တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၁)
'မြေအောက်အတွင်းမှ ကျွန်းအခေါင်းကြီး'
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
' သား … မင်းအခုတွဲနေတဲ့ ကောင်မလေးနဲ့ မေမေတို့သဘောမတူဘူးနော် '
' မေမေ…သား ကေ့ကို သိပ်ချစ်တယ်'
' တိတ်စမ်း သား ! … မင်းကိုမေမေတို့ ပြောပြီးပြီး အဲ့ဒီမိန်းကလေးနဲ့ လုံးဝ သဘောမတူနိုင်ဘူး … သားရယ် မင်းကရှေ့နှစ်ဆို ဆရာဝန်ကြီးဖြစ်ပြီလေ … ဘာဖြစ်လို့ ဘာမှမဟုတ်တဲ့ မိန်းမကိုယူချင်ရတာလဲ '
' မေမေ … ကေ့ကိုအဲ့ဒီလိုမပြောပါနဲ့ … ကေက သူများတွေအတွက် ဘာမှမဟုတ်ပေမယ့် သားအတွက် ချစ်သူကောင်းတစ်ယောက်ပါ … သားသူ့ကို သိပ်ချစ်တယ် ကေ့ကိုသား လက်ထပ်ယူမယ်မေမေ'
' ဆန်းလေး … သား … ဖေဖေတို့ စကားကို မင်းဘယ်တုန်းက အခုလိုပြန်ပြောဘူးလို့လဲ မင်းကိုဖေဖေတို့ ပညာတတ်ကြီးဖြစ်အောင် ပညာတွေသင်ထားပေးခဲ့တယ် … အခုဆိုငါ့သားက ဆရာဝန်ကြီုးဖြစ်တော့မယ်လေ … ရွှေရွှေခြင်းထပ်မှ မြတ်တယ်ဆိုတာ ငါ့သားကြားဘူးမှာပေါ့ သားရယ် မင်းနဲ့အဆင့်အတန်းတူတဲ့ မိန်းကလေးကိုပဲ လက်ထပ်ပါ '
' ဖေဖေ … အချစ်ဆိုတာ လုပ်ယူလို့မရဘူး သားကေ့ကို နှလုံးသားထဲကနေ သိပ်ချစ်တာပါ '
' သား … ဆန်းလေး မင်းကိုမေမေထပ်ပြောမယ် … အဲ့ဒီမိန်းကလေးနဲ့ မေမေတို့လုံးဝ သဘောမတူဘူး '
' မေမေ !… '
' ဆက်မပြောနဲ့သား ဒါပဲ … မင်းသေချာစဉ်းစားပါ အဲ့ဒီမိန်းကလေးကြောင့် မင်းကျောင်းတွေလဲ မတတ်ဖြစ်ဘူး ကျူရှင်တွေလဲ အချိန်မှန်မလာဘူးလို့ မင်းဆရာက မေမေ့ကိုတိုင်လိုက်တယ် … သားရယ် မင်းဆေးကျောင်းမှာ အဲ့ဒီမိန်းကလေးထက် သာတဲ့သူတွေ အများကြီးပါ '
' ဟုတ်တယ် သား … မင်းမေမေပြောတာ မှန်တယ် … အဲ့ဒီကေဆိုတဲ့ မိန်းကလေးကလွဲလို့ တစ်ခြားမိန်းကလေးတစ်ယောက်ကို ငါ့သားလက်ထပ်ပါ … ကေကလွဲရင် ဘယ်မိန်းကလေးမဆို ဖေဖေတို့မင်းကို မိသားဖသားပီပီလိုက်တောင်းပေးမယ် '
' ဖေဖေ … သားက ဆရာဝန်ဖြစ်တော့မယ် သားမှာဦးနှောက်ရှိပါတယ် ဒါပေမယ့် သားကေ့ကိုပဲချစ်တယ် ကေ့ကိုပဲ သားရဲ့ အိမ်ထောင်ဖက်အဖြစ် လက်ထပ်မယ် ဖေဖေ'
' တော်တော့ ! … ဆန်းထွန်းပိုင် … '
' ဒီမှာသား … မင်းကို အချိန်သုံးရက်ပေးမယ် အဲ့ဒီကောင်မလေးနဲ့ အမြန်ဆုံးအဆက်သွယ်ဖျက်ပါ … မဟုတ်လို့ကတော့ မေမေတို့အကြောင်း သားလေးအသိဆုံးနော် '
' မေမေ … သားကတော့ လုံးဝနောက်မဆုတ်နိုင်ဘူးနော် '
' အေး … မင်းရှေ့ဆက်တိုးမယ်ဆိုရင်တော့ … မင်းတို့နှစ်ယောက်ကို မရရအောင် ခွဲပစ်မှာပဲ '
' ဘယ်နှကွာ … လောကမှာ အပျိုလေးတွေအများကြီးပါ တစ်ခုလပ်ဆိုတဲ့ နာမည်ဆိုးကြီးရှိနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ငါ့သား ဆရာဝန်လောင်းလေးနဲ့ ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ '
' ဖေဖေ … ကေက တစ်ခုလပ်ဆိုတာ ဟုတ်ပါတယ်… ဒါပေမယ့် မသိလိှု့မှားခဲ့ဘူးတဲ့အပြစ်ကို ခွင့်မလွတ်ပေးကြတော့ဘူးလားဗျာ '
' အေး … ဖေဖေမင်းကို တစ်ခုရှင်းပြမယ် … စာရွက်အဖြူလေးတစ်ရွက်ပေါ်မှာ အမည်းစက်လေးတစ်စက် စွန်းနေတယ်ပဲထား … အဲ့ဒီစာရွက်ကိုကိုင်ပြီး ဒီမှာဘာမြင်သလဲလို့ မေးရင် အမည်းစက်ကလေး မြင်ပါတယ်လို့ ဖြေလိမ့်မယ်ကွ '
' တကယ်တော့ အမည်းစက်ကလေးဘေးမှာ အဖြူရောင်တွေ အများကြီးရှိနေတာကို ဘယ်သူကမှ သတိထားမြင်ကြမှာမဟုတ်ဘူး အမည်းစက်ကလေးကိုပဲ သတိထားကြည့်မိကြလိမ့်မယ် ဖေဖေတို့အသိုင်းဝိုင်းမှာ မျက်နှာပျက်စရာတွေဖြစ်လာလိမ့်မယ် ဖေဖေကလဲ နာမည်တစ်လုံးနဲ့ နေလာတဲ့ ဆရာတစ်ယောက် '
' ဘယ်မိဘမဆို ကိုယ့်သားသမီးလေးတွေကို ဆင်စီးပြီးမြင်းရံတာပဲ မြင်ချင်ကြတာ…ဖေဖေတို့နေရာမှာ တစ်ခြားမိဘတွေဆိုလဲ တစ်ခုလပ်ဆိုတဲ့ မိန်းကလေးနဲ့ဘယ်လိုမှသဘောတူနိုင်မှာ မဟုတ်ဘူး ဒါကြောင့် ဖေဖေတို့လဲ ငါ့သားအတွက် အတ္တကြီးရတယ် … ကုန်ကုန်ပြောမယ်ကွာ မင်းရှေ့ဆက်တိုးနေမယ်ဆိုရင် မင်းကို ဖေဖေ မေမေတို့ အမွေပျက်စွန့်လွတ်ရလိမ့်မယ် '
လူဂုဏ်တန်အသိုင်းဝန်း၏ မိသားစုသုံးယောက်အနက် သားဖြစ်သူ ဆန်းထွန်းပိုင်မှာ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် တတ်ရောက်နေခဲ့ပြီး။ ဆန်းထွန်းပိုင်ဟာ လိမ္မာရေးကြားရှိသည့် ခေတ်ပညာတတ် လူငယ်လေး တစ်ယောက်ဖြစ်သည့်အလား မိဘနှစ်ပါး၏ ဆိုဆုံးမမှုများအား အစဉ်အမြဲနာခံသည့် သားလိမ္မာလေးတစ်ယောက်ဖြစ်သည်။ ယခုအခါ သူ၏ချစ်သူ ကေဆိုသော မိန်းကလေးနှင့် ဆန်းထွန်းပိုင်အား မိဘနှစ်ပါးမှ အပြင်းအထန် သဘောမတူကြောင်း ကန့်ကွက်ငြင်းဆိုနေခဲ့သည်။ မိန်းကလေးမှာ ကံအကြောင်းတရားကြောင့် တစ်ခုလပ်ဟူသော နာမည်ဆိုးကြီးနှင့် သူမ၏ဘဝအား ရပ်တည်နေခဲ့ပြီး သားဖြစ်သူ ဆရာဝန်လောင်းနှင့် ထိုမိန်းကလေးအား မိဘများမှ သိပ်ချစ်ရသည့် တစ်ဦးတည်းသော သားဖြစ်သူအတွက် အတ္တကြီးစွာ သဘောမတူကြောင်းငြင်းဆိုနေလေခဲ့သည်။
ချစ်သူအား တစ်ဖတ်သတ် ထင်မြင်ချက်များပြောဆိုနေခဲ့ပြီး မိမိနှင့်သဘောမတူသည့် မိဘနှစ်ပါအား အတိုက်ခံပြောဆိုနေကာ ဆန်းထွန်းပိုင်ဟာ နှလုံးသားရေးအား ဦးစားပေးတော့မည်ဟု ဆုံးဖြတ်ချက်ချထားခဲ့ချေသည်။ ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်ဆစ် ငယ်စဉ်ကတည်းမှ ရွှေလင်ဗန်းနှင့် အချင်းဆေးလာခဲ့သည့် သားရတနာလေးအား မိဘနှစ်ပါးမှာ လွန်စွာမှပင် ချစ်မြတ်နိုးကြပြီး ယခုဆရာဝန်လောင်းဖြစ်သည့်အထိ ကလေးတစ်ယောက်သဖွယ် အရိပ်တကြည့်ကြည့် စောင့်ရှောက်နေကြသည့် မိဘနှစ်ပါးဟာ တစ်ခုလပ်ဖြစ်သော သူ၏ချစ်သူနှင့် မည်သို့မှပင် သဘောမတူနိုင်ချေ။
ဆန်းထွန်းပိုင်ဟာ ခေတ်ပညာတတ် ဆရာဝန်လောင်းတစ်ယောက်ဖြစ်သော်လည်း ဦးနှောက်နှင့်နှလုံးသား ယဉ်ပြိုင်လာသည့်အခါ နှလုံးသားကိုသာ ဦးစားပေးဆုံးဖြတ်ချက်ချထားခဲ့သည်။ ချစ်သူကောင်မလေးအား လွန်စွာမှချစ်မြတ်နိုးပြီး ဆင်းရဲသော မိမိ၏ချစ်သူဘဝလေးအတွင်းသို့ ဆန်းထွန်းပိုင်တစ်ယောက် ထာဝရဝင်ရောက်သွားတော့မည်ဟု ဆုံးဖြတ်ချက်ချထားခဲ့ပြီး မိမိ၏ချစ်သူကောင်မလေးနှင့် ဘဝတစ်ခုတည်ဆောက်ရန် နှစ်ဦးသား သဘောတူစွာ ခိုးပြေးကြလေတော့သည်။
****
' မင်းမှတ်မိသေးလားထီးလေး … ငါတို့ ကဝေဘုရင် ယမမင်းရှင်တုန်းက ဒီအဝေးပြေးလမ်းမှာ ကျက်ကုန်းဘုန်းကြီးတွေနဲ့ ဆုံခဲ့ကြတယ်လေ '
' မှတ်မိတာပေါ့ကွ … အဲ့ဒီအကြောင်းပြန်တွေးမိရင် အခုချိန်ထိ မယုံနိုင်လောက်အောင် အံ့သြမိတယ် '
' ဒါနဲ့… မင်းစောနယ်က ဖိုးချစ်ဆီအလည်သွားမလို့ လုပ်တုန်း ဝိဥာဉ်မောင်ကျော်ရဲ့ ကိစ္စပေါ်လာတာနဲ့ မသွားဖြစ်လိုက်ဘူး … ငါလဲအခုတလော အားနေတယ်ကွ … မင်းရယ်ငါရယ် … ကျန်တဲ့လမ်းကလေး မျှားကလေး ငါးကလေးတို့လဲ အားနေကြတာပဲ … ဖိုးချစ်ဆီ အလည်သွားကြမလား '
' အေးကွ … အခုချိန်လောက်ဆို ဖိုးချစ်တစ်ယောက် ထွက်ရပ်ပေါက် ပဂ္ဂိုလ်တောင်ဖြစ်နေပြီလား မသိဘူး'
' ဟုတ်တယ် … ငါလဲအဲ့ဒီအကြောင်း စိတ်ဝင်စားလို့ ဖိုးချစ်ဆီအလည်သွားချင်တာ '
' ဒါဆို ငါတို့အားလုံးတိုင်ပင်ပြီးတော့ အမြန်ဆုံး စောနယ်ဘက်ကို အလည်သွားဖို့ တိုင်ပင်ကြတာပေါ့ မကောင်းဘူးလား'
' ဘာပြောကောင်းမလဲကွာ … ကောင်တာပေါ့ '
' ကဝေဘုရင် ဦးမျိုးမြင့်ကြီးကတော့… ဖိုးချစ်ဆီမှာ ပညာတွေရှုံးပြီး စောနယ်ကနေပြေးလာရတယ် … ရန်ကုန်ရောက်လာတော့လဲ ဝိဥာဉ်မောင်ကျော်ကို ဒုက္ခပေးလို့ ငါတို့နဲ့တွေ့ပြီး အရူးဘဝကိုရောက်သွားရတယ် … တစ်ခါတစ်ခါကြတော့လဲ အတိတ်ကြောင်းတွေ ပြန်သတိရမိတယ်ကွ '
' ဟုတ်ပါပြီကိုတန်ခိုးရယ် … သတိရတာလဲရတာပေါ့ … ဆိုင်ကယ်လဲသေချာမောင်းဦး … အရှေ့နားမှာ လမ်းမီးတိုင်တွေ မရှိဘူးကွ … တိရစ္ဆာန်တစ်ကောင်ကောင် လမ်းဖြတ်ကူးလိုက်ရင် ငါတို့ပါဒုက္ခရောက်သွားလိမ့်မယ် '
' စိတ်ချပါကွ … ငါဆိုင်ကယ်မောင်းလာတာ … ဆယ့်သုံးနှစ်သားတည်းကပါ …'
အချိန်ကား ညနက်ချိန်သို့ရောက်ရှိတော့မည့် ည (၁၁:၃၀)အချိန်ပင်ဖြစ်သည်။ သူငယ်ချင်းဖြစ်သူ တန်ခိုးဖခင်၏ အလုပ်ကိစ္စတစ်ခုဖြင့် သူ့အား ပဲခူးဘက်သို့ စေခိုင်းလိုက်ပြီး ကျွန်ုပ်အား တန်ခိုးတစ်ယောက် အဖော်ဖြစ်လိုက်ပါလာစေရန် ခေါ်ဆောင်လာလေခဲ့သည်။ ပဲခူးမြို့မှ အလုပ်ကိစ္စပြီးသည်နှင့် ကျွန်ုပ်နှင့်တန်ခိုးနှစ်ဦးသား ညတွင်းချင်းပင်လျင် ရန်ကုန်သို့အရောက်ပြန်လာကြရင်း အဝေးပြေးလမ်းမပေါ်၌ မနှေးမမြန်ဆိုင်ကယ်အား မောင်းနှင်လာကြသည်။ ဆောင်းလေများ၏ လမ်းတစ်လျောက် တိုက်ခိုက်နေသည်က ဆိုင်ကယ်မောင်းနှင်နေသော ကျွန်ုပ်တို့အား အေးစက်ထုံထိုင်းလောက်အောင် ဖြစ်နေခဲ့သည်။ ခြေဖျားလက်ဖျားတို့၌ အေးစက်စက်အထိတွေ့ဟာ ဆောင်းဦးသို့ရောက်ရှိနေခဲ့ပြီးဟု အဓိပ္ပာယ်ဖော်ကြူးပြနေခဲ့မှာ အင်မတန်မှစိတ်ကြည်နူးစရာကောင်းလှသည်။
အဝေးပြေးလမ်းမတစ်လျောက် လမ်းမီးတိုင်များ စည်ကားစွာရှိနေခဲ့သော်လည်း အရှေ့၌လမ်းမီးတိုင်များ ပျက်တောက်နေခဲ့ပြီး အမှောင်ထုတစ်ခုအတွင်းသို့ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ ထိုကြောင့် တန်ခိုးအား ဆိုင်ကယ်သတိထားမောင်းနှင်ရန် ကျွန်ုပ်တစ်ယောက် မှာကြားခဲ့ရသေးသည်။ ဆိုင်ကယ်အား အရှိန်သတ်၍ အမောင်ထုအတွင်းသို့ ကျော်ဖြတ်လာပြီးသည့်နောက် လမ်းမီးတိုင်တစ်ခုအောက်တွင် ကျွန်ုပ်နှင့်တန်ခိုး မြင်တွေ့လိုက်ရသည်က
' အစ်ကိုတို့ … ကျွန်တော်တို့မှာပါလာတဲ့ လက်ဝတ်လက်စားတွေနဲ့ ပိုက်ဆံတွေကို ယူပါ … ကျွန်တော်တို့နှစ်ယောက်ကို ဘာမှမလုပ်ပါနဲ့ဗျာ '
' ဟားဟားဟားဟား … အမှိုက်ထဲက ရွှေပဲကွ … တစ်ချက်ခုတ် နှစ်ချက်ပျက် ဘုရားလဲဖူးရင် လိပ်ဥလေးလဲ တူလိုက်ရတာပေါ့ '
' ကျော်ခေါင် … ပစ္စည်းတွေရနေပြီပဲကွာ သူတို့နှစ်ယောက်ကို ချမ်းသာပေးလိုက်ပါ'
' တိတ်စမ်း ! . …ဒီကောင်လေးကိုတော့ ချမ်းသာပေးလိုက်မယ် … ဒီကောင်မလေးကိုတော့ ငါယူထားလိုက်မယ် '
' ခင်ဗျားဘာပြောတယ် … ကျွန်တော်တို့မှာပါလာတဲ့ ပစ္စည်းတွေလဲ ပေးပြီးပြီး … လူတွေကိုတော့ ချမ်းသာပေးပါဗျာ ဒုက္ခမပေးပါနဲ့ '
' တိတ်စမ် !… ဒုက္ခပေးမလို့ မဟုတ်ပါဘူးကွာ … ကောင်လေး … မင်းမသေချင်ရင် လစ်လိုက်တော့ … မင်းကောင်မလေးကိုတော့ ထားခဲ့ရမယ် '
' ဘာပြောတယ် … ဒါ ကျွန်တော့မိန်းမ မလုပ်ပါနဲ့ဗျာ … ကျွန်တော်တို့နှစ်ယောက်ကို ချမ်းသာပေးပါ'
' ဟာကွာ … စကားများတယ် ချကွာ'
မိမိ၏ချစ်သူကောင်မလေးအား ဆန်းထွန်းပိုင်တစ်ယောက် ခိုးပြေးလာခဲ့ပြီး လိုက်ပါစီးနင်းလာသည့် မိမိတို့အဝေးပြေးကားကြီးဟာ ပျက်လျက်သွားသည်ကြောင့် အဝေးပြေးလမ်းမအတိုင်း လျောက်လှမ်းလာရင်း အရှေ့သို့ခရီးဆက်ရန် လမ်းခုလပ်တစ်နေရာ၌ ချစ်သူနှစ်ဦးသား ရပ်နားနေခဲ့သည်။ လူကြီးသုံးဦးမှ မိမိတို့၏ရွှေငွေ လက်ဝတ်ရတနာများအား ဓားပြတိုက်တောင်းယူနေကာ ချစ်သူကောင်မလေးကိုပါ ထားရစ်ခဲ့ရန် ပြောဆိုနေခဲ့သည်။ မိမိ၏ ချစ်သူကောင်မလေးအား အင်မတန်မှ ချစ်မြတ်နိုးသည့် ဆန်းထွန်းပိုင်ဟာ ချစ်သူကောင်မလေးအား မထားရစ်ခဲ့နိုင် ထိုလူကြီးသုံးဦးအား တတ်နိုင်သမျှပြန်လည် တုန့်ပြန်တိုက်ခိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပြီး စတင်ထိုးကြိတ်လေတော့သည်။ သို့ပေမယ့် ဆန်းထွန်းပိုင်သာ အထိနာနေခဲ့ပြီး လူကြီးသုံးဦး၏ထိုးကြိတ်မှုဖြင့် မြေပြင်ပေါ်၌ လှဲချသွားခဲ့လေတော့သည်။
ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည်နှင့် တန်ခိုးတစ်ယောက်မှာတော့ မောင်းနှင်လာသည့် ဆိုင်ကယ်အား အရှိန်သတ်ရပ်တန့်လိုက်ပြီး စူးစိုက်စွာ အကဲခတ်ကြည့်နေခဲ့သည်။ လူငယ်လေးအား ထိုလူကြီးသုံးယောက်မှ အနိုင်ကျင့်နေသည်အား တန်ခိုးတစ်ယောက်ကြည့်မနေနိုင်တော့ပဲ ထိုအနားသို့ အရောက်သွားလိုက်ပြီး
' ရပ်လိုက်စမ်း ! … '
' အောင်မာ … ဘာလဲ သူခိုးလက်က တစ်ဝက်လုချင်တာလား'
' တိတ်စမ်း !… ခင်ဗျားတို့သုံးယောက်ကို ဒီအတိုင်းပြန်မလွတ်ပေးချင်ဘူး … ကျုပ်ဆုံးမပြီးမှ ပြန်လွတ်ပေးမယ် … ကောင်လေးရဲ့ ပစ္စည်းတွေပြန်ပေးလိုက်'
' ဘာ ! ဟားဟား …မင်းကဘာကောင်လဲ … ရဲလား '
' သိချင်ရင် စမ်းကြည့်လိုက်လေ '
ပျက်သားလှသည့်လေသံနှင့် ရင့်ကျက်လှသော စကားများအား တန်ခိုးတစ်ယောက် ပြောဆိုလိုက်ပြီး တန်ခိုး၏ိံပြောစကားများအား ကြားလိုက်ရသည့် ထိုလူသုံးယောက်မှာ တန်ခိုးအားစတင် တိုက်ခိုက်လေတော့သည်။ ခရာတေး ခန်းဝင်ခန်းထွက် သိုင်းပညာအား ကျွမ်းကျင်စွာတတ်မြောက်ထားသည့် တန်ခိုးတစ်ယောက်မှာတော့ ထိုလူသုံးဦးအား ကောင်းစွာဆုံးမ ရိုက်နှပ်နိုင်ခဲ့သည်။ ထိုလူသုံးဦး အထိနာနေခဲ့ပြီး အရှုံးပေးကာ မိမိတို့အားခွင့်လွတ်ပါဟု တောင်းပန်ပြောဆိုကာ အဝေးပြေးလမ်းမအပေါ်သို့ လာရာလမ်းအတိုင်းပြေးလေတော့သည်။
ထို့နောက် မြေပြင်ပေါ်၌ လဲကျနေသော လူငယ်လေးအား ချစ်သူကောင်မလေးမှ မှီတွဲထားခဲ့ပြီး ကျွန်ုပ်တို့၏ အနားသို့ ဖြေးညင်းစွာရောက်လာလေခဲ့သည်။
' ကျေး … ကျေးဇူးတင်ပါတယ်အစ်ကိုတို့ရယ် '
' မင်းတို့က ဘယ်သူတွေလဲ ဘယ်ကိုသွားကြမှာလဲ … အဝေးပြေးလမ်း ဒီလိုနေရာမျိုးမှာ လူသတ်မှုတွေ လူသေမှုတွေ ခဏခဏဖြစ်နေတာ မင်းတို့မကြားကြဘူးလား … ငါတို့ရောက်မလာရင် မင်းတို့နှစ်ယောက်ကတော့မလွယ်ဘူး '
' ဟုတ်ပါတယ်ရှင် … ကျေးဇူးတင်ပါတယ် ကေတို့နှစ်ယောက်က လူကြီးတွေ သဘောမတူလို့ ဒီနေ့မှခိုးပြေးလာကြတာပါ '
' ဟုတ် … ဟုတ်ပါတယ်အစ်ကိုတို့ရယ် ကျွန်တော့နာမည်က ဆန်းထွန်းပိုင်ပါ … ဒါကျွန်တော့ချစ်သူ ကေသရီပါ '
' ကျွန်တော်တို့နှစ်ယောက်က သာစည်နယ်ဘက်ကိုသွားမလို့ပါ … စီးလာတဲ့ကားပျက်သွားတာနဲ့ စိတ်မရှည်လို့ နောက်ကားတားစီးမလို့ လျောက်လာကြတာ … အဲ့ဒီလူတွေနဲ့ တွေ့တာပဲ … ပစ္စည်းပေးပြီးတာတောင် ကေ့ကိုရန်ရှာကြတယ် '
' တော်သေးတာပေါ့ကွာ … ငါတို့နဲ့တွေ့လို့ပေါ့ မဟုတ်လို့ကတော့ ဟူး … မလွယ်ဘူး '
' နေပါဦး ဒါနဲ့ သာစည်မြို့က တော်တော်ခေါင်တယ်နော် … မင်းတို့ဘာသွားလုပ်မှာလဲ '
' အရင်တုန်းက ကျွန်တော်တို့အိမ်မှာ ခြံစောင့်တဲ့ အဘတစ်ယောက်ရှိတယ် သူက အဲ့ဒီသာစည်မြို့မှာနေတာ အခုလောလောဆယ် သူ့ဆီကိုသွားမလို့ပါ … နောက်မှပဲ အဆင်ပြေသလို နေကြမယ်ဆိုပြီး စိတ်ကူးထားလို့ '
' မင်းကြည့်ရတာ … ဂုဏ်ကြီးရှင်အသိုင်းအဝိုင်းထဲကပဲ ဖြစ်မယ်ထင်တယ် '
' ဟုတ်ပါတယ်အစ်ကို … ကျွန်တော့် အမေနဲ့အဖေက ကေနဲ့သဘောမတူကြဘူး ကျွန်တော်က ဆေးတက္ကသိုလ်နောက်ဆုံး တတ်နေတာပါ '
' ဟုတ်ပါပြီ … ဂုဏ်ကြီးရှင်အသိုင်းဝိုင်းက ကောင်လေးနဲ့ အညတရချစ်သူကောင်မလေးတို့နှစ်ယောက် သက်ဆုံးတိုင်ပေါင်းဖတ်နိုင်ကြပါစေကွာ … '
'ဟော့ … ဟိုးမှာ မီးအရောင်တွေ့တယ် …ငါတို့ကားတားပေးလိုက်မယ် အဲ့ဒီကားနဲ့ မင်းတို့နှစ်ယောက် သာစည်ကားဂိတ်အထိ လမ်းကြုံလိုက်သွားကြ ဟုတ်ပြီလား'
' ကျေးဇူးတင်ပါတယ်အစ်ကိုတို့ရာ … ကျေးဇူးတင်ပါတယ်'
' ရပါတယ်ကွာ … အပန်းကြီးတာမှ မဟုတ်တာ …'
ဓားပြများ၏ထိုးကြိတ်ဒဏ်ရာများနှင့် ဆန်းထွန်းပိုင်ဟူသော ထိုလူငယ်လေးမှာ ကျွန်ုပ်နှင့်တန်ခိုအား လှိုက်လှဲစွာကျေးဇူးတင်စကား ပြောဆိုနေခဲ့ပြီး။ အရှေ့စူးစူးမှ ကားမီးရောင်အားတွေ့ရသည်ကြောင့် ထိုကားအား တားစီးပေးလိုက်ပြီး သာစည်မြို့ကားဂိတ်အထိသို့ အကူညီတောင်းပေးကာ စေလွတ်လိုက်လေတော့သည်။ သို့နှင့် ကျွန်ုပ်နှင့်တန်ခိုးသည်လည်း ချစ်သူနှစ်ဦးအား အကူညီပေးခဲ့ပြီး မိမိတို့၏အရှေ့ခရီးသို့ ဆက်လက်၍မောင်းနှင်လာကြတော့သည်။
မနက် (၂:၀၀)ခန့်၌ နေအိမ်သို့ပြန်လည်ရောက်ရှိလာကြပြီး မနက်လင်းသည်နှင့် ကျွနု်ပ်နှင့်အတူ သူငယ်ချင်းများ ဆုံဖြစ်ကြလေသည်။ ကျွန်ုပ်နှင့်တန်ခိုး ညမှအဖြစ်ပျက်များအား သူငယ်ချင်းဖြစ်သူများကို ပြန်လည်ပြောဆိုပြခဲ့ပြီး စောနယ်ဘက်သို့ ခရီးထွက်ကြရန် တိုင်မင်ပြောဆိုထားကြသည်။ ငါးယောက်စလုံး အဆင်ပြေစေမည့်ရက်အား ရွေးထားလျက် ထိုနေ့၌ ကျွန်ုပ်တို့နှင့် ဆုံတွေ့ခဲ့ဘူးသော ဒုတိယမြောက် စင်္ကြာမင်းသားလေးဟု ခေါ်တွင်စေသော စောနယ်မှ ဖိုးချစ်ဆီသို့ အလည်သွားကြမည်ဖြစ်သည်။
****
( တရုတ်နိုင်ငံတွင်ဖြစ်သည်)
တရုတ်နိုင်ငံ၏ လူဦးရေနည်းပါးသော နယ်မြို့လေးတစ်မြို့အား ထိုနိုင်ငံ၏ စီးပ္ပားရေးလုပ်ငန်းရှင်တစ်ဦးမှ ပေ၁၀၀ခန့်အကျယ်အဝန်းရှိ မြေကွက်လပ်အား ဝယ်ယူခဲ့သည်။ ထိုဒေသမှာ လူနေခေါင်၍ နေထိုင်သူ များပြားစွာမရှိသေးချေ။ ထို့ကြောင့် မြို့သစ်တည်ဆောက်ရန် အစပျိုးနေခဲ့ပြီး။ လုပ်ငန်းရှင်ထိုသူဌေးဟာ ဝယ်ယူလိုက်ခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ထ်ုမြေနေရာ၌ လူသုံးကုန် ကုန်ပစ္စည်းတစ်ခုခုအား ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည်ဖြစ်သည်။ ပေ၁၀၀မြေကွက်လပ်အား စက်ရုံတည်ဆောက်ရန်အတွက် ကျွမ်းကျင်သူများနှင့် တိုင်ပင်ခဲ့ပြီး စတင်တည်ဆောက်ရန် အကောင်အထည်ဖော်လေတော့သည်။
' ဆရာ … ဒီမြေကြီးအောက်မှာ တစ်ခုခုရှိနေတယ် … ကျွန်တော်တို့ဆက်တူးလို့ မရတော့ဘူး'
' ဟုတ်တယ်ဆရာ … အောက်မှတစ်ခုခုရှိနေတယ် '
' ဟင် … ဟုတ်လို့လား သေချာတူးကြည့်စမ်းပါဦး'
' ဟုတ်တယ်ဆရာ … ဒီနားတစ်ဝိုက်တူးလို့မရဘူး ဒီဘေးပတ်ပတ်လည်မှာကြတော့ရတယ် '
' ကဲဟုတ်ပြီ … မြေတူးစက်သမား ဒီနားကိုလာဟေ့ '
ဖောင်ဒေးရှင်းပြုလုပ်ရန် အလုပ်သမားအမြောက်များအား ကိုယ်ဆီအလုပ်ပေးထားခဲ့ပြီး အင်ဂျီနီချုပ်အား အလုပ်သမားလေးများမှ ထိုနေရာတစ်ဝိုက်တွင် မြေးကြီးအား ဆက်တူ၍မရ အောက်၌မာကျောသော အရာတစ်ခုခုရှိနေသည်ဟု ဆိုကြသည်။ ထို့ကြောင့် လူအင်အားဖြင့် မရသည်ကြောင့် စက်ဖြင့်ထိုနေရာအား စတင်ထူးဆွလေရာ ထိုအခါ မြေအောက်၌ အလျား(၈)ပေခန့်ရှိပြီး အနံအားဖြင့် (၄)ပေကျော်ကျော်မျှရှိသော ရှေးဟောင်း ကျွန်းဖြင့်ပြုလုပ်ထားသည့် အခေါင်းကြီးတစ်ခုအား တူးဖော်ရရှိလေတော့သည်။
' ဟင် … သေတ္တာကြီးက အကြီးကြီးပါလား'
' အထဲမှာဘာတွေ ရှိနေလဲမသိဘူး '
' ဖယ်ကြစမ်း … ဟင် … ဒါသေတ္တာမှမဟုတ်တာ … ရှေးဟောင်းအခေါင်းကြီးပဲ '
' ဗျာ … ဘယ်လိုဆရာ '
' ဟုတ်တယ် … ဒါရှေးတရုတ်လူမျိုးတွေရဲ့ လုပ်လေ့လုပ်ထရှိတဲ့ ပုံစံပဲ သူဌေးတစ်ဦးဦး သေဆုံးသွားလို့ မြှုတ်ထားခဲ့တဲ့ နေရာပဲဖြစ်ရမယ်'
' အထဲမှာ ဘာရှိလဲမသိဘူး … ကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ်ဆရာ '
' ဟိုး … မလုပ်နဲ့ ဒီမြေကွက်ပိုင်ရှင်ကို အရင်အကြောင်းကြားပြီးမှ သူ့သဘောအတိုင်းလုပ်မှဖြစ်မယ်'
' ဟေ့ … ဟိုတစ်ယောက် ဦးရှောင်ဖိန်းကို တစ်ချက်လောက်ခေါ်ပေးပါ … အင်ဂျင်နီယာချုပ်က ခေါ်ခိုင်းလိုက်တာလို့ ပြောပေးပါ'
' ဟုတ်ကဲ့ဆရာ '
ထိုကျွန်းအခေါင်းကြီးမှာ နှစ်ကာလ အတန်ကြာနေပြီဖြစ်သော်လည်း မြေကြီးအမှုံများကြားမှ ကျွန်သားများဟာ ပြောင်တင်းနေခဲ့ပြီး အသစ်အတိုင်းသာလျင် မပျက်မဆီးရှိနေသေးသည်။ ထူးဆန်းစွာဖြင့် မြေအောက်မှ တူးဖော်ရရှိလာသော ထိုကျွန်းအခေါင်းကြီးအား စိတ်ဝင်တစားဖြစ်ကြပြီး အလုပ်သမားလေးများမှာ ဖွင့်ချင်နေကြသော်လည်း အင်ဂျင်နီယာချုပ်မှာ ခွင့်မပြုချေ။ ထိုမြေပိုင်ရှင် သူဌေးအား အကြောင်းကြားစေခဲ့ပြီး။ ခဏအကြာ၌ သူဌေးကြီးရှောင်ဖိန်းရောက်ရှိလာကာ
' ဟေး … လူစုစုနဲ့ဘာဖြစ်နေကြတာတုန်း '
' သြော် … ဦးရှောင်ဖိန်း … ခင်ဗျားမြေကွက်ထဲကနေ ဒီကျွန်းအခေါင်းကြီးကို ကျွန်တော်တို့တူဖော်ရထားတယ်'
' ဟင် … ဟာ … ကျွန်း … ကျွန်းအခေါင်းကြီးပါလား'
' ဟုတ်တယ် … ဒီနေရာမှာ အရင်ကသင်္ချိုင်းတည်ခဲ့တာလား'
' မဟုတ်ဘူးဗျ … ဒီနေရာမှာ အရင်တုန်းက သစ်တောပဲရှိနေခဲ့တာ … ကျုပ်သေချာစုံးစမ်းပြီးမှ ဒီမြေနေရာကို ဝယ်ခဲ့တာပဲ … ကျုပ်အထင် ဒီအခေါင်းကြီးက ဒဏ်ယာရီမှတ်တမ်းတွေမှာ ဖော်ပြထားတဲ့ သက်ဝင်ဖုတ်ကောင်ရဲ့ အခေါင်းဆိုတာများလား'
' ဟင် … ဘယ်လို '
မြေအောက်မှ တူးဖော်ရရှိထားသော ကျွန်းအခေါင်းကြီးအား စူးစိုက်ကြည့်နေခဲ့ပြီး ခေါင်းအား တစ်ဆက်ဆက်ငြိမ့်နေလျက် ဦးရှောင်ဖိန်း၏နှုတ်မှ ရုတ်တရက်ထိုသို့ စကားသံထွက်ပေါ်လာခဲ့သည်ကြောင့် လူအများ စိတ်ဝင်တစားဖြစ်သွားကြသည်။ ထို့နောက် ဦးရှောင်ဖိန်းမှာ အမူယာပျက်နေသည့် ဟန်အား ပြင်ဆင်လိုက်ပြီး အများမသိစေချင်သောကြောင့်
' အော် … ဟားဟား … ဟိုလေ သရဲကားတွေ အထဲကလိုမျိုးများလားလို့ ပြောတာပါ '
' ဟာဗျာ … ကျုပ်တို့က မကောင်းမှတ်လို့ နားထောင်နေတာ '
' ကဲကဲ … ဘာမှမဟုတ်ဘူး … ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြ … '
' ဦးရှောင်ဖိန်း … ဒါကြီးကိုဘယ်လိုလုပ်မလဲ '
' ကျုပ်အိမ်ကိုပို့ပေးကြဗျာ … ညနေ လုပ်အားခနဲ့ မုန့်ဖိုးပေါင်းပေးမယ် ဟုတ်ပြီလား '
' ဟုတ်ပြီ … ဒီကောင်တွေက ပိုက်ဆံသာပိုရမယ်ဆိုရင် ဘာမှဆိုလုပ်ပေးကြမှာပါ … '
' ကျေးဇူးပဲ အင်ဂျင်နီယာချုပ်ကြီး … ကျုပ်စိတ်ချမယ်နော် '
' ဟုတ်ကဲ့ဦးရှောင်ဖိန်းစိတ်ချပါ'
တရုတ်နိုင်ငံ၏ သူဌေးစာရင်းဝင် ဦးရှောင်ဖိန်းမှာ ဒဏ်ယာရီမှတ်တမ်းများအား စိတ်ဝင်တစား လေ့လာထားသူတစ်ယောက်ဖြစ်ပြီး ထိုကျွန်အခေါင်းကြီးအား မြင်တွေ့လိုက်သည်နှင့် မိမိ၏မိတ်ဆွေဖြစ်သော မြန်မာနိုင်ငံသုတေသနပညာရှင် ဦးသိပ္ပလည်း တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသည်ကြောင့် မိတ်ဆွေဖြစ်သူအား မိမိ၏နေအိမ်သို့ ဖိတ်ခေါ်စေခဲ့ပြီး ထိုကျွန်းအခေါင်းကြီးအကြောင်းအား တိုင်ပင်ပြောဆိုကြရန် ချိန်းဆိုထားခဲ့သည်။
ညနေဆောင်းသည်နှင့် အင်ဂျင်နီယာချုပ်ကြီးဦးဆောင်သော အဖွဲ့ဟာ ထိုကျွန်းအခေါင်းကြီးအား ဦးရှောင်ဖိန်း၏ နေအိမ်သို့ ဝိုင်းဝန်းပို့ဆောင်ပေးလေခဲ့သည်။ မကြာခင်အချိန်၌ပင် မိမိ၏မိတ်ဆွေဖြစ်သော မြန်မာနိုင်ငံသုတေသနပညာရှင် ဦးသိပ္ပနှင့်အတူ သူ၏တပည့်နှစ်ရောက်ရှိလာခဲ့ပြီး
' မိတ်ဆွေကြီး … ကျန်းမာပါရဲ့လား '
' ဦးရှောင်းဖိန်းမတွေ့ရတာတောင် သုံးနှစ်လောက်ရှိပြီးနော် ခင်ဗျားကတော့ နုပျိုနေဆဲပဲ'
' ဟားဟားဟား … ကျေးဇူးတင်ပါတယ်ဗျာ … တရုတ်ပြည်ကိုလာတဲ့ ရည်ရွယ်ချက်ကရော အရင်လို သုတေသနအတွက်ပဲလား '
' ဒါပေါ့ဗျ … ကျုပ်ရဲ့သုတေသနလုပ်ငန်းတွေ မြန်မာပြည်မှာ အောင်မြင်ကျော်ကြားနေခဲ့ပြီလေ … ခင်ဗျားလည်း ကျုပ်ဆီကိုလာလည်ပါဦး ရေနွေးကြမ်းပူပူလေး အတူတူသောက်ကြတာပေါ့'
' ကျေးဇူးတင်ပါတယ်ဗျာ … အခုဆောက်လက်စ စက်ရုံပြီးတာနဲ့ မြန်မာနိုင်ငံကို ကျုပ်လာလည်ဦးမှာပါ '
' လာခဲ့ဗျို့ … ဦးရှောင်ဖိန်းကို ကျုပ်အမြဲတမ်း မျှော်နေပါ့မယ် … သြော် … ဒါနဲ့ကျုပ်ကို တကူးတက ချိန်းလိုက်တာ အကြောင်းကိစ္စရှိလို့လား '
' ရှိတယ်ဗျ … ခင်ဗျားက သုတေသနပညာရှင်ဆိုတော့ ကျုပ်ထက်ရှေးကျတာတွေ နားလည်လိမ့်မယ်နဲ့ထင်တယ် … လာ … ကျုပ်ပြစရာရှိတယ် '
တရုတ်ဘာသာစကားအား နားမလည်နိုင်သော မြန်မာနိုင်ငံသုတေသနပညာရှင် ဦးသိပ္ပ ၏တပည့်နှစ်ဦးမှာတော့ ကြောင်တောင်တောင်ဖြစ် ကျန်နေခဲ့ပြီး။
တရုတ်သူဌေးကြီးဦးရှောင်ဖိန်းမှာ ဦးသိပ္ပအားနှစ်ကိုယ်ကြားခေါ်ဆောင်စေကာ မြေအောက်မှတူးဖော်ရရှိထားသည့် ကျွန်းခေါင်းကြီးထားရာဆီသို့ လိုက်လံပြသလေသည်။
' ဟင် … အခေါင်းကြီးပါလား '
' ဟုတ်တယ်ဗျ … ကျုပ်မြေကွက်ထဲကနေ အလုပ်သမားလေးတွေ တူးဖော်ခဲ့တာ … ဒီအခေါင်းကြီးကြည့်ရတာ နှစ်မနည်းတော့ဘူးနဲ့ထင်တယ် … ဦးသိပ္ပရော ဒီအခေါင်းကြီးကို ဘယ်လိုမြင်လဲ'
' ရှေးတရုတ်တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ကျွန်းအခေါင်းနဲ့မြေမြှုပ်ထားတာဆိုတော့ ဒါ … တော်ရုံတန်ရုံဖြစ်မယ်လို့တော့ မထင်ဘူးဗျ … ပြီးတော့ အခေါင်းကြီးကလဲ အခုထိအသစ်အတိုင်းပဲရှိနေသေးတယ်'
' ဟုတ်တယ် ကျုပ်လဲ ဒဏ်ယာရီမှတ်တမ်းတော်တော်များများကို လေ့လာဘူးတယ် တရုတ်ပြည်ရဲ့ မှတ်တမ်းတွေအထဲက သက်ဝင်ဖုတ်ကောင်ကို ထည့်ပြီးမြှုပ်ထားတယ်ဆိုတဲ့ ကျွန်းအခေါင်းကြီးများလား.… !'
' ဟင် … ဘယ်လို သက်ဝင်ဖုတ်ကောင်ကို ထည့်မြှုတ်ထားတဲ့အခေါင်း ဟုတ်လားမိတ်ဆွေဦးရှောင်ဖိန်း'
' ဟုတ်တယ်ဗျ … လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀)ဝန်းကျင်က တရုတ်ပြည်မှာ သွေးစုတ်ဖုတ်ကောင် သောင်းကြမ်းခဲ့ဘူးတယ် … လူတော်တော်များများလဲ အသတ်ပေးလိုက်ရတယ် … ဖုတ်ကောင်က ဘုရင့်သားတော်ဗျ … ဘုရင်က သူ့သားတော်ကို ချစ်လွန်းလို့သေတဲ့အထိ မစွန့်ပစ်ရက်ဘူးလေ … ဆေးရည်စိမ်ပြီး မပုတ်မသိုးအောင် လုပ်ထားခဲ့တယ် … မှော်နက္ခသင့်တဲ့ညမှာပဲ အဲ့ဒီဆေးရည်စိမ်ထားတဲ့ အလောင်းကို တရုတ်အယူအဆနဲ့ သရဲဘုရင်လို့ခေါ်ကြတဲ့ ဖုတ်သရဲဝင်ကပ်တယ် '
' အဲ့ဒီအချိန်က စပြီး သွေးစုပ်ဖုတ်ကောင်စင်စစ်ဖြစ်သွားခဲ့တာပဲ… ဆိုးတာက အဲ့ဒီဖုတ်ကောင် သွေးစုပ်လိုက်တဲ့ လူတွေက သေသွားကြပြီး သုံးရက်ကြာတာနဲ့ သေသွားတဲ့လူတွေပါ အဲ့ဒီဖုတ်ကောင်အတိုင်း သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲလာကြတယ် သူတို့တွေကို ချက်ချင်းမီးရှို့ပစ်မှရတယ်… တော်တော်လေး နိမ်နင်းလိုက်ရတယ်လို့ ကျုပ်ဖတ်ဘူးတာပဲ ဒဏ်ယာရီလိုလို ပုံပြင်လိုလိုဖြစ်နေတော့ သေချာမယုံရဲဘူးဗျ'
' အင်း … ဦးရှောင်ဖိန်းပြောပုံအရဆိုရင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ် … ပိုသေချာအောင် ကျူပ်တို့ဖွင့်ကြည့်ကြမလား '
' ဟင် … ဟာ … ဟာဗျာ … မလုပ်ပါနဲ့ တော်ကြာ အားလုံးဒုက္ခရောက်ကုန်ပါဦးမယ် '
' ဦးရှောင်ဖိန်းက အဲ့ဒီဒဏ်ယာရီမှတ်တမ်းအထဲမှာ ရေးထားတဲ့ အကြောင်းတွေကို ယုံလို့လား '
' ယုံတယ်လို့တော့လဲ မဟုတ်ဘူးပေါ့ဗျာ … အဲ့ဒီဖုတ်ကောင်ကို မှော်နဲ့လုပ်ထားတဲ့ ကျွန်းအခေါင်းကြီးထဲမှာ မှော်ဆရာတွေပူးပေါင်းပြီး မြေမြှုတ်လိုက်မှ အဲ့ဒီသွေးစုပ်ဖုတ်ကောင် ဇာတ်သိမ်းသွားရတယ်လို့ သိထားရတယ်ဗျ … နောက်ပြီး အဲ့ဒီဖုတ်ကောင်အပေါ်ကို သွေးလေးတစ်စက်ကျတာနဲ့ အသက်ပြန်ဝင်လာနိုင်တယ်လို့ အဆိုတွေရှိထားကြတယ်'
' ဟားဟားဟား … ဦးရှောင်ဖိန်းကလဲဗျာ … ကျုပ်တို့ကလေးဘဝတုန်းက ကြည့်ဘူးတဲ့ သရဲကားတွေလိုမျိုးပေါ့ဟုတ်လား '
' အင်း … အဲ့ဒီလိုလဲ ဆိုလိုရတယ် … ဘာပဲဖြစ်ဖြစ် ဒီအခေါင်းကြီးကို ကျုပ်သက်ဆိုင်ရာကိုပဲ အပ်လိုက်တာ ကောင်းမယ်နဲ့တူတယ် '
' ဟင် … ဟာဗျာ … အဲ့ဒီလိုမလုပ်ပါနဲ့ ဒီအထဲမှာ ဘာရှိလဲဆိုတာ ကျုပ်ဖွင့်ကြည့်မယ် တကယ်လို့ အထဲမှာခင်ဗျားပြောတဲ့ ဖုတ်ကောင်သာရှိနေရင် ခင်ဗျားကိုကြိုက်ဈေးပေးပြီ သုတေသနလုပ်ဖို့အတွက်ုမြန်မာနိုင်ငံကို ကျုပ်ဝယ်သွားမယ် '
' ဟင် … ဟဲဟဲ '
စီးပ္ပားရေးသမားပီပီ ငွေစကားအား ကြားလိုက်ရသည့် ဦးရှောင်ဖိန်းဟာ ထူးဆန်းသည့်အရာမှန်သမျှ သုတေသနပြုလုပ်ချင်သူ ဦးသိပ္ပ၏စကားအား ကြားလိုက်ရသည်နှင့် ချက်ချင်းပင်လျင် အမူယာပြောင်းလဲသွားကာ
'ဒါဆိုရင်တော့ တစ်မျိုးစဉ်းစားကြတာပေါ့လေ '
' ဘာမှစဉ်းစာမနေနဲ့ဦးရှောင်ဖိန်း … ခင်ဗျားပြောတဲ့ ဖုတ်ကောင်သာ ဒီအခေါင်းထဲမှာရှိနေရင် ဈေးသာခေါ်လိုက် သုတေသနလုပ်ဖို့အတွက် ကျုပ်ဝယ်ပြီးသားပဲ '
' ကောင်းပြီး ဒီအခေါင်းကြီးကို ဖွင့်လိုက်ရုံနဲ့တော့ ဘာအန္တရယ်မှမရှိနိုင်ဘူးလို့ ကျုပ်ထင်တယ် ဘယ်တော့ဖွင့်ကြမလဲ '
' အခုပဲ … '
သို့နှင့် ဦးရှောင်ဖိန်း၏နေအိမ် ဂိုဒေါင်အတွင်း၌ ထားရစ်စေခဲ့သော ကျွန်းအခေါင်းကြီးအား ဦးသိပ္ပတစ်ယောက် စတင်ဖွင့်ရန် ပြုလုပ်လေတော့သည်။
' ဆရာ အခေါင်းကြီးကို ဘာလုပ်ဖို့လဲ '
' ဖွင့်မလို့ ! … '
' ဗျာ …'
' ဟုတ်တယ် … ဦးရှောင်ဖိန်းဆီကနေ ကြိုက်ဈေးပေးပြီး ငါဝယ်ထားလိုက်ပြီး '
' ဟင် … ဟာဗျာ ဆရာကလဲ ဝယ်စရာရှားလို့ ဒီလိုအရာကြီးကိုမှ ဝယ်ရတယ်လို့ဗျာ '
' ထင်ခ … မင်းမသိရင် အသာနေစမ်း … ဒီအခေါင်းကြီးထဲမှာ ရှေးဟောင်းရတနာတွေရှိတယ်လို့ တရုတ်မှတ်တမ်းတွေမှာ ငါဖတ်ဘူးတဟ် … ဦးရှောင်ဖိန်းက အထဲမှာသွေးစုပ်ဖုတ်ကောင် ရှိတာလောက်ပဲသိထားတာ … အဲ့ဒါကြောင့် အဲ့ဒီအခေါင်းကြီးကို ငါဝယ်လိုက်တာပဲ '
' ဟင် … ဗျာ … ဘယ် … ဘယ်လိုဆရာ အထဲမှာသွေးစုတ်ဖုတ်ကောင်ရှိတယ် ဟုတ်လား '
' ဟုတ်တယ် … မစိုးရိမ်ကြနဲ့ ဒါပေမယ့် ဖွင့်ကြည့်ရုံနဲ့တော့ ဘာမှမဖြစ်လောက်ဘူး … အထဲမှာ ဖုတ်ကောင်ရှိနေရင် ငါပြောတဲ့ ရတနာတွေရှိနေတာ သေချာပြီ '
' ဒါဆို ကျုပ်တို့တွေ မြန်မာနိုင်ငံကို ပြန်သယ်သွားကြမှာလား ဆရာ '
'အေး … လောလောဆယ် ငါသိထားတဲ့ ဖုတ်ကောင်ရဲ့အခေါင်း ဟုတ် မဟုတ် ဖုတ်ကောင်ရှိ မရှိ ဖွင့်ကြည့်ဖို့လိုတယ် ငါပြောတဲ့အခေါင်းသာဖြစ်နေရင် ဒီတစ်သက်ငါတော့ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်ပြီးပဲ'
တရုတ်ဘာသာစကားဖြင့် ဆရာဖြစ်သူ မြန်မာနိုင်ငံသုတေသနပညာရှင်ဦးသိပ္ပနှင့် တရုတ်သူဌေးကြီးရှောင်ဖိန်း နှစ်ဦးသားပြောစကားများအား တပည့်နှစ်ဦးဖြစ်သူ ထင်ခနှင့်ဒီပတို့မှာ နားမလည်နိုင်ချေ။ ထို့ကြောင့် ဆရာဖြစ်သူမှာ သေချာစွာရှင်းလင်းပြောဆိုပြခဲ့ပြီး ညတွင်းချင်းပင်လျင် ထိုကျွန်းအခေါင်းကြီးအား စတင်ဖွင့်ရန်လုပ်ဆောင်ကြလေတော့သည်။
***
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
်ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ ရေးသားသည်)
Post Top Ad
Responsive Ads Here
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment