာ မေမေစာရေးပေးခဲ့မယ် … သမီးဖေဖေပြန်လာရင် ဒီစာလေးကို ပေးလိုက်နော်'
'ဟင် … မေမေ ဘယ်သွားမှာလဲဟင် … သမီးလဲလိုက်မယ်လေ'
' သမီးလေးလိုချင်တဲ့ ဒီအရုပ်ကလေး ဖေဖေဝယ်ပေးခဲ့ပြီးပြီးလေ … မေမေ့စကားကို နားထောင် အိမ်မှာပဲနေခဲ့ ဟုတ်ပြီလား … ဖေဖေမြို့ပေါ်က ပြန်ရောက်လာရင် မေမေပေးခဲ့တဲ့ စာလေးကိုပဲ ပေးလိုက်နော် '
' ဟုတ်ကဲ့ မေမေ … သမီးအိမ်မှာပဲ ဒီအရုပ်ကလေးနဲ့ ကစားပြီးနေခဲ့မယ် '
သမီးဖြစ်သူ ကလေးမလေးအား အိမ်၌ ထားရစ်စေခဲ့ပြီး မခင်ထားတစ်ယောက်မှာတော့ လင်ယောကျာ်းဖြစ်သူ ကိုသူရအား စာလေးတစ်စောင် ရေးပေးခဲ့လျက် သမီးလေးအား ပေးစေခိုင်းပြီး သူမမှာတော့ ရန်ကုန်မြို့ စာရေးထီးကလေးဆီသို့ပင် သွေးပုဝါလေးအား သွားရောက်ပေးရန် နေအိမ်မှ ထွက်ခွာသွားချေတော့သည်။

***********************************
အလှမ်းဝေးလှသည့် သူဌေးလေး၏ နေအိမ်မှ သူဌေးလေး၏ အကြိုက်နှစ်သတ်ဆုံး ပန်းပုရုပ်များအား ရေးဆွဲထားသည့် ပန်းချီကားချပ်ကြီးဟာ ကျွန်ုပ်၏ နေအိမ်ခြံရှေ့သို့ ရောက်ရှိလာခဲ့ပြီး သာမာန်ပန်းပုရုပ်ကလေးများကိုသာ ရေးဆွဲထားသည့် ထိုပန်းချီကားဟာ အားလုံး၏ အရှေ့၌ မျက်ရည်များကျနေသည့် ပုံစံသို့ဖြစ်ပေါ်လာခဲ့သည်ကို ထူးဆန်းအံ့သြဖွယ် အားလုံးမြင်တွေ့လိုက်ရပြီးနောက် သက်သေခံ ပစ္စည်းတစ်ခုအနေဖြင့် နိုင်ငံတော်မှ အသိအမှတ်ပြု အခွင့်အရေးရဲအရာရှိ (အခွင့်အရေးရဲအုပ် ဆိုသည်မှာ အမိန့်ချပိုင်ခွင့် ရှိသော တရားသူကြီးမင်းမှအစ ကျန်ရှိနေသော အမှု့များအား မိမိတားမြစ်မည်ဆိုလျင် တားပိုင်ခွင့်ရထားသော ရဲအရာရှိ) ရဲအုပ်ကိုမောင်ဝင်းမှ သိမ်းဆည်းထားခဲ့ချေသည်။ မနက်လင်းသည်နှင့် ကျွန်ုပ်၏ လုပ်ငန်းခွင်ဖြစ်သော စာရေး စားပွဲဝိုင်းအရှေ့သို့ ယူနီဖောင်းတစ်စုံဖြင့် ရဲအုပ်ကိုမောင်ဝင်း စိုက်မြိုက်စွာ ရောက်ရှိလာချေခဲ့သည်။ ကိုမောင်ဝင်းအား နေရာအဖြင့် ထိုင်ခုံယူပေးလိုက်ပြီး
' ဘာသတင်းထူးလဲ ကိုမောင်ဝင်း '
' ထူးတယ်ဟေ့ … ထူးတယ် … ကျုပ်တို့ ထင်တဲ့အတိုင်း သူဌေးလေးကိုတော့ တစ်ယောက်ယောက် လုပ်ကြံလိုက်တာ သေချာသွားပြီ'
' ဟင် … ဘယ်လို … '
' ဟုတ်တယ် … သူဌေးလေးက (      )  နယ်ဘက်ကို ဦးတည်ထွက်သွားတယ်လို့ သိရတာပဲ … သူ့မှာရှိနေတဲ့ အခြွေအရံ ပကာသနတွေ တစ်ခုမှ မယူသွားပဲ လိုင်းကားနဲ့ အဲ့ဒီနယ်ဘက်ကို သွားပြီး လေ့လာရေးသဘောမျိုးနဲ့ သွားတာ … သူ့ဘေးက လူရုံကိုမြင့်ဦးနဲ့ ကိုတင်မောင်နှစ်ယောက်ပဲ အဓိက ခေါ်သွားခဲ့တာ '
' အဲ့ဒီနယ်က သူဌေးနဲ့အပိုင်ရဲကို ကိုမောင်ဝင်း မေးကြည့်ပြီးပြီလား '
' မမေးရသေးဘူး … သူဌေးလေးရဲ့ ဦးလေးဦးနေမင်းပြောတာတော့ အဲ့ဒီအပိုင်သူဌေးက သူဌေးလေးအဖေ လက်ထက်တည်းက မန်နေဂျာချုပ်ရာထူးနဲ့ အလုပ်လုပ်ခဲ့တာ … ပြောရရင် သူဌေးလေးပြီးရင် လုပ်ပိုင်ခွင့်အားလုံးက အဲ့ဒီလူပဲ နာမည်က ဦးခွန်ဒေါင်း … ဦးနေမင်းပြောပုံအရ သူဌေးလေးကို လုပ်ကြံလောက်မယ့် သံသရာအရှိဆုံး တရားခံလို့ ကောင်ချက်ချလို့ရတယ် '
' တိုင်းနဲ့ ပြည် နယ် အားလုံးရဲ့ လုပ်ငန်းရှင် ကိုနေသူရှိန်ပြီးရင် အဲ့ဒီမန်နေဂျာ ဦးခွန်ဒေါင်းဆိုတော့ ကျန်တဲ့ လုပ်ငန်းရှင် အားလုံးက သူ့လက်အောက်မှာပေါ့ … ဒါဆို သံသယအရှိဆုံး တရားခံက အဲ့ဒီဦးခွန်းဒေါင်းဆိုတဲ့ မန်နေဂျာကြီးပဲ လုပ်ရဲလောက်မှာ ဘာဖြစ်လို့ အဲ့ဒီလို လုပ်ကြံချင်ရတာလဲ '
' ဟိုး … နေဦးကိုယ့်လူ … အဲ့ဒီလို သူပါလို့ ကျုပ်တို့အနေနဲ့ တိုက်ရိုက်စွတ်စွဲလို့ မဖြစ်သေးဘူး … အဲ့ဒီအတွက် ကျုပ်တို့ အဲ့ဒီနယ်ဘက်ကို လိုက်သွားကြည့်ဖို့လိုမယ် … ခင်ဗျားကလဲ အခုလောလောဆယ် သူဌေးလေး လူရုံတစ်ယောက်ဆိုပြီး လုပ်ငန်းအားလုံးမှာ နာမည်ထွက်နေတဲ့ သူဆိုတော့ ခင်ဗျားမှာလဲ တာဝန်ရှိတယ် ဒီတော့ အဲ့ဒီ့နယ်ဘက်ကို ကျုပ်နဲ့အတူ ခင်ဗျားပါလိုက်ပေးနိုင်မလား '
ရဲအုပ်ကိုမောင်ဝင်း၏ တောင်းဆိုသော စကားများအား ကျွန်ုပ်ကြားလိုက်ရသည်နှင့် ခေါင်းအား ဖြေးညင်းစွာ ငြိမ့်လိုက်မိသည်။ သို့နှင့် မဆုံးသေးသော သူ၏စကားများအား ကိုမောင်ဝင်းတစ်ယောက် ဆက်လက်ပြောဆိုနေခဲ့ပြီး
' ထီးကလေးကို လိုက်လာစေချင်တဲ့ ရည်ရွယ်ချက်က တစ်ခြားမဟုတ်ဘူး ကိုယ့်လူ … အဲ့ဒီဦးခွန်ဒေါင်းမှာ နာမည်အကြီးဆုံး အောက်လမ်းဆရာကြီးတစ်ယောက် ရှိနေတယ်လို့ ဦးနေမင်းဆီက ကျုပ်ကြားခဲ့ရတယ် … ဒါတင်မကသေးဘူး အဲ့ဒီကနယ်မြေပိုင် ရဲအရာရှိကလဲ ဦးခွန်းဒေါင်းပေးတာယူ ကျွေးတာစား ဘဝနဲ့ မတရားအမှု့တော်တော်များကို ဖုံးဖိထားတယ်လို့လဲကြားတယ် … လက်စားတဲ့ ရဲကိုတော့ ကျုပ်အနေနဲ့ အရေးယူလိုက်လို့ရတယ် … ကျုပ်မရတာက အဲ့ဒီအောက်လမ်းဆရာကြီးဆိုတာကိုပဲ'
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
       ပဉ္စမမြောက် လက်စားရှင်
        (ဝိဥာဉ်ကလဲ့စား)မှ
မိမိကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တစ္ဆေပြည့်စုံ၏ လက်စားချေမှု့များအား သိရှိထားရုံတင်မက
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
              ဝိဥာဉ်နှင့် ပျောက်ဆုံးနေသော
        သူ၏ အလောင်း မှ
ဝိဥာဉ်မောင်ကျော်၏ ပရလောကမှ ထူးဆန်းစွာ အကူညီတောင်းခဲ့ပုံများကို ကိုယ်တွေ့ကြုံဘူးထားသည့် ရဲအုပ်ကိုမောင်ဝင်း တစ်ယောက်မှာတော့ ယခုအောက်လမ်းဆရာကြီးဆိုသူအား မမြင်မတွေ့ခင်ကတည်းမှ ထိတ်လန့်နေပုံရသည်ဟု ဆိုရမလား ကျွန်ုပ်အား သူနှင့်အတူ လိုက်ပါလာစေရန် တောင်းဆိုနေလေခဲ့တော့သည်။
' ဘာပြောကောင်းမလဲ ကိုမောင်ဝင်းရာ … ကျုပ်ဖြင့် အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ဒီအလုပ်ထဲရောက်လာတယ်လို့ ဆိုရမယ် … လိုက်ခဲ့မှာပေါ့ … ကျုပ်တင်မကသေးဘူး … အရာရာမှာ လမ်းခင်းပေးတတ်တဲ့ လမ်းကလေး ပျက်ပျက်သားသား ဆုံးဖြတ်ချက်ချရဲတဲ့ မျှားကလေး အစစအရာရာ အနစ်နာခံရဲတဲ့ ငါးကလေးနဲ့ မဟုတ်မခံ လက်ရုံးရည်နဲ့ပြည့်စုံတဲ့ တန်ခိုး အရေးကြုံတိုင်း ပေါ်လာတတ်တဲ့ အစ်ကိုအောင် … အဲ့ဒီကျုပ်သူငယ်ချင်းတွေကိုပါ ခေါ်လာခဲ့မယ် '
' ဟ … သိပ်ကောင်းတာပေါ့ဗျာ … '
' ကိုင်း ဘယ်နေ့သွားမှာလဲ '
' အခုပဲ …
' အခုပဲ … '
'ဟုတ်တယ် ကျုပ်တို့ဘက်က လက်ဦးမှု့အရင်ရထားဖို့ လိုတယ် … ဒီတော့ အခုချက်ချင်း အဲ့ဒီနယ်ကိုသွားဖို့ ပြင်ဆင်ပေတော့ ထီးကလေးရေ … '
ကျွန်ုပ်၏ မာန်ကိုခဲကာ သွားမပေါ်သော နှုတ်ခမ်းဖြင့် ပြောသောစကား အရှေ့စူးစူးသို့ မျှော်ကြည့်နေသော မျက်ဝန်းနှင့်အတူ ရဲအုပ်ကိုမောင်ဝင်းအား မာန်အပြည့်ဖြင့် လိုက်ပါမည်ဟု ပြောဆိုခဲ့သည်။ ကျွန်ုပ်၏ ပြောစကားများ ကြားလိုက်ရသည့် ရဲအုပ်ကိုမောင်ဝင်းတစ်ယောက်မှာတော့ ပြုံးရွှင်လျက် မျက်နှာထားဖြင့် ယခုချက်ချင်းပင် (    )နယ်သို့ ခရီးထွက်ရန် ပြင်ဆင်လေကြတော့သည်။ ကျွန်ုပ်တို့၏ အကြောင်းအား အကြိမ်ပေါင်းများစွာ သိရှိထားပြီး ဖြစ်သည့် မိဘများကမူ ကျွန်ုပ်တို့အား ပြုံးလျက်သာ စိုက်ကြည့်လျက် ထိုခရီးတွင် ဘေးမသီရန်မခစေပဲ သွားလမ်းသာလို့ လာလမ်းဖြောင့်ရန် ဆုတောင်းပေးလျက် ခွင့်ပြုခဲ့ချေသည်။

***********************************
' ဘာ ! … ဒီလောက်အပိုင်ရတဲ့ အခွင့်အရေးမှာတောင် သူဌေးလေးကို အပါမခေါ်ခဲ့နိုင်ဘူး ဟုတ်လား … တင်မောင် မင်းသိပ်ညံ့လှချည်လား '
' ဟိုမြင့်ဦးကို ကျုပ်မယှဉ်နိုင်ဘူး ဂျာကြီး … အဲ့ဒီကောင် ပြောစကားနားမထောင်ပဲ ခေါင်းမာလို့ ကျုပ်အစီစဉ်တွေ ပျက်ခဲ့ရတာပါ '
' တိတ်စမ်း … ဘာမှ ငါ့ကိုဆင်ခြေလာပေး မနေနဲ့ … တောက် … ဒီလောက်အပိုင်ရတဲ့ အခွင့်အရေးမှာတောင် လက်လွတ်ခဲ့ရတယ်လို့ … ကဲအခုဘယ်လိုလုပ်ကြမလဲ မင်းပထွေး မြင့်ဦးကလဲလွတ်သွားပြီ … သူဌေးလေးကရော ဘယ်မှာလဲ '
' မြင့်ဦးကတော့ အသက်မရှင်နိုင်လောက်တော့ဘူး သူဌေး … ကျုပ်ဓားချက်ကို ကျုပ်ယုံတယ် … သူသေသွားလောက်ပြီ '
' အေးဟုတ်တယ် … သေသွားတာမှန်တယ် အလောင်းကို ဘယ်မှာသွားကောက်ရမလဲ … အဲ့ဒီအလောင်းနဲ့ ပတ်သတ်ပြီး ငါ့ကိုအမှု့မပတ်နိုင်ဘူး မင်းပြောနိုင်လား '
' အဲ့ဒီအတွက် ဘာမှ မပူနဲ့ဂျာကြီး … တစ်နယ်လုံးကိုပိုင်တဲ့ ကျုပ်တစ်ယောက်လုံး ခင်ဗျားဘေးမှာ ရှိနေတာပဲ … ဘာလိုဦးမှာမလို့လဲ '
' ကျုပ်တို့ကို အမှု့ပတ်လာနိုင်လား ကိုဆန်းထွန်း '
' မပတ်နိုင်ပါဘူးဗျာ … တင်မောင်ပြောပုံအရဆိုရင် မြင့်ဦးဆိုတဲ့သူက ဝေးဝေးမပြေးနိုင်တော့ဘူး ဒီနယ်တစ်ဝိုက်မှာ သူသေရလိမ့်မယ် … ဒီနယ်မှာ အမှု့ဖြစ်ပြီဆို ကျုပ်ဆီပဲ လာကြရတာမဟုတ်လား … အဲ့ဒီကိစ္စအတွက် ကျုပ်ရှင်းပါ့မယ် '
' ဟားဟား … ဟုတ်တာပဲ … သောက်သုံးမကျတဲ့တင်မောင် ဆရာကြီးတစ်ယောက်ရော'
' ဘယ်ဆရာကြီးလဲ … ဂျာကြီး '
' ဟာ … ဘယ်ဆရာကြီးရှိမှာတုန်း ငတုံးရဲ့ ငါတို့ဆရာကြီးပေါ့'
' ဆရာကြီး ဒီပ တရားထိုင်နေတယ် ဂျာကြီး '
' ဟုတ်ပြီ … ဒါဆို မြင့်ဦးအလောင်းကို ဒီနယ်တစ်ဝိုက်မှာရအောင် ရှာရမယ် … ပြီးရင် သူ့ဆီမှာ သက်သေခံ ပစ္စည်းတစ်ခုခု သို့မဟုတ် သူဌေးလေးရှိနေတဲ့ နေရာဆီ လမ်းညွှန်ပေးနိုင်တဲ့ သဲလွန်စ တစ်ခုခုရနိုင်တယ် … အဲ့ဒီတော့ ကိုဆန်းထွန်းနဲ့ မင်းအဖော်လိုက်သွားပြီး မြင့်ဦးအလောင်းကို ရအောင်ရှာခဲ့ကြ '
ထိုနယ်မြေပိုင် အပိုင်ရဲစခန်းတွင်ဖြစ်ပေသည်။
သူဌေးလေး၏ ဖခင် လုပ်ငန်းခွင်အားလုံးအား ဦးစီးလုပ်ကိုင်ခဲ့သည့် အချိန်ကာလမှ စတင်ပြီး ယခု သူဌေးလေး ဦးစီးလုပ်ကိုင်နေသည့် အချိန်ထိ လုပ်ငန်းအားလုံးအား ဦးစီးလုပ်ကိုင်နေသူ မန်နေဂျာ ဦးခွန်းဒေါင်းပင်ဖြစ်ချေသည်။ ထိုသူကား သူဌေးလေး၏ ဖခင်ဦးစီးလုပ်ကိုင်သည့် အချိန်မှ စလျက် နည်းနည်းအမျိုးမျိုးဖြင့် လုပ်ငန်းများအား ပိုင်ဆိုင်ချင်သူ တစ်ယောက်ဖြစ်ပြီး နည်းနည်းအမျိုးမျိုးဖြင့် ပိုင်ဆိုင်ရန် ကြံဆနေသူ တစ်ဦးဖြစ်သည်။ ယခုအခါ မိမိ၏ သားအရွယ်မျှရှိသော သူဌေးလေး နေသူရှိန်အား လုပ်ကြံလျက် အနီးတွင်ရှိသော လူရုံကိုတင်မောင်အား စည်းရုံးထားကာ အနီးကပ်လုပ်ကြံခိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့သည်ကြောင့် ဒေါသထွက်လျက် သစ္စာဖောက်တင်မောင်၏ ဓားချက်ဖြင့် သေဆုံးသွားသည့် ကိုမြင့်ဦး၏ အလောင်းအား ထိုနယ်တစ်ဝိုက်တွင် ရှာစေရန် နယ်မြေပိုင်ရဲအရာရှိနှင့်အတူ တင်မောင်အား စေလွတ်လိုက်စေသည်။ တင်မောင်နှင့် နယ်မြေပိုင် ရဲအရာရှိဆန်းထွန်းတို့ဟာ ဦးခွန်းဒေါင်အား နှုတ်ဆတ်လျက် ထွက်ခွာမည်အလုပ် အပေါက်စောင့် အလုပ်သမားလေး တစ်ဦး ဝင်ရောက်လာပြီး
' သူဌေး ဂိတ်ဝမှာ လူတစ်ယောက်ရောက်နေတယ် … ရဲအုပ်ကိုဆန်းထွန်းနဲ့ တွေ့ချင်လို့တဲ့ '
' ဘယ်သူလဲ … '
' မသိဘူး သူဌေး … လူသေမှု့တစ်ခု အကြောင်းကြားချင်လို့လို့ ပြောတာပဲ '
အပေါက်စောင့်လေး၏ ပြောစကားအား ကြားလိုက်ရသည့် ဦးခွန်းဒေါင်းတစ်ယောက်မှာတော့ ပြာပြာသလဲပင် ဖြစ်သွားလျက် နယ်မြေပိုင်ရဲအရာရှိအား ဂရုမစိုက်ပဲ
' အေးအေး … ဝင်ခိုင်းလိုက် '
လူသေမှု့ဟုဆိုလိုက်သည်နှင့် ဦးခွန်းဒေါင်းမှာ သေဆုံးသွားသော ကိုမြင့်ဦး၏ အကြောင်းဟုပင် ကောင်းစွာသိရှိသွားလျက် မိမိ၏ လက်သတ်မွေးထားသော နယ်မြေပိုင် ရဲအရာရှိကိုပင် အချက်ပြ စေခိုင်းစေတော့သည်။ မန်နေဂျာဦးခွန်ဒေါင်း၏ ခွင့်ပြုချက်ဖြင့် လူသေမှု့အား တိုင်ကြားရန် ဝင်ခွင့်ရရှိလာသော သူမှာ ရိုးသားဖြူစင်လှသည့် စာရေးဆရာ ကိုသူရပင် ဖြစ်ချေသည်။ ကြောင်တောင်တောင် ပုံစံဖြင့် ကိုသူရတစ်ယောက် နယ်မြေပိုင်ရဲစခန်းအတွင်သို့ ဝင်ရောက်လာခဲ့ပြီး ယူနီဖောင်းနှင့် နယ်မြေပိုင်ရဲအရာရှိ ဆန်းထွန်းအား တွေ့လိုက်သည်နှင့်
' ဆ … ဆရာ ကျုပ်အမှု့တစ်ခု တိုင်ချင်လို့ပါ'
' ပြောပါ … စခန်းမှူးဆန်းထွန်းဆိုတာ ကျုပ်ပါပဲ'
' ဟုတ် … ဟုတ်ကဲ့ဆရာ … ဟို … ဟိုလေ ဘယ်က လူကြီးမှန်းမသိဘူး … ကျုပ်ခြံထဲရောက်လာပြီး ဓားဒဏ်ရာတွေနဲ့ သေသွားလို့ အဲ့ဒါအကြောင်း လာကြားတာပါ'
' ဘာ … ဘယ်လို … ဓားဒဏ်ရာနဲ့ လူကြီးဟုတ်လား'
' ဟုတ် … ဟုတ်ပါတယ် ဆရာ '
' အဲ့ဒီ့အလောင်း ဘယ်မှာလဲ '
' ရွာထဲက လူကြီးတွေကို အကြောင်းကြားပြီး အပ်ထားခဲ့ပါတယ် '
တုန်လှုပ်နေသည့် ကိုသူရအား ဦးခွန်းဒေါင်း အကဲခတ်ကြည့်လျက် ရဲအုပ်ကိုမောင်ဝင်းအား မျက်လုံးများဖြင့် အချက်ပြနေခဲ့သည်။
' ဟေ့လူ … မှန်မှန်ဖြေ … အဲ့ဒီလူကို ခင်ဗျားသတ်လိုက်တာ မဟုတ်လား '
' ဗျာ  … ကျုပ် … ကျုပ်မသတ်ပါဘူး ကျုပ်က သာမန်စာရေးဆရာတစ်ယောက်ပါ လူတစ်ယောက်လုံးကို သတ်ဖို့စိတ်ကူးတောင် မယဉ်ခဲ့ဘူးပါဘူး '
' အပိုတွေပြောမနေနဲ့ … ခင်ဗျားက စာရေးဆရာဆိုတေတ့ ကောင်းကောင်းလိမ်တတ်မှာပဲ အဲ့ဒီခင်ဗျားကို ကျုပ်တို့အခုလောလောဆယ် အရေးယူထားမှ ဖြစ်မယ် '
' ဟင် … မ … မလုပ်ပါနဲ့ … ကျုပ်တကယ်မသတ်တာပါ … ကျုပ်မှာ မိန်းမနဲ့ သမီးလေး သူတို့တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေခဲ့တာပါ … ကျုပ်တကယ်မသတ်ပါဘူး … ဟိုလေ ပြီးတော့ အဲ့ဒီလူ မသေခင်အချိန်က ကျုပ်ကိုသွေးပုဝါလေး တစ်ခုပေးခဲ့တယ် '
' ဘာ … သွေးပုဝါ ဟုတ်လား '
' ဟုတ် … ဟုတ်ပါတယ် … ဟိုထီးကလေးဆိုတဲ့ သူကိုပေးခိုင်းခဲ့တာပါ … အဲ့ဒါပဲကျုပ်သိပါတယ် ကျုပ်တကယ်မသတ်တာပါ'
ထီးကလေးဟု အမည်ကြားရုံနှင့် လုပ်ငန်းအားလုံး ဦးစီးလုပ်ကိုင်နေသည့် မနိနေဂျာဦးခွန်းဒေါင်း တစ်ယောက်မှာတော့ ကောင်းစွာသိရှိချေသည်။ မကြာသေးမီ အချိန်ကာလမှ ဦးခွန်းဒေါင်းအား အသိပေးအကြောင်းကြားစေပြီး သူဌေးလေးနေသူရှိန်တစ်ယောက် အလုပ်ခန့်ထားစေသော စာရေးအလုပ်သမားလေးပင် ဖြစ်ချေသည်ဟု ဦးခွန်းဒေါင်းတစ်ယောက် ကောင်းစွာ သိရှိသွားစေသည်။
' ဘာ … သွေးပုဝါကို ထီးကလေးဆီပေးခိုင်းခဲ့တယ် ဟုတ်လား '
' ဟုတ် … ဟုတ်ပါတယ် '
' အခု အဲ့ဒီသွေးပုဝါ ဘယ်မှာလဲ '
' ကျုပ်အိမ်မှာ ရှိပါတယ် '
' ကောင်းပြီး ငါတို့လက်ထဲကို အဲ့ဒီသွေးဝါအပ်ရမယ် … အဲ့ဒါဆိုရင် မင်းပြောစကားတွေကို ငါတို့စဉ်းးပေးမယ် '
' ကျုပ် …  ကျုပ်တကယ်ပြောနေတာပါ … ကျုပ်မသတ်ပါဘူး ကျုပ်လူမသတ်ပါဘူး … အဲ့ဒီပုဝါလေးကို ကျုပ်ပေးပါ့မယ် … '
' ကောင်းပြီး …  ဒါဆိုအခုပဲ မင်းအိမ်ကို ငါတို့လိုက်ခဲ့မယ် '
' ဟုတ် … ဟုတ်ကဲ့ပါ … ကျုပ်ပေးပါ့မယ်'
မိမိဟာ အင်မတန်မှ ရိုးသားဖြူစင်သည့် စာရေးဆရာလေး တစ်ဦးဖြစ်ပြီး အမှု့ခင်းများအား မကြုံဘူးခဲ့သည်ကြောင့် စိုးရိမ်ထိတ်လန့်နေခဲ့သော ကိုသူရအား ခြိမ်းခြောက်လျက် သူဌေးလေးရှိနေသည့် နေရာဆီသို့ ညွန်ပြပေးမည့် သွေးပုဝါလေးအား လှည့်ကွက်ဆင်ကာ တောင်းလေတော့သည်။ ထိတ်လန့်နေသည့် ကိုသူရတစ်ယောက်မှာတော့ မလိမ်မညာပဲ ကိုမြင့်ဦးနှင့် ဆုံခဲ့သည့် နောက်ဆုံးချိန်မှ အဖြစ်ပျက်များအား မချွန်းမချန်ပြောပြခဲ့ပြီး သို့နှင့် သွေးပုဝါလေးအား ယူဆောင်ရန် ရဲအုပ်ဆန်းထွန်းနှင့်အတူ မန်နေဂျာဦးခွန်ဒေါင်းတို့ ကိုသူရ၏ နေအိမ်ဆီသို့ လိုက်ပါလာချေခဲ့တော့သည်။ မိမိ၏ နေအိမ်ဆီသို့ ကိုသူရတစ်ယောက် ရောက်ရှိလာသည်နှင့် မိမိအား စောင့်မျှော်နေသော သမီးလေးဖြစ်သူမှာ မိခင်မခင်ထားပေးခဲ့သည့် စာလေးအား တစ်ဖတ်မှ ကိုင်ဆောင်ထားပြီး ဖခင်ဖြစ်သူ ကိုသူရဆီသို့ အပြေးရောက်လာကာ ခရီးဦးကြိုဆိုလေတော့သည်။ မိမိနှင့်လိုက်ပါလာသည့် ရဲအုပ်ဆန်းထွန်းနှင့်အတူ ဦးခွန်ူဒေါင်းအား အိမ်အတွင်းသို့ ဝင်ခိုင်းစေပြီး
' မိန်းမရေ … မိန်းမ'
မိန်းမဖြစ်သူ မခင်ထားအား အလောတကြီး ရှာလျက် နှုတ်မှအော်ခေါ်နေမိသည်။
' ဖေဖေ … ဧည့်သည်တွေပါလာတာလား … မေမေမရှိဘူး အပြင်ထွက်သွားတယ် ဖေဖေပြန်လာရင် ဒီစာလေးပေးလိုက်လို့ သမီးကို မှာသွားတယ် '
အမေဖြစ်သူ မခင်ထားအပြင်သို့ ထွက်သွားကြောင်း ဖခင်ဖြစ်သူ ကိုသူရအား ပြောလျက် မခင်ထားပေးခဲ့သည့် စာလေးအား ကိုသူရတစ်ယောက် လျင်မြန်စွာယူလိုက်ပြီး
' ယောကျာ်း … မိန်းမကို ခွင့်လွတ်ပါ ကျွန်မတို့ကို ကယ်တင်ပေးခဲ့ဘူးတဲ့ ကျေးဇူးရှင်ကြီးရဲ့ နောက်ဆုံးဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးချင်လို့ သွေးပုဝါလေးကို ရန်ကုန်က ထီးကလေးဆီကို သွားပေးလိုက်တော့မယ် … ဒီစာကိုဖတ်ပြီး ကျွန်မကို ယောကျာ်းစိတ်ဆိုးနေပါ။ …'
မခင်ထားပေးခဲ့သည့် စာလေးအား လျင်မြန်စွာဖတ်လိုက်ပြီး
' ဟာ … ဒုက္ခပါပဲ '
နှုတ်မှစိုးရိမ်တကြီး တမ်းတမိလျက် ရဲအုပ်ဆန်းထွန်းနှင့်ဦးခွန်းဒေါင်းရှိရာသို့ လျင်မြန်စွာပြေးထွက်သွားပြီး မိန်းမဖြစ်သူ မခင်ထားပေးခဲ့သည့် စာလေးအား ပေးဖတ်လိုက်တော့သည်။ ထိုစာအား ဦးခွန်ဒေါင်းတစ်ယောက် ဖတ်ပြီးသည့်နောက်မှာတော့
' ဟာ … ဒါဆို သွေးပုဝါက ရန်ကုန်ကို ရောက်နေပြီလား … ကိုဆန်းထွန်းဘယ်လိုလုပ်ကြမလဲ '
' မင်းမိန်းမ ဘယ်အချိန်က ထွက်သွားတာလဲ '
' ကျွန်တော် မြို့ကိုမထွက်ခ
လာခင်အချိန်က ဖြစ်လောက်မယ် … သိပ်မကြာလောက်သေးဘူး '
' ဟုတ်ပြီး ဦးခွန်းဒေါင်း ဒါဆို တင်အောင့်ကို ရန်ကုန်အမြန်လွတ်ပြီး အဲ့ဒီမိန်းကလေဆီက သွေးပုဝါကို ရအောင်ယူခိုင်းလိုက် … အဝေးပြေးကားနဲ့ သွားတာဖြစ်လောက်မယ် … ရန်ကုန်တော့ မရောက်လောက်သေးဘူး … တင်အောင့်ကို ဖြတ်လမ်းကနေအမြန်ဆုံး ထီးကလေးစက်ရုံဆီကို လွတ်လိုက်တော့'
' ဟုတ် … ဟုတ်ကဲ့ '
ဦးခွန်းဒေါင်းနှင့် ရဲအုပ်ဆန်းထွန်းပြောနေသည့် စကားများအား ကိုသူရတစ်ယောက် နားမလည်နိုင်ချေ။ ကြောင်တောင်တောင်ကြည့်နေပြီး သမီးလေးအား ဖတ်ထားသည်။
' ဒါဆို ကျွန်တော်မသတ်ဘူးဆိုတာ ယုံပြနော် '
' ဘာ … ဒီအမှု့မှာက မင်းက သံသရအရှိဆုံး တရားခံပဲ … ဒီတော့ ငါတို့နဲ့ စခန်းကို ပြန်လိုက်ခဲ့ဦး'
' ဗျာ … ကျုပ် … ကျုပ်က စခန်းကို ပြန်လိုက်ခဲ့ရဦးမယ် … ဟုတ်လားဆရာ '
' ဟုတ်တယ် … ကဲလာ အချိန်မရှိဘူး'
'ဖေဖေ … ဖေဖေဘယ်သွားဦးမလို့လဲ … သမီးကို မထားခဲ့ပါနဲ့ '
' သမီးလေး ဖေဖေအခုပြန်လာခဲ့ပါ့မယ် … အိမ်မှာပဲ သမီးလေး ကစားပြီးနေခဲဦးနော် … မေမေပြန်လာမှ ဖေဖေ့ကို ရဲတွေခေါ်သွားတယ်လို့ ပြောပေးနော် '
' ဟင်း … ဟင်း ဖေဖေ '
ကိုသူရအား ရဲအုပ်ဆန်းထွန်းမှ စခန်းဆီသို့ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး သမီးလေးဖြစ်သူအား နှစ်သိမ့်ထားလျက် ကိုသူရတစ်ယောက် နယ်မြေပိုင် ရဲစခန်းသို့ ပြန်လည်လိုက်ပါသွားရချေတော့သည်။ သာမာန်အဝေးပြေးကားဖြင့် ရန်ကုန်သို့သွားမည့် မခင်ထားအား ဖြတ်လမ်းမှ ရန်ကုန်သို့ လိုက်ပါစေရန် သစ္စာဖောက်တင်အောင်အား ဦးခွန်းဒေါင်းတစ်ယောက် ဖုန်းဆက်ပြောဆိုလိုက်ပြီးနောက် စက်ရုံအရှေ့တွင် စာရေးထီးကလေးအယောင်ဆောင်လျက် သွေးပုဝါလေးအား ရယူလာစေရန် မှာကြားစေခဲ့သည်။

မကြာမီအချိန်တွင်းမှာပဲ ရန်ကုန်မြို့သို့ မခင်ထားတစ်ယောက် ယောင်လည်လည်ဖြင့် ရောက်ရှိလာချေခဲ့ပြီး အဝေးပြေးကားဂိတ်မှစလျက် တစ်ဆင့်တစ်ဆင့်ဖြင့် စာရေး ထီးကလေးတစ်ယောက် အလုပ်လုပ်ကိုင်သည့် အိမ်ဆောက်ပရိဘောဂ ရောင်းဝယ်ရေး စက်ရုံ့အရှေ့သို့ မခင်ထားတစ်ယောက် ရောက်ရှိလာနိုင်စေခဲ့သည်။ သာမာန်အဝေးပြေး ကားဖြင့် ရန်ကုန်သို့ ရောက်ရှိလာရသော မခင်ထားနှင့် ဦးစွာ မန်နေဂျာဦးခွန်းဒေါင်း၏ အကြောင်းကြားချက်ဖြင့် ရန်ကုန်သို့ ဖြတ်လမ်းမှ လာရောက်ခဲ့သော သစ္စာဖောက်တင်အောင်မှာ ထိုစက်ရုံသို့ ရှေးဦးစွာရောက်ရှိလာခဲ့ပြီး ထိုစက်ရုံသို့ မခင်ထား ရောက်လာမည့် အချိန်အား စာရေးထီးကလေး အယောင်ဆောင်ကာ ကြိုတင်စောင့်ကြိုနေခဲ့တော့သည်။

✏✏✏✏✏✏✏✏✏✏✏✏✏✏✏

ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ- ထီးကလေး
မကြီး Soe San အာ အစဉ်လေးစားနေလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages