စာမပေါ်သူများအတွက် ဦးစားပေးရေးသားလိုက်သော
ကျောင်းတော်ကြီးမှ အချုပ်ကျ
ဝိဥာဉ်များ
(ဖြစ်ရပ်ဆန်းကြယ်)
စာရေးသူ - ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်)
ဘကြီးအောင်ရဲ့ ပြောပြချက်
တစ်နေ့တစ်သ၌ ကျွန်ုပ်သည်
ကျွန်ုပ်နေထိုင်ရာ မြို့နယ်ဖြစ်သော မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်ထဲမှ ကိုဟန်စိုးရဲ့ရွှေအိုး လက်ဖက်ရည်ဆိုင်လေးအတွင်း၌ တစ်ကိုယ်တည်းထိုင်လျက် သောက်နေကြဖြစ်သော ပေါ့စိမ့်လက်ဖက်ရည်တစ်ခွက်အား ကိုဟန်စိုးကိုယ်တိုင်ပင်လျင် လာရောက်ချပေးခဲ့ပြီး စီးကရက်တစ်ပွဲအား မှာယူခါ ဇိမ့်ကျကျထိုင်မည်ဟု ကြံရွယ်ထားခဲ့သည်။ ထိုဆိုင်လေးဟာ အင်မတန်မှ လေဝင်လေထွက်ကောင်းပြီး ဆိုင်ရှင်အညာသား ကိုဟန်စိုးသည်လည်း အလွန်ပင်သဘောကောင်းသည်ကြောင့် ထိုဆိုင်လေးဟာ လူသူမပျက်အမြဲရှိနေတတ်သည်။ ထိုနေ့ဟာ ကျွန်ုပ်အဖို့ အားလက်သောနေ့ရက်လေးပင် ဖြစ်သည်ဟု သတ်မှတ်ထားနိုင်သည်။ ထို့ကြောင့် ညနေဆောင်းချိန်ဖြစ်ပြီး အချိန်အားဖြင့် မွန်းလွဲ(၃)နာရီကျော်မျှ ရှိနေခဲ့သည်။ ထိုအချိန် ကိုဟန်စိုးဆိုင်ဟာ လူသူနည်းပါးသေးသည်။ ထို့ကြောင့် စိတ်ကူးယဉ်သမားဖြစ်သည့် ကျွန်ုပ်အဖို့ အချိန်ကောင်းလေးပင်ဖြစ်ချေသည်။
စီးကရက်တစ်လိပ်အား မီးညှိလျက် ခပ်ပျော့ပျော့ရှိုက်စေရင်း အဝေးသို့မျော်ကြည့်နေမိ၏။ လူသွားလူလာဟန်ပန်းများအား ကျွန်ုပ်လေ့လာနေရင်း ဇာတ်လမ်းကောင်းတစ်ပုဒ်အား ဖန်တီးနိုင်ရန်အကောင်ထည်ဖော်မည်။ ထိုအချိန် ကျွန်ုပ်၏ဘေးဝိုင်းသို့လယ်ကုတုံးအကျီအဖြူများနှင့် ခန့်ခန့်ညားညား လူကြီးသုံးဦးရောက်ရှိလာပြီး ကျယ်လောင်သော စကားသံတစ်ချို့ကြားလိုက်ရသည်။ တည်ငြိမ်သောစိတ်အား မွေးမြူထားသည့် ကျွန်ုပ်အဖို့ ယောက်ယပ်ခတ်သွားစေပြီး ထိုလူကြီးသုံးဦးအား မျက်မှောင်ကြုတ်လျက် ကျွန်ုပ်ကြည့်မိချေသည်။ သို့သော် ထိုလူကြီးသုံးဦးမှာမူ ကျွန်ပ်အား ဖုတ်လေသည့်ငပိ ရှိလေသည်တောင် မထင်ထား ပြောလက်စ စကားများကိုပင်လျင် ကျယ်လောင်စွာဆက်လက်ပြောဆိုနေခဲ့ပြီး…
ထိုလူကြီးသုံးဦးထံမှ စကားသဲ့သဲ့ ကြားလိုက်ရသည်က
ခင်ဗျားအမှူသည်ကတော့ ခင်ဗျားကိုတော်တော်လေး ကျေးဇူးတင်နေမှရှာမှာပဲ
အေးဗျာ … မရှိပါဘူးဆိုမှ အကုသိုလ်ကတတ်သေးတယ်လေ သူတို့လဲ သနားပါတယ် အဲ့ဒီအမျိုးသမီးတစ်ယောက်တည်းရဲ့ လုပ်စားနဲ့ မှီခိုစားသောက်နေရတာ
တော်တော်ရက်စက်တဲ့သူတွေဗျာ … ကန်တော့ပါစေရဲ့ နားနဲ့မနာ မဖဝါးနဲ့သာ နာပါတော့ ဒီကိစ္စအချိန်ခဏလေးအတွက်နဲ့များ ဒီလိုအမှု့မျိုးကို ကျူးလွန်းရတယ်လို့ တကယ်ပဲဗျာ
ဟုတ်တယ်ကိုယ့်လူတို့ရေ အသတ်ခံရတဲ့ အမျိုးသမီးက အေးအေးဆေးဆေးနေတတ်တာ သူ့မိသားစုကို သူပဲလုပ်ကျွေးနေရှာတာ ဟော့့ဟော့ရမ်းရမ်းလည်းမရှိဘူး
ဒါနဲ့နေပါဦးဗျ ဘယ်လိုကနေ ဘယ်လိုစဖြစ်ကြတာတုန်း
စက်ရုံရှင်ပိုင်ရှင် ကိုရီယားသူဌေးပေါ့ ကောင်မလေးကို ခဏခဏရိသဲ့သဲ့လုပ်နေတာကြာပြီး အလုပ်သမားတွေကလဲ သတိထားမိကြတယ် … အခင်းဖြစ်တဲ့နေ့က ကောင်မလေးကိုသူ့ရုံးခန်းထဲ ခဏလာပါဦးဆိုပြီး အဓမ္မကြံသတ်ပစ်ခဲ့တာ ပြီးတော့ သူ့မန်နေဂျာနဲ့ နှစ်ယောက်တူတူ အလောင်းကိုဖျောက်ပစ်ထားတယ်လေ အဲ့ဒီက အလုပ်သမားတွေ ပြောပုံအရ ကောင်မလေးရဲ့ ဝိဥာဉ်က အဲ့ဒီစက်ရုံအိမ်သာအနောက်မှာပဲ ရှိနေတာဖြစ်မယ် အဲ့ဒီကောင်မလေးပျောက်ပြီးတဲ့နောက်ပိုင်း အိမ်သာတတ်တဲ့ လူမှန်သမျှ သရဲအခြောက်ခံရတယ်ဆိုပြီး ပြောကြတယ် … နောက်တော့ ဘယ်သူမှ အိမ်သာတောင် မတတ်ရဲကြတော့ဘူး all night (ညပိုင်းအလုပ်ချိန်)ကျတဲ့ အလုပ်သမားလေးတွေကလဲ ညဘက်ဆိုရင် မွန်မြင့်(သေဆုံးသူ အမျိုးသမီး) ကို စက်ရုံထဲမှာ ရိပ်ခနဲ ဖြတ်ခနဲ တွေ့တွေ့နေတယ်လို့ ပြောကြတယ် … အဲ့ဒီကောင်မလေး ပျောက်နေတာ တစ်ရုံလုံးလဲ သိနေတယ် … သူ့မိဘတွေကလဲ အတွေ့ကြုံမရှိဘာမရှိဆိုတော့ ရဲစခန်းမှာလူပျောက်တိုင်တာလဲ မရှိဘူး … စက်ရုံသူဌေးကလဲ သူတော်ကောင်းယောင်ဆောင်ပြီး ငွေကြေးထောက်ပံ့ပေးနေတယ်လေ ပြီးတော့ ကောင်မလေးပျောက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မတိုင်မတောဖို့ ပြောတယ် … နောက်တော့ ကောင်မလေးဝိဥာဉ်က စက်ရုံမှာရှိတဲ့ သူ့သူငယ်ချင်းတွေဆီကို အကူညီတောင်းတယ် ဒါပေမယ့် လစ်လျုရှုပြီးဘယ်သူမှ အကူညီမပေးရဲကြဘူး သရဲခြောက်တယ်ပဲထင်နေတာ နောက်တော့မှ အလုပ်သမားလေးတစ်ယောက်ကို ဝိဥာဉ်ပူးပြီး သူအသတ်ခံထားရပါတယ်လို့ ပြောတော့တာပဲ အဲ့ဒီအခါကျမှ စက်ရုံကအလုပ်သမားတွေ စုပေါင်ပြီး သက်ဆိုင်ရာကို တိုင်ကြတာ
တော်တော်ယုတ်မာတဲ့သူဗျာ အခုရော အဲ့ဒီလူကို သတ်ဆိုင်ရာက ဘာအပြစ်ပေးလိုက်ပြီလဲ
လူသတ်မုဒိန်း အလောင်းဖျောက် စွဲချက်တွေနဲ့ ကြိုးမိန့်ပေးလိုက်ပြီး
ကောင်းတယ် …
ကျန်သေးတယ်ကိုယ့်လူရေ မသေမချင်းကြိုးမိန့်ပြီးတော့ ဝိဥာဉ်ကို ထောင်ဒဏ်အနှစ်(၂၀)ချသေးတယ်
လူယုတ်မာတွေ ကောင်းတယ် အဲ့ဒီလိုထိထိရောက်ရောက် အရေးယူပစ်ရမှာ
ကြားလိုက်ရသည့် စကားများကိုပင် ကျွန်ုပ်တစ်ယောက် မသိမသာ နားထောင်နေမိရင်း လွန်စွာဒေါသထွက်မိ၏။ ကျွန်ုပ်၏ ဇာတ်လိုက်ကျော်များဖြစ်သော ဇာတ်ကောင်ငါးယောက်နှင့်များ ထိုလူယုတ်မာများကို ပေးတွေ့လိုက်ချင်သေးသည်။ ထိုလူကြီးသုံးဦးတည်းမှ အမှုကြောင်းအား အကြောင်းစုံရှင်းပြနေသူသည် တရားလိုပြရှေ့နေ တစ်ဦးသာလျင်ဖြစ်စေနိုင်သည်။ ထို့နောက် ထိုသူသုံးဦးသည်လည်း ဆိုင်လေးအတွင်း၌ အတန်ကြာထိုင်ပြီးသည့်နောက် ထွက်ခွာသွားခဲ့ပြီး ကျွနိုပ်၏စိတ်အတွင်း၌ ဘဝမကျနိုင်သော စကားတစ်ခွန်းအား ရင်၌ ရှိနေခဲ့သည်။ ထိုစကားဟာ ရှေ့နေကြီးပြောသွားသော မသေမချင်းကြိုးမိန့်ပြီးလျင် ဝိဥာဉ်အား ထောင်ဒဏ်အနှစ်(၂၀)ဟူသော စကားပင်ဖြစ်ချေသည်။
ထိုစကားကြောင့် ကျွန်ုပ်ဘဝင်မကျနိုင်။ ကြားခဲ့ရဘူးသည်။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး ငယ်စဉ်တောင်ကျေးကလေးဘဝက သို့သော် တိတိကျကျမသိခဲ့ရချေ။ ထိုအကြောငိးနှင့်ပတ်သတ်၍လည်း သတိမထားမေ့မျောနေခဲ့သည်မှာ အတန်ကြာခဲ့ပြီး။ ယခုထိုလူကြီးသုံးဦးထံမှ ထိုစကားအား ကြားလိုက်ရသည်ကြောင့် ကျွန်ုပ်တစ်ယောက် ထိုအကြောင်းနှင့်ပတ်သတ်ပြီး တိတိကျကျလေ့လာသိရှိချင်သည်။ ထို့ကြောင့် ကိုဟန်စိုးအား ပိုက်ဆံရှင်းစေခဲ့ပြီး ညနေ(၄)နာရီကျော်မျှ ကျွန်ုပ်အိမ်ပြန်ကာ ရေးမိုးချိုးပြီးသည်နှင့် (ည)ရပ်ကွက် ဧရာ(၁၅)လမ်းတွင်ရှိသော ကျွန်ုပ်၏ ဘကြီးတော်စပ်သူထံသို့ အရောက်သွားစေခဲ့သည်။ ဘကြီးသည် ကျွန်ုပ်အားမြင်လျင် မြင်ချင်း
ဟ … ငါတူကြီး … ထူးထူးခြားခြား ငါ့ဆီလာလည်လို့ပါလား ဧကန်န မင်းမှာသိချင်စရာ အကြောင်းတစ်ခုခုတော့ရှိပြီနဲ့တူတယ်
ဘကြီးကတော့လေ ထီးကလေးရဲ့ဘကြီးလို့ ပြောစရာမလိုအောင်ပဲ အကဲခတ်သိပ်တော်တယ်
ဘကြီးအောင်ဟာ ကျွန်ုပ်အမေနှင့် အစ်ကိုအရင်းတော်စပ်သူ တစ်ဦးဖြစ်ပြီး အသက်အားဖြင့် (၆၃)နှစ်မျှရှိနေခဲ့သည်။ စိတ်ပျိုကိုယ်နု ဘကြီးအောင်အဖို့ အသက်အားဖြင့် (၆၀)ကျော်သော်လည်း လူငယ်လူရွဟ်များနှင့် ပျော်ပျော်ပါးပါးနေတတ်သည်ကြောင့် အချိန်ပြည့် ဘကြီးအောင်ဟာ နုပျိုနေလေဆဲပင်။ ကျွန်ုပ်နှင့်လည်း တူကြီးအရင်းအချာတော်စပ်စေပြီး သူငဟ်ချင်းကဲ့သို့ သဘောထားကာ အမြဲတစေ နောက်ပြောင်နေလေ့ရှိသည်။ ယခုအခါတွင်လည်း ဘကြီးအောင်၏ပြောစကားကြောင့် ကျွန်ုပ်သည်လည်း ရွှတ်နောက်နောက်လေသံဖြင့် ပြန်လည်ပြောဆိုခဲ့ရသည်။
ထီးလေး … မင်းမလဲ ပျောက်ချက်သားကောင်းနေလိုက်တာ ဘာတွေလုပ်နေတုန်း
ကြီးကြီးရေ … နိုင်ငံကျော်စာရေးဆရာကြီးဖြစ်ချင်လို့ ကြိုးစားနေတုန်းဗျ
အေး … ဝါသနာကတော့ ကောင်းတယ် မင်းအဖေနဲ့ငါ့ယောင်းမက မင်းကိုစီးပ္ပားရေးပဲလုပ်စေချင်တာလေ ပြီးတော့မင်းအရွယ်က အိမ်ထောင်ပြုလို့ရနေပြီ ငွေရှာ ချစ်သူရှာတော့
ဟုတ်တယ်ကြီးကြီးရ ဒါပေမယ့် ကျွန်တော်ကစီးပွားရေးထက် စာရေးတဲ့အလုပ်ကိုပဲ လုပ်ချင်တယ် ဒီတစ်သက်သက်လဲ မိန်းမမယူတော့ပါဘူးဗျာ ထီးကလေးက ဒီပုံစံဒီအတိုင်းပဲနေမယ် ဒါကို ကြိုက်တဲ့မိန်းကလေးရှိတယ်ဆိုရင်တော့ တစ်မျိုးစဉ်းစားတာပေါ့ သူတို့ကြိုက်အောင်လို့ ငွေရှာ အလှပ အဲ့ဒါတွေတော့ ထွေထွေထူးထူးလုပ်မနေတော့ဘူးကြီးကြီးရာ … မိန်းမမယူရင် အဖေသလို … တစ်ကိုယ်လုံးကို ရွှေကွပ်ထားလို့ရတယ်တဲ့ဗျ
ဟားဟား … ဒါကြောင့် မောင်မြင့်သိန်းက ပြောတာကို မင်းကအပြောကောင်းတော့ ဆုံးမရဲ့ခက်တယ်တဲ့ ကဲပါ … မင်းဘကြီးဆီ လာရင်းအကြောင်းလေးပဲ ဆက်ပြောကြ … ကြီးကြီးလက်ဖက်သွားသုတ်ပေးမယ် မင်းလဲထမင်းစားပြီးမှ အေးဆေးပြန်
စိတ်ချကြီးကြီးရေ … ကြီးကြီးရဲ့ လက်ရာမစားရတာကြာပြီးဗျ စားဦးမှာ
အဒေါ်တော်စပ်သူ ဘကြီးအောင်၏ ဇနီး ကျွန်ုပ်၏ကြီးတော်ပင်ဖြစ်ချေသည်။ ငယ်လင်ငယ်မယားဖြစ်သော်လည်း မည်သူ ချို့ယွင်းသနည်းမသိ။ ယခုအချိန်ထိ ကလေးမရနိုင်။ အသွင်တူ အိမ်သူဖြစ်၏ိံ။ တယ်လည်း မှန်ပေ၏။ ကြီးကြီးဟာလည်း ပျော်ပျော်နေတတ်သူ တစ်ယောက်ဖြစ်ပြီး ကျွန်ုပ်အားလည်း သားအရင်တစ်ယောက်ကဲ့သို့ ငယ်စဉ်ကတည်းမှ ထိန်းကျောင်းခဲ့သူတစ်ယောက်ဖြစ်သည်။ ယခုလည်း နီးလျက်နဲ့ဝေး မဆုံနိုင်လို့ဆွေးဟူ၍ ဆိုရလေမလား ။ နီးနီးလေးနှင့် ဘကြီးအိမ်သို့မရောက်ဖြစ်သော ကျွန်ုပ်အားကြီးတော်မှာ ဖော်ရွေစွာဆက်ဆံစေသည်။ ထို့နောက်ဘကြီးအောင်နှင့် စကားလက်ဆုံကြနေရင်း ကြီးတော်လာရောက်ချပေးသည့် ရေနွေးကြမ်းအား အသင့်ရှိနေသည့် ခွက်အတွင်းသို ကျွန်ုပ်ငဲ့လိုက်ရင်း ဘကြီးအောင်ဆီသို့ ဦးစွာလှမ်းပေးချေသည်။ သို့နှင့်ဘကြီးအောင်ဟာ
ဆိုစမ်းပါဦး ငါတူကြီးရ … ဒါနဲ့မင်းက ဘာအကြောင်းသိချင်လို့ လာမေးရတာတုန်း
အကြောင်းကတော့ အရင်တစ်ခေါက်ကလိုပဲ ဘကြီးရေ … အရင်တစ်ခေါက်က ဘကြီးသင်္ချိုင်းရွေ့တဲ့အကြောင်း ပြောပြခဲ့တယ်လေ အခုမေးမှာက ရာဇဝဏ်မှု့အကြီးကြီးတွေ ကျူးလွန်တဲ့တရားခံတွေကို သေဒဏ်ပေးပြီး ဝိဥာဉ်ကို ထောင်ဒဏ်ပါချတယ်ဆိုတဲ့ အကြောင်း
ဟေး … အင်း … ပရလောက ပရလောက တယ်လဲဆန်းကြယ်ပါလားနော်
ကျွန်ုပ်၏စကားဆုံး ဘကြီးအောင်ဟာ သူ၏ဟန်ဖြစ်သော နဂါးနီးဆေးပေါလိပ်အတိုအား မီးညှိလျက် တစ်ဖွာမျှရှိုက်ရင်း လေသံခပ်လေးလေးဖြင့် အဝေးသို့မျှော်ကြည့်လျက် ပြောထွက်လာခဲ့၏။ ထို့နောက် ခေါင်းအားတစ်ဆက်စက်ငြိမ့်လျက် ကျွန်ုပ်ထင်၏ိံ ဘကြီးအောင်ဟာ ငယ်ဘဝဆီသို့ တစ်ကျော့ပြန်လည် ရောက်ရှိသွားလေပြီ။ ကျွန်ုပ်အား သွားမပေါ်သည့်အပြုံးဖြင့် စိုက်ကြည့်လျက်ပြုံးလိုက်ပြီး
အင်း … ငါ့တူကြီးကတော မေးလိုက်ရင် အစမ်းတွေချည်းပဲ အေးကွ … ပြစ်မှုအကြီးကြီးတွေ ကျူးလွန်တဲ့ရာဇဝဏ်သားတွေကို သေဒဏ်ပေပြီးတော့ ဝိဥာဉ်ကိုပါ အချုပ်ချတယ်ဆိုတာ တကဟ်ရှိတာပေါ့ကွ
လွန်းခဲ့တဲ့ နှစ်ပေါင်း(၃၅)နှစ်ဝန်းကျင်လောက်က ဘကြီးဝန်ထမ်းဘဝနဲ့ သာယာဝတီဘက်မှာ တာဝန်ထမ်းဆောင်ရတယ် ရာထူးကတော့ ထောင်မှူးပေါ့လေ ဘကြီးက အလုပ်ကြိုးကြိုးစားစားလုပ်ခဲ့တယ် အဲ့ဒါကြောင့်လဲ တကယ်လုပ်ရင် တကယ်ဖြစ်လို့ ဘကြီးအသက်(၂၉)နှစ်လောက်မှာ ထောင်မှူးကြီးရာထူးရခဲ့တယ် အဲ့ဒီအချိန်တုန်းက မင်းကြီးကြီးနဲ့တောင် ဘကြီးမညားသေးဘူး လူပျိုဘဝတုန်းကပေါ့ လူသတ်မုဒိန်း အလောင်းဖျောက် ပြီးတော့ အဲ့ဒီကာလတုန်းကဆို သာယာဝတီဘက်မှာ လူဆိုးလူမိုက် တအားပေါတာ … မြို့နာမည်ကသာ သာယာဝတီမြို့ တကယ်တမ်းကြတော့ အမြဲတမ်း ရာဇဝဏ်မှုတွေနဲ့ပြည့်နေခဲ့တာပဲ မိုးသီ … အဲ့ဒီလူက အသက်(၅၀)လောက်ရှိပြီ တစ်ချိန်တုန်းက ဓားပြဘိုပေါ့ … လူသတ်၊ ဓားပြတိုက်၊ အဓမ္မကြံ တော်တော်ဆိုးဆိုးရွားတွေ လုပ်ခဲ့တာ နောက်တော့ လူကောင်းဘဝရောက်ပြီး သာသနာပြုနေတဲ့အချိန်ကြမှ အဖမ်းခံရတာပဲ
အဲ့ဒီလူကို အရင်မကောင်းမှုတွေနဲ့ သက်ဆိုင်ရာက အရေးယူခဲ့တယ် ပြစ်မှုကတော့ သေဒဏ် ဒါတင်မကသေးဘူး … ဝိဥာဉ်ကိုပါ … ထောင်ဒဏ်(၇)နှစ်ချခဲ့တယ် ဘကြီးကလဲ ထောင်မှူးပေါက်စဆိုတော့ ဝိဥာဉ်ကိုထောင်ချတဲ့ အဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ဖူးသေးဘူး … မိုးသီးကိုသေဒဏ်ပေးပြီး ဝိဥာဉ်ကိုထောင်ချတဲ့ အလှည့်ကြတော့ ဘကြီးကထောင်မှူးဖြစ်နေပြီ အဲ့ဒီမှာ သတ်ဆိုင်ရာရဲအရာရှိတစ်ယောက် ရောက်လာပြီး မိုးသီးကိုကြိုးမိန့်ပေးခဲ့တဲ့ ကြိုးကွင်းရယ် ပြီးတော့ သူ့အဝတ်အစား အနွမ်းလေးတစ်ထည်ရယ် လာပေးတယ် … သူ့ကိုဝိဥာဉ်အချူပ်ခန်းထဲ ထည့်ထားပေးပါ …
အဲ့လိုပြောတယ် … ဘကြီးလဲ သင်တန်းဆင်းအတွေ့ကြုံလေးနဲ့ သီးသန့်ဝိဥာဉ်အချုပ်ခန်းထဲမှာ အဲ့ဒီပစ္စည်းအကုန်လုံး ထည့်ထားခဲ့တယ် … သူတို့ကလဲ လူတွေလိုပဲ တန်စီးဆိုတာရှိတယ် … ဝိဥာဉ်ဘဝနဲ့ ထောင်သက်တော်တော်များများ ချခံရတဲ့ ဝိဥာဉ်ကပဲ အချင်းချင်း နိုင်ငံတော်အမိန့်နဲ့ ပြန်အုပ်ချူပ်ခိုင်းထားတာ တန်းစီးကလဲ ဆိုးတယ် … အဲ့ဒီဝိဥာဉ်တန်းစီးက ထောင်မှူးတစ်ယောက်တည်းကိုပဲကြောက်တယ် … ဝန်ထမ်းအသစ်လေးတွေပေါ့ … သူတို့ဆိုရင် နေ့လည်ဘက် အချုပ်ခန်းဘက်ကို ကိစ္စတစ်ခုခုနဲ့သွားပြီးဆိုရင် ခဏခဏအခြောက်ခံရတယ် … ဝိဥာဉ်တွေကတော့ စနောက်တာပဲဖြစ်မယ် … သူတို့ကိုလဲ အဲ့ဒီလိုမခြောက်လန့်ဖို့ ထောင်မှူးက ခြိမ်းခြောက်ပြောရတယ် … မရရင် ကြိုးကွင်းနဲ့အဝတ်ကို ကျိန်ဒဏ်ပေးရတယ် … အဲ့ဒီလိုဆုံးမမှ သူတို့ကလဲ ကြောက်တာမောင်ရေ …
မောင်ထူးဆိုတဲ့ ရဲဘတ်ဝန်ထမ်းလေးဆိုရင် ခုနှစ်ရက်လောက် ဖျားသွားရှာတယ် … ဝိဥာဉ်အချုပ်ခန်းဘက်ကို ဘကြီးက ကိစ္စတစ်ခုနဲ့ ခိုင်းလိုက်တယ် … ပြီးတော့ ဘကြီးလဲ အလုပ်ကိစ္စတွေပေါ်လာတာနဲ့ ခိုင်းထားတဲ့ မောင်ထူးကိုမေ့နေတယ် ညနေစောင်း ဘကြီးအိမ်ပြန်ခါနီးမှ မောင်ထူးကို သတိရတာနဲ့ အချုပ်ခန်းဘက်သွားကြည့်တော့ မိုးသီးရဲ့ အချုပ်ခန်းအရှေ့မှ မျက်လုံးကြီးပြူးပြီး မေ့နေတယ်လေ ဘယ်လိုအရာမျိုးကို မြင်သွားရတယ်ဆိုတာတော့ အခုချိန်ထိမောင်ထူးကို မေးလို့မရသေးဘူး မနည်းနှာနှပ်ယူခဲ့ရတယ် … အလုပ်ပါထွက်တော့မယ်လို့ မောင်ထူးတစ်ယောက်ဖြစ်သွားတဲ့ အထိပဲ … တရားခံကတော့ မိုးသီးပေါ့လေ ဘကြီးလဲ ကျိန်ဒဏ်ပေးခဲ့ရသေးတယ် … အကောင်အထည်တော့မတွေ့ရဘူး ကြိုးကွင်းကိုရိုက်လိုက် အဝတ်ကိုရိုက်လိုက်နဲ့ ပါးစပ်ကလဲ မာန်ပါပါနဲ့နောက်တစ်ခါ မလုပ်ဖို့ပြောရတယ် … သုံးလေးရက်လောက် ဘကြီးရိုက်ပြီးတဲ့အထိ အချုပ်ခန်းနံရံမှာ ကျိန်ရာတွေက မပျောက်နိုင်ဘူး ထူးဆန်းတာတစ်ခုက ဘကြီးကျိန်းဒဏ်နဲ့ရိုက်တုန်းက ကြိုးကွင်းနဲ့အဝတ်ကိုပဲ ရိုက်ခဲ့တာ … ဒါပေမဟ့် ဒဏ်ရာတွေက အချုပ်ခန်းနံရံမှာ သွားပေါ်နေတယ် … အဲ့ဒါကတော့ ဘကြီးကိုယ်တွေ့ပဲဟေ့
သူတို့လွတ်ရက်ရောက်ပြီးဆိုရင်လည်း တော်ရုံတန်ရုံ ဝန်ထမ်းတွေကလဲ မြင်ရတဲ့အချုပ်သားတွေကိုလောက်ပဲ ဂရုစိုက်ကြတာပေါ့ ဝိဥာဉ်အချုပ်သားတွေကိုတော့ ဂရုမစိုက်မိဘူး အဲ့ဒီအခါကျရင် သူတို့ကလဲ သူတို့လွတ်ရက်ကိုသိတယ် … အချုပ်သံတိုင်တွေကို တရက်ဆက်ခေါက်ပြီး အသံပေးနေတာ ဆူညံနေတာပဲ သွားကြည့် ဘာမှမမြင်ရဘူး ဒါပေမယ့် အသံကတော့ကြားနေရတယ် ဟိန်းဟောက်လဲမရတော့ဘူး ဒါဆိုသေချာပြီး လွတ်ရက်စေ့လို့ပဲ စာအုပ်သွားကြည့်လိုက်ရင် အသံပေးနေတဲ့ အခန်းနံပါတ်နဲ့ လွတ်ရက်နဲ့က ကွက်တိကျနေပြီး။ လွတ်ရက်ရောက်ရင် သူတို့မိသားစုကို အကြောင်းကြားပြီး အဝတ်ကလေးကို ပြန်ပေးရတယ် မိသားစုက ရေစက်ချ အမျှပေးလို့ရအောင် အဲ့ဒီမှာထူးဆန်းတာက နှစ်ပေါင်းဘယ်လောက်ပဲ ကြာသွားပါစေ အချုပ်ခန်းထဲထည့်ထားတဲ့ အဝတ်ကတော့ လွတ်ရက်အထိ ပိုးကိုက်ရာ မှဲ့တစ်ပေါက်တောင်မစွန်းပဲ ရှိနေတုန်း … ဒီလောက်အချုပ်ခန်းထဲမှာ ခြင်၊ယင်၊ကြွက်တွေပေါတာ အကိုက်ရာတစ်ခုမှ မရှိဘူး ပြောရရင် အချုပ်ခန်းထဲကို စထည့်တုန်းကအတိုင်းပဲ … တစ်ချို့ကြတော့ မိသားစုမရှိကြဘူး အဲ့ဒီလိုဝိဥာဉ်တွေကြတော့ လွတ်ရာကျွတ်ရာသွားပါဆိုပြီး ဘကြီး(ထောင်မှူး)ကိုယ်တိုင် သွားပစ်ပေးရတယ် … အဲ့ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)ကျော်တုန်းကပေါ့ အခုဝိဥာဉ်အချုပ်သားတွေကိုတော့ ဘယ်လိုထိန်းချုပ်လဲဆိုတာ ဘကြီးတော့မသိတော့ဘူး။
ဒီဖြစ်ရပ်တွေကိုကြည့်မယ်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ ပရလောကဆိုတာ တကယ်ရှိတယ်ဆိုတဲ့ သက်သေတွေပြနိုင်တာပဲဟေ့ …
(၁၉၈၀ ဝန်းကျင်မှ ဘကြီးအောင်၏ ထောင်မှူးကြီးဘဝ ပရလောကအတွေ့ကြုံများ)
****
စာရေးသူ- ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post Top Ad
Responsive Ads Here
အချုပ်ကျဝိဥာဉ်များ
Share This
Tags
# ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Share This
About Unknown
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment